← Numbers (3/36) → |
1. | ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊ |
2. | အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိ ဟု၊ ဧလာဇာ၊ ဣသမာတည်း။ |
3. | ဤသူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ်အမှု ကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကို ပေး၍ အရာ၌ခန့်ထားသော အာရုန်၏ သားဖြစ်ကြသတည်း။ |
4. | နာဒပ်နှင့်အဘိဟုသည်၊ သိနာတောတွင် ထာဝရ ဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြ၏။ သူတို့၌ သားမရှိ သည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန် ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ၏။ |
5. | ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား၊ |
6. | သင်သည် လေဝိအမျိုးသားတို့ကို ခေါ်ခဲ့၍ ယဇ်ပုရောဟိတ် အာရုန်အမှုကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌ နေရာချလော့။ |
7. | သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်ရှေ့ မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ ဆောင်ရသော အမှု တည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။ |
8. | သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော် တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုး သားဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည်။ |
9. | လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့၌ အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အား အပိုင်ပေးရမည်။ |
10. | အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကို စောင့်ရကြမည်။ သူ၏အမျိုးမှ တပါးအခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။ |
11. | တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ |
12. | ဣသရေလအမျိုးတွင် အဦးဘွားမြင်သော သားဦးများအတွက် လေပိသားတို့ကို ငါရွေးယူသော ကြောင့်၊ လေဝိသားတို့သည် အထူးသဖြင့် ငါ၏လူဖြစ်ရ ကြမည်။ |
13. | အကြော်းမူကား အဲဂုတ္တုပြည်၌ သားဦးအပေါင်း တို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို ငါအဖို့ ငါသန့်ရှင်းစေသောကြောင့် သားဦးအပေါ်တို့ကို အထူး သဖြင့် ငါပိုင်ရ၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။ |
14. | တဖန်ထာဝရဘုရားသည်၊ သိနာတော၌ မောရှေအား မိန့်တော်မူသည်ကား၊ |
15. | လေဝိသားတို့တွင် အသက်တလကျော်ရှိသော ယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက် လော့ဟု၊ |
16. | မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို ရေတွက်လေ၏။ |
17. | လေဝိသားတို့၏ နာမည်ဟူမူကား၊ ဂေရရှုန်၊ ကောဟတ်၊ မေရာရိတည်း။ |
18. | မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့၏ အမည်ကား လိဗနိနှင့်ရှိမိတည်း။ |
19. | မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့၏ နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ |
20. | မိမိအဆွေအမျိုးအလိုက် မေရာရိသားတို့၏ နာမည်ကား မဟာလိနှင့် မုရှိတည်း၊ ဤသူတို့သည် မိမိ ဘိုးဘေးအမျိုးအလိုက် ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ဖြစ်ကြ၏။ |
21. | ဂေရရှုန်မှဆင်းသက်လာသော လိဗနိအဆွေ အမျိုး ရှိမိအဆွေ အမျိုးတို့သည် ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ၏၊ |
22. | ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက် တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခုနစ်ထောင် ငါးရာ ရှိသတည်း။ |
23. | ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အ နောက်မျက်နှာ၌ နေရာချရမည်။ |
24. | ဂေရရှုန်အဆွေအမျိုး၊ သူကြီးကား၊ လေလသား ဧလျာသပ်တည်း။ |
25. | ဂေရရှုန်သားတို့ အငန်းအတာဟူမူကား၊ ပရိသတ်စည်းဝေးရာ တဲတော်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ကာသော ကုလားကာ၊ |
26. | တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်း ကုလား ကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။ |
27. | ကောဟတ်မှဆင်းသက်သော အာမရံအဆွေ အမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလ အဆွေအမျိုး တို့သည်၊ ကောဟတ်အမျိုး အနွှယ် ဖြစ်ကြ၏။ |
28. | တဲတော်ကို စောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်း ကား၊ ရှစ်သောင်းခြောက်ရာ ရှိသတည်း။ |
29. | ကောဟတ်အဆွေအမျိုးတို့သည်၊ တဲတော် တောင်မျက်နှာ၌ နေရာချရမည်။ |
30. | ကောဟတ်အဆွေအမျိုးသူကြီးကား၊ ဩဇေလ သား ဧလိဇာဖန်တည်း။ |
31. | သူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲ ယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာ တဲတော်တန်ဆာ များ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုရကြ မည်။ |
32. | ယဇ်ပုရောဟိတ်အာရုန်သား ဧလာဇာသည် လေဝိအဆွေအမျိုး သူကြီးတို့ကို အုပ်၍ တဲတော်စောင့် သော သူတို့ကို ကြည့်ရှုစီရင်ရမည်။ |
33. | မေရာရိမှ ဆင်းသက်သော မဟာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုးတို့သည်၊ မေရာရိ အမျိုးအနွယ် ဖြစ်ကြ၏။ |
34. | ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခြောက်ထောင် ခုနစ်ရာ ရှိသတည်း။ |
35. | မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသား ဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက် မျက်နှာ၌ နေရာချရမည်။ |
36. | မေရာရိသားတို့ အငန်းအတာဟူမူကား၊ တဲ တော်ပျဉ်ပြားများ ကန့်လန့်ကျင့်များ၊ တိုင်များ၊ ခြေစွပ် များ၊ ထိုအရာနှင့်ဆိုင်သော တန်ဆာများ အစရှိသည်တို့ကို၎င်း၊ ဝင်းတိုင်များ၊ |
37. | ခြေစွပ်များ၊ တံသင်များ၊ ကြိုးများတို့ကို၎င်း ကြည့်ရှုပြုစုကြရမည်။ |
38. | မောရှေနှင့် အာရုန်မှစ၍ အာရုန်၏ သားတို့ သည် ဣသရေလအမျိုးသားတို့အဘို့၊ သန့်ရှင်းရာဌာန တော်ကို စောင့်လျက်၊ ပရိသတ်စည်းဝေးရာတဲတော် အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုးမှတပါး၊ အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်။ |
39. | ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက် ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျား အပေါင်းကား၊ နှစ်သောင်းနှစ်ထောင် ရှိသတည်း။ |
40. | တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်၊ အသက် တလကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကို ရေတွက်၍ စာရင်းယူလော့။ |
41. | ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်း တို့အတွက် လေဝိသား တို့၌ ရှိသော တိရစ္ဆာန်များကို၎င်း၊ ငါ့အဘို့ယူလော့။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု၊ |
42. | မှာထားတော်မူသည်အတိုင်း မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကို ရေတွက်၍၊ |
43. | အသက်တလကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ်သုံးယောက် ရှိသတည်း။ |
44. | တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ |
45. | ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန် များအတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန် များကို၎င်း ယူလော့။ လေဝိသားတို့သည် ငါ၏ လူဖြစ်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။ |
46. | လေဝိသားတို့ထက်ပိုသော ဣသရေလအမျိုး သားဦး နှစ်ရာခုနစ်ဆယ်သုံးယောက်တို့ကို ရွေးရမည်အမှု မှာ၊ |
47. | အကျပ်တော်အလိုက် လူတကိုယ်လျှင် ငါးကျပ်စီ ခံယူရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။ |
48. | ပိုသောသူတို့ပေးရသော အရွေးငွေကို၊ အာရုန် နှင့် သူ၏သားတို့အား ပေးရမည်ဟု မိန့်တော်မူသည် အတိုင်း၊ |
49. | လေဝိသားတို့နှင့် ဣသရေလအမျိုး သားဦးတို့ ကို ရွေး၍ ပိုသေးသော သားဦးတို့၏ အရွေးငွေကို၊ |
50. | မောရှေသည် အကျပ်တော်နှင့်ချိန်လျက်၊ အခွက် တဆယ်သုံးပိဿာခြောက်ဆယ်ငါးကျပ်ကိုယူ ပြီးလျှင်၊ |
51. | ထာဝရဘုရားမှာထားတော်မူသော စကားတော်အတိုင်း ထိုအရွေးငွေကို အာရုန်နှင့် သူ၏သားတို့အား ပေးလေ၏။ |
← Numbers (3/36) → |