SongOfSongs (1/8) → |
1. | သီချင်းတကာတို့တွင် အထွဋ်ဖြစ်သော ရှော လမုန်သီချင်း။ |
2. | သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကို နမ်းပါးစေ။ ကိုယ်တော်၏မေတ္တာသည် စပျစ်ရည်ထက် သာ၍ ကောင်းပါ၏။ |
3. | ကိုယ်တော်၌ မွှေးကြိုင်းသော နံ့သာဆီကဲ့သို့၊ နာမတော်သည် သွန်းလောင်းသောနံ့သာဆီဖြစ်ပါ၏။ ထိုကြောင့်သတို့သမီးကညာတို့သည် ကိုယ်တော်ကိုချစ်ကြ ပါ၏။ |
4. | ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။ |
5. | အိုယေရုရှလင်မြို့သမီးတို့၊ ငါသည်ကေဒတဲ ကဲ့သို့ မည်သေအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ ကုလားကာကဲ့သို့ တင့်တယ်သေး၏။ |
6. | ငါသည်နေပူကိုခံ၍ မည်းသောအဆင်းရှိသော ကြောင့်၊ ငါ့ကိုမကြည့်ရှုကြပါနှင့်။ ငါ့မိခင်၏သားသမီးတို့ သည် ငါ့ကို မနာလိုသောစိတ်ရှိ၍၊ စပျစ်ဥယျာဉ်တို့ကို စောင့်စေကြ၏။ ကိုယ်ဥယျာဉ်ကို မစောင့်ရပါ။ |
7. | ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော် သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့်ချိန်၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို၎င်း ပြတော်မူပါ။ ကျွန်မသည် အခြားတပါးသော သိုးထိန်း နောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။ |
8. | မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်သည်မသိလျှင်၊ သိုးများခြေရာသို့လိုက်သွား၍၊ သိုးထိန်းတဲများအနားမှာ သင်၏သိုးသငယ်တို့ကို ကျွေး မွေးပါလော့။ |
9. | ငါချစ်သောနှမ၊ သင့်ကိုဖာရောမင်းရထား၌ ကသော မြင်းနှင့် ငါပုံပြမည်။ |
10. | သင်၏ပါးသွယ်၌ မုတ်ပုတီးတန်ဆာဆင်လျက်၊ လည်ပင်း၌ ပုလဲအသွယ်သွယ်ဆွဲလျက်၊ သင်သည် တင့်တယ်လှ၏။ |
11. | ငွေနှင့်အပြောက်ချယ်သော ရွှေပုတီးအသွယ် သွယ်ကိုလည်း လုပ်၍ ပေးဦးမည်။ |
12. | အရှင်မင်ကြီးသည် စားပွဲတော်နားမှာ ထိုင်နေ စဉ်၊ ငါထုံသော နာဒုဆီမွှေးအနံ့သည် တပျံ့ပျံ့တလှိုင်လှိုင် ဖြစ်လေ၏။ |
13. | ငါချစ်ရာသခင်သည် ငါ၌မုရန်နံ့သာပုံဖြစ်၍၊ ငါ့ရင်အုံကြားမှာ တညဉ့်လုံးအိပ်ရမည်။ |
14. | ငါချစ်ရာသခင်သည် အင်္ဂေဒိဥယျာဉ်မှ ဖြစ် သော ဟင်္နာခက်ရွက်စည်းကဲ့သို့ဖြစ်ပါ၏။ |
15. | ငါချစ်သောနှမ၊ သင်သည် အဆင်းလှပေ၏။ အလွန်လှပေ၏။ ချိုးမျက်စိနှင့်ပြည့်စုံ၏။ |
16. | ငါချစ်ရာသခင်သည် အဆင်းလှ၍၊ ချစ်ဘွယ် သော လက္ခဏာနှင့် ပြည့်စုံတော်မူ၏။ ငါတို့အိပ်ရာခင်း သည် စိမ်းသော အဆင်းရှိ၏။ |
17. | ငါတို့ ဗိမာန်တိုင်တို့သည် အာရဇ်ပင်၊ အမိုးသည် ထင်ရူးပင်ဖြင့်ပြီးသတည်း။ |
SongOfSongs (1/8) → |