← SongOfSongs (2/8) → |
1. | ကျွန်မသည် ရှာရုန်အရပ်နှင့်ဆီးပွင့်၊ ကွင်းပြင် ပေါက်သော နှင်းပွင့်မျှသာဖြစ်ပါ၏။ |
2. | ဆူးတောထဲမှာ နှင်းပွင့်ထင်သကဲ့သို့၊ ငါချစ် သောသတို့သမီးသည် လူမျိုးသမီးစုထဲမှာထင်ပေ၏။ |
3. | တောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာ သခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ၏အရိပ်ဝယ် ပျော်မွေ့နေထိုင်၍၊ မြိန်စွာသော အသီး ကို စားရ၏။ |
4. | ပွဲခံရာအိမ်သို့ ငါ့ကိုဆောင်သွား၍၊ မေတ္တာတော် အလံကို ငါ့အပေါ်မှာ မိုးတော်မူပြီ။ |
5. | ငါသည်ချစ်ခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍၊ ငါ့ကိုစပျစ်သီးပျဉ်နှင့် အားဖြင့်ကြပါ။ ရှောက်ချိုသီးကို ကျွေး၍သက်သာ စေကြပါ။ |
6. | သင်၏ လက်ဝဲဘက်သည် ငါ့ခေါင်းကို ထောက် မလျက်၊ လက်ျားလက်သည် ငါ့ကိုဘက်လျက်နေတော် မူပါစေ။ |
7. | ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော၌ ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါမှာထား၏။ |
8. | ငါချစ်ရာသခင်၏စကားသံပေ။ ကြည့်ပါ။ တောင်ကြီးတောင်ငယ်တို့ကို ခုန်ကျော်လျက်ကြွလာ၏။ |
9. | ငါချစ်ရာသခင်သည် သမင်ဒရယ် သငယ်နှင့် တူ၏။ ကြည့်ပါ။ အုတ်ရိုးပြင်မှာရပ်တော်မူ၏။ ပြတင်း ပေါက်ဝတွင် ကြည့်လျက်၊ ပြတင်းရွက်ကြားမှာ ကိုယ်ကို ပြလျက်နေတော်မူ၏။ |
10. | ငါချစ်ရာ သခင်သည် ခေါ်၍ပြောသည်ကား၊ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။ |
11. | ဆောင်းကာလလွန်ပြီ။ မိုဃ်းလည်းကြည်လင်ပြီ။ |
12. | မြေကြီးပေါ်မှာ ပန်းများ ပွင့်ကြပြီ။ ငှက်တို့ မြည်တွန်ချိန်လည်း ရောက်လေပြီ။ ငါတို့မြေ၌ ချိုးငှက် တွန်သံကိုလည်း ကြာရ၏။ |
13. | သင်္ဘောသဖန်းပင်သည် စိမ်းသောအသီးကို မှည့်စေ၏။ စပျစ်နွယ်ပင်လည်း ပွင့်လျက်မွှေးကြိုင်၏။ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။ |
14. | တောင်ပေါ်၌ ခိုလှုံရာကျောက်ကြားတွင် ရှိသော ငါ၏ချိုးငှက်၊ သင်၏မျက်နှာကိုမြင်ပါရစေ။ သင်၏စကား သံကို ကြားပါရစေ။ သင်၏စကားသံသည် ချို၏။ သင်၏ မျက်နှာလည်း လှ၏။ |
15. | စပျစ်နွယ်ပင်တို့ကို ဖျက်လတံ့သော မြေခွေးများ နှင့် မြေခွေးကလေးများကို ငါတို့ကို ဘမ်းကြလော့။ ငါတို့ စပျစ်နွယ်ပင်တို့သည် အပွင့်ပွင့်လျက်ရှိကြ၏။ |
16. | ငါချစ်ရာသခင်ကိုငါဆိုင်ပေ၏။ ငါ့ကိုလည်း သခင်ဆိုင်ပေ၏။ နှင်းတော၌ ကျက်စားတော်မူ၏။ |
17. | မိုဃ်းမသောက်၊ မှောင်မိုက်အရိပ်မပြေးမှီ၊ ငါ ချစ်ရာသခင်၊ ဗေသာတောင်ပေါ်မှာ သမင်ဒရယ်သငယ် ကဲ့သို့ တဖန်ပြုတော်မူပါ။ |
← SongOfSongs (2/8) → |