← Numbers (6/36) → |
1. | တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ |
2. | ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ထာဝရဘုရား အဘို့ မိမိကိုခြား နားစေ၍ နာဇရိသစ္စာပြုခြင်းငှါ မိမိကို မိမိခွဲထားသောအခါ၊ |
3. | စပျစ်ရည်နှင့်ယစ်မျိုးကို ရှောင်ရမည်။ စပျစ် ရည်ချဉ်နှင့် ယစ်မျိုးချဉ်ကိုလည်း မသောက်ရ။ စပျစ်သီးဖြင့် လုပ်သောအရည်ကိုအလျှင်း မသောက်ရ။ စပျစ်သီး အစိမ်းအခြောက်ကိုလည်း မစားရ။ |
4. | ခြားနားလျက်နေသော ကာလပတ်လုံး စပျစ်သီး အဆန်၊ စပျစ်သီးအခွံမှစ၍ စပျစ်ပင်က ဖြစ်သမျှကို မစားရ။ |
5. | ခြားနားခြင်းသစ္စာစောင့်သော ကာလပတ်လုံး၊ ဦးဆံကို မရိတ်ရ။ ထာဝရဘုရားအဘို့ မိမိကို ခြားနားစေ သော ကာလမစေ့မှီတိုင်အောင် သူသည် သန့်ရှင်းရသဖြင့်၊ မိမိဆံပင်ကို အလိုအလျောက် တိုးပွားစေမည်။ |
6. | ထာဝရဘုရားအဘို့ မိမိကိုခြားနားစေသော ကာလပတ်လုံး၊ အသေကောင်ကို မချဉ်းမကပ်ရ။ |
7. | သူ၏ဘုရားသခင်အဘို့ သူ၏ခေါင်းကို ခြားနား စေသောကြောင့်၊ မိဘ၊ ညီအစ်ကို၊ နှမသေသော်လည်း ညစ်ညူးခြင်းကိုမခံရ။ |
8. | ခြားနားလျက်နေသော ကာလပတ်လုံး၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းရမည်။ |
9. | သူ့အနားမှာ တစုံတယောက်သောသူသည် ချက်ခြင်းသေ၍၊ သူသည် ခြားနားစေသောခေါင်းကို ညစ်ညူးစေလျှင်၊ စင်ကြယ်စေသော နေ့တည်းဟူသော သတ္တမနေ့၌ ဦးဆံကို ရိတ်ရမည်။ |
10. | အဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေးရာ တဲ တော်တံခါးရှေ့ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။ |
11. | ယဇ်ပုရောဟိတ်သည်လည်း၊ အပြစ်ဖြေရာယဇ် ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့ကကောင်ကို ပူဇော်၍ ထိုသူ၌ အသေကောင်အားဖြင့် ရောက်သော အပြစ်ဖြေခင်းကို ပြုပြီးမှ၊ ထိုနေ့ခြင်းတွင်သူ၏ခေါင်းကို သန့်ရှင်းစေ ရမည်။ |
12. | အရင်ခြားနားစေသော ကာလကို ထာဝရ ဘုရားအဘို့ တဖန် ခြားနားစေ၍ အခါမလည်သော သိုးသငယ်တကောင်ကို ဒုစရိုက်ဖြေရာ ယဇ်ပြု၍ ပူဇော် ရမည်။ အရင်းခြားနားခြင်းပျက်သောကြောင့် လွန်သော ကာလပျောက်ရမည်။ |
13. | ခြားနား၍ နေသောကာလစေ့ပြီးမှ၊ နာဇရိလူ စောင့်ရသော တရားဟုမူကား၊ သူသည် ပရိသတ်စည်း ဝေးရာ တဲတော်တံခါးရှေ့သို့ လာ၍၊ |
14. | မီးရှို့ရာယဇ်ဘို့ အခါမလည် အပြစ်မပါသော သိုး သငယ်အထီးတကောင် အပြစ်ဖြေရာယဇ်ဘို့အခါမလည် အပြစ်မပါသော သိုးသငယ်အမတကောင် မိဿဟာယ ယဇ်ဘို့ အပြစ်မပါသောဆိတ်တကောင်၊ |
15. | ဆီရောသောမုန့်ညက်နှင့်လုပ်သော မုန့်ပြား၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့ မုန့်တတောင်း၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ထာဝရဘုရားအား ဆက်ရမည်။ |
16. | ထိုပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားထံတော်သို့သွင်း၍ အပြစ်ဖြေရာ ယဇ်၊ မီးရှို့ ရာယဇ်ကို ပူဇော်ရမည်။ |
17. | တဆေးမဲ့ မုန့်တတောင်းနှင့်တကွ၊ မိဿဟာယ ယဇ်ဆိတ်ကို၎င်း ဘောဇဉ်ပူဇော်သက္ကာ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရားအားပူဇော်ရမည်။ |
18. | နာဇရိလူသည်၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ မိမိခြားနားသော ဦးဆံကို ရိတ်၍၊ ထိုဆံကို မိဿဟာယယဇ်အောက်၌ရှိသော မီးထဲမှာထည့်ရမည်။ |
19. | ခြားနားသော ဦးဆံကို ရိတ်ပြီးမှ၊ ယဇ်ပုရော ဟိတ်သည် ပြုတ်သော ဆိတ်ပခုံးတဘက်၊ တောင်းထဲက တဆေးမဲ့မုန့်ပြားတပြား၊ တဆေးမဲ့မုန့်ကြွပ်တချက်ကို ယူ၍ နာဇရိလူလက်၌ ထည့်ပြီးလျှင်၊ |
20. | ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော် သက္ကာဘို့ ချီလွှဲရမည်။ ထိုအရာတို့သည်၊ ချီလွှဲရာရင်ပတ်၊ ချီလွှဲရာ ပခုံးနှင့်တကွ ယဇ်ပုရောဟိတ်အဘို့ သန့်ရှင်းရမည်။ ထိုနောက်မှ နာဇရိလူသည် စပျစ်ရည်ကို သောက်ရသောအခွင့်ရှိ၏။ |
21. | ဤရှေ့ကား၊ သစ္စာပြုသောနာဇရိလူသည် အလို အလျောက် တက်နိုင်သမျှတပါး မိမိခြားနားခြင်းအတွက် ထာဝရဘုရားအား ဆက်ရသော ပူဇော်သက္ကာနှင့် ဆိုင် သော တရားပေတည်း။ သစ္စာပြုသည်အတိုင်း ခြားနား ခြင်းတရားနှင့် အညီပြုရမည်ဟု မိန့်တော်မူ၏။ |
22. | တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုရမည်မှာ၊ |
23. | သင်တို့သည်၊ ဣသရေလအမျိုးသားတို့အား ကောင်းကြီးပေး၍ မြွက်ရသော စကားဟူမူကား၊ |
24. | ထာဝရဘုရားသည်၊ သင့်ကို ကောင်းကြီးပေး၍ စောင့်မတော်မူပါစေသော။ |
25. | ထာဝရဘုရားသည်သင်၌ မျက်နှာတော်အလင်း ကို လွှတ်၍ ကရုဏာကျေးဇူးပြုတော်မူပါစေသော။ |
26. | ထာဝရဘုရားသည် သင့်ကို မြော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသောဟု |
27. | ဣသရေလအမျိုးသားတို့ အပေါ်မှာ ငါ့နာမကို မြွက်ဆို၍ တင်လျှင် ငါသည်ထိုသူတို့ကို ကောင်းကြီး မင်္ဂလာပေးမည်ဟု မိန့်တော်မူ၏။ |
← Numbers (6/36) → |