Zephaniah (1/3) → |
1. | ယုဒရှင်ဘုရင်အာမုန်သား ယောရှိမင်းလက် ထက်၊ ဟိဇကိ၊ အာမရိ၊ ဂေဒလိတို့မှ ဆင်းသက်သော ကုရှိ၏သား ဇေဖနိသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ |
2. | ပြည်တပြည်လုံး၌ ရှိလေသမျှတို့ကို အကုန် အစင် ငါသုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့် တော်မူ၏။ |
3. | လူနှင့်တိရစ္ဆာန်တို့ကို ပယ်ရှင်းမည်။ မိုဃ်း ကောင်းကင်ငှက်နှင့် ပင်လယ်ငါးတို့ကို၎င်း၊ အဓမ္မလူတို့ နှင့်တကွ ပြစ်မှားစရာအကြောင်းတို့ကို၎င်း ငါပယ်ရှင်း မည်။ မြေတပြင်လုံး၌ရှိသော လူသတ္တဝါတို့ကိုလည်း ငါ ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
4. | ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့ကို ငါတိုက်၍၊ ဤအရပ်၌ ကျန်ကြွင်းသော ဗာလဘုရား၏ တပည့်တို့နှင့် ယဇ်ပုရောဟိတ်အမျိုးမျိုးတို့ကို၎င်း၊ |
5. | ကောင်းကင်တန်ဆာများကို အိမ်မိုးပေါ်မှာ ကိုးကွယ်သောသူ၊ ထာဝရဘုရားနှင့် မာလခံဘုရားကို တိုင်တည်လျက် ကျိန်ဆိုကိုးကွယ်သော သူတို့ကို၎င်း၊ |
6. | ထာဝရဘုရား၏နောက်တော်သို့မလိုက်၊ ဆုတ် သွားသောသူ၊ ထာဝရဘုရားကို မရှာဖွေ၊ မမေးမြန်းသော သူတို့ကို၎င်း ငါပယ်ရှင်းမည်။ |
7. | အရှင်ထာဝရဘုရား၏ရှေ့တော်၌ ငြိမ်သက်စွာ နေကြလော့။ ထာဝရဘုရား၏နေ့နီးပြီ။ ထာဝရဘုရား သည် မိမိယဇ်ပွဲတော်ကို ပြင်ဆင်၍၊ ပွဲဝင်သော သူတို့ကို သန့်ရှင်းစေတော်မူပြီ။ |
8. | ထာဝရဘုရားပွဲခံတော်မူသော နေ့၌ မင်းများ၊ ဆွေတော်မျိုးတော်များနှင့် ထူးခြားစွာ ဝတ်သောသူများ အပေါင်းတို့ကို ငါစစ်ကြောမည်။ |
9. | သူတပါး၏အိမ်တံခါးခုံကို ကျော်၍ အနိုင် အထက်ပြုခြင်း၊ လှည့်စားခြင်းအားဖြင့်ရသော ဥစ္စာနှင့် မိမိသခင်၏ အိမ်ကို ပြည့်စေသောသူအပေါင်းတို့ကိုလည်း ထိုနေ့၌ ငါစစ်ကြောမည်။ |
10. | ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုနေ့၌ ငါးတံခါးဝမှာ အော်ဟစ်သံကို၎င်း၊ ဒုတိယမြို့၌ ငိုကြွေး မြည်တမ်းသံကိုင်း၊ တောင်ရိုး၌ ပြင်းစွာချိုးဖျက်သံကို၎င်း ကြားရ၏။ |
11. | မတ္တေရှအရပ်သားတို့၊ ငိုကြွေးမြည်တမ်းကြ လော့။ ကုန်သည်အပေါင်းတို့သည် ပြတ်ကြပြီ။ ငွေကို ဆောင်သောသူအပေါင်းတို့သည် ဆုံးကြပြီ။ |
12. | ထိုကာလ၌ ငါသည် မီးခွက်ကို ကိုင်၍ ယေရုရှ လင်မြို့ကို စစ်ကြောမည်။ ထာဝရဘုရားသည် ကျေးဇူးကို လည်းမပြု၊ အပြစ်ကိုလည်း မပေးဟု အောက်မေ့လျက်၊ မိမိတို့အနည်အဖတ်ပေါ်၌ နေရာကျသော သူတို့ကို ငါစစ်ကြောမည်။ |
13. | ထိုသူတို့၏ဥစ္စာကို သူတပါးလုယူ၍၊ သူတို့၏ နေရာသည် လူဆိတ်ညံလျက် ရှိလိမ့်မည်။ အိမ်ကို ဆောက်သောလည်း မနေရကြ။ စပျစ်ဥယျာဉ်ကို စိုက် သော်လည်း စပျစ်ရည်ကို မသောက်ရကြ။ |
14. | ထာဝရဘုရား၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင် အမြန်လာ၏။ ထာဝရဘုရား၏ နေ့သိတင်းသည် နား၌ ခါး၏။ ထိုနေ့၌ သူရဲသည် အော်ဟစ်လိမ့်မည်။ |
15. | ထိုနေ့သည် အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန် ခြင်းကို ခံရသောနေ့၊ သုတ်သင်ပယ်ရှင်းဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုဃ်းအုံ၍ ထူထပ် သောမှောင်မိုက်ဖုံးလွှမ်းသောနေ့၊ |
16. | ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်တို့တဘက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာနေ့ဖြစ်၏။ |
17. | သူတို့သည် ထာဝရဘုရားကို ပြစ်မှားသော ကြောင့်၊ သူတို့ကို ငါညှဉ်းဆဲသဖြင့် မျက်စိမမြင်သော သူကဲ့သို့သွားကြလိမ့်မည်။ သူတို့အသွေးကို မြေမှုန့်ကဲ့သို့ သွန်း၍ အသားကိုလည်း မစင်ကဲ့သို့ မှတ်ကြလိမ့်မည်။ |
18. | ထာဝရဘုရား အမျက်ထွက်တော်မူသော နေ့၌ သူတို့ရွှေငွေသည် သူတို့ကို မကယ်တင်နိုင်ရာ။ ဒေါသ အမျက်တော်မီးသည် တပြည်လုံးကို လောင်လိမ့်မည်။ ပြည်သူပြည်သားအပေါင်းတို့ကို အလျင်အမြန် စီရင်၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။ |
Zephaniah (1/3) → |