← Psalms (19/150) → |
1. | မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်း အသရေတော်ကို ကြားပြော၍၊ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။ |
2. | တနေ့ကိုတနေ့မြွက်ဆို၍၊ တညဉ့်ကို တညဉ့် သွန်သင်၏။ |
3. | နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့ နှုတ်ထွက်သံကို မကြားရသော်လည်း၊ |
4. | သူတို့၏အသံသည် မြေတပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက် လေ၏။ |
5. | မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော် မူသဖြင့်၊ နေသည် အိပ်ခန်းထဲကထွက်လာသော မင်္ဂလာ ဆောင်လုလင်ကဲ့သို့ဖြစ်၍၊ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာလမ်းသို့ လိုက်ပြေးမည်ဟု ဝမ်းမြောက်လျက်၊ |
6. | မိုဃ်းကောင်းကင် တစွနးမှထွက်လာ၍၊ တစွန်း တိုင်အောင် လှည့်ပတ်သောအားဖြင့်၊ သူ၏အပူအရှိန်မှ ကွယ်လွတ်သောအရာ တစုံတခုမျှမရှိ။ |
7. | ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။ |
8. | ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့် မတ်သည် ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍၊ မျက်စိကို ရှင်းလင်းစေတတ်၏။ |
9. | ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည် ဖြစ်၍၊ ကာလအစဉ်အမြဲတည်၏။ ထာဝရ ဘုရား၏စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍၊ တညီတညွတ်တည်း ဖြောင့်မတ်ကြ၏။ |
10. | ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဘွယ်ဖြစ်၍၊ ပျားရည်ထက်မက၊ ပျားလပို့ထက် ချိုကြ၏။ |
11. | တရားတော်အားဖြင့် ကိုယ်တော်၏ ကျွန်သည် သတိရ၍၊ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏။ |
12. | မိမိမှားယွင်းခြင်းကို အဘယ်သူသည် နားလည် နိုင်သနည်း။ မထင်ရှားသော ဒုစရိုက်အပြစ်နှင့် အကျွန်ုပ် ကို ကင်းစင်စေ၍၊ |
13. | ရဲရင့်သော ဒုစရိုက်ကိုလည်း ကိုယ်တော်၏ ကျွန် သည် မပြုရမည်အကြောင်း ဆီးတားတော်မူပါ။ ဒုစရိုက် အပြစ်သည် အကျွန်ုပ်ကို အစိုးမရပါစေနှင့်။ ထိုသို့သော အားဖြင့် အကျွန်ုပ်သည်ဖြောင့်မတ်ခြင်းရှိ၍၊ ကြီးစွာ သောပြစ်မှားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။ |
14. | အကျွန်ုပ်ပြောသေားစကားနှင့် စိတ်နှလုံး၏ အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေ သော။ အိုထာဝရဘုရားအကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ် ကို ရွေးနှုတ်တော်မူသောဘုရား။ |
← Psalms (19/150) → |