← SongOfSongs (8/8) |
1. | ကိုယ်တော်သည် ကျွန်မ၏ မိခင်နို့ကိုစို့သော မောင်ရင်းကဲ့သို့ ဖြစ်စေချင်ပါ၏။ သို့ဖြစ်လျှင်၊ ကျွန်မ သည် ပြင်မှာတွေ့၍ နမ်းပါလိမ့်မည်။ သူတပါးမကဲ့ရဲ့ရ။ |
2. | ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည်ဆေးရောသော စပျစ်ရည် နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော် မူပါစေမည်။ |
3. | သခင်၏ လက်ဝဲလက်သည် ငါ့ခေါင်းကိုထောက် မလျက်၊ လက်ျာလက်သည် ငါ့ကိုဘက်လျက် နေတော် မူပါစေ။ |
4. | ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော်၌ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါ့မှာထာ၏။ |
5. | မိမိချစ်ရာသခင်၌ မြှောင်၍တောထဲက လာ သောထိုသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ |
6. | ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။ |
7. | သို့ရာတွင်၊ ရေများတို့သည် မေတ္တာကို မသတ် နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်။ လူသည် မိမိအိမ်၌ ရှိသမျှသော ပစ္စည်းဥစ္စာတို့ကို မေတ္တာဘို့ပေးချင်သော် လည်း၊ အလွန်တရာမထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည်။ |
8. | ငါတို့၌ ညီမငယ်တယောက်ရှိ၏။ သူသည် သားမြတ်မပေါ်သေး။ ထိုညီမကို တောင်းသောအခါ၌၊ သူ့အဘို့အဘယ်သို့ ပြု့ရပါမည်နည်း။ |
9. | သူသည်မြို့ရိုးဖြစ်လျှင်၊ သူ့အပေါ်မှာငွေပြအိုးကို ဆောက်မည်။ တံခါးဖြစ်လျှင် အာရဇ်ပျဉ်ပြားဖြင့် ခိုင်ခံ့ စေမည်။ |
10. | ငါသည်မြို့ရိုးဖြစ်၏။ ငါ့သားမြတ်တို့သည် ပြအိုး ကဲ့သို့ ဖြစ်ကြ၏။ သို့ဖြစ်၍၊ ရှေ့တော်၌ မျက်နှာရသော ကျေးဇူးရှိ၏။ |
11. | ဗာလဟာမုန်ပြည်၌ ရှောလမုန်မင်း၏ စပျစ် ဥယျာဉ်တဆူရှိ၏။ ဥယျာဉ်စောင့်တို့၌ ငှါးသဖြင့် သူတို့ သည် အသီးကို စားရသည်အတွက် ငွေတထောင်စီ ဆက်ရကြ၏။ |
12. | ငါပိုင်သောစပျစ်ဥယျာဉ်သည် ငါ့ရှေ့မှာရှိ၍၏။ အိုရှောလမုန်၊ ငွေတထောင်ကို ကိုယ်တော်အားဆက်၍ အသီးသီးစောင့်သော သူတို့သည် နှစ်ရာကိုယူရကြ၏။ |
13. | ဥယဉ်တို့၌နေသောသူ။ သင်၏စကားသံကို သင်၏ အပေါင်း အဘော် တို့သည် နားထောင် တတ်ကြ၏။ ငါသည်လည်းကြားပါရစေ။ |
14. | အလျင်အမြန် ကြွလာတော်မူပါ၊ ငါချစ်ရာ သခင်။ နံ့သာတောင်ပေါ်မှာ သမင်ဒရယ်သငယ်ကဲ့သို့ ပြုတော်မူပါ။ ငါသည် ရှောက်ချိုပင်အောက်မှာ သင့်ကို နိုးဆော်ခဲ့ပြီ။ ထိုအရပ်၌ သင်၏မိခင်သည် သင့်ကို ပေးစားခဲ့ပြီ။ ထိုအရပ်၌ သင့်ကို ဘွားမြင်သောသူသည် သင့်ကို ပေးစားခဲ့ပြီ။ ရှောလမုန်မင်းကြီးသည် ခရစ်တော်နှင့်အသင်းတော်၏ မေတ္တာကိုကြောင်းပြု၍ စီရင်ရေးထားသော သီချင်းစာပြီး၏။ |
← SongOfSongs (8/8) |