← Numbers (13/36) → |
1. | တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ |
2. | ဣသရေလ အမျိုးသားတို့အား ငါပေးသော ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ၊ အမျိုးအနွယ်အသီး အသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တမျိုး တယောက်စီ ရွေးကောက်၍ စေလွှတ်လော့ဟု၊ |
3. | ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။ |
4. | သူတို့အမည်ကား၊ ရုဗင်အမျိုး၊ ဇက္ကုရသားရှမွာ။ |
5. | ရှိမောင်အမျိုး၊ ဟောရိသား၊ ရှာဖတ်။ |
6. | ယုဒအမျိုး၊ ယေဖုန္နသားကာလက်၊ |
7. | ဣသခါမအမျိုး၊ ယောသပ်သားဣဂါလ။ |
8. | ဧဖရိမ်အမျိုး၊ နုန်သားဩရှေ |
9. | ဗင်္ယာမိန်အမျိုး၊ ရာဖုသားပါလတိ။ |
10. | ဇာဗုလုန်အမျိုး၊ သောဒိသား ဂါဒျေလ။ |
11. | ယောသပ်သားတွင် မနာရှေအမျိုး၊ သုသိသား ဂဒ္ဒိ။ |
12. | ဒန်အမျိုး၊ ဂေမလ္လိသားအမျေလ။ |
13. | အာရှာအမျိုး၊ မိက္ခေလသား သေသုရ။ |
14. | နဿလိအမျိုး၊ ဝါဖသိသားနာဘိ၊ |
15. | ဂဒ်အမျိုး မာခိသားဂွေလတည်းဟူသော၊ |
16. | ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။ |
17. | ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့် သွား၍ တောင်ရိုးပေါ်သို့ တက်ကြလော့။ |
18. | ထိုပြည်သည် အဘယ်သို့သော ပြည်ဖြစ် သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အား နည်းသလော။ များသလော၊ နည်းသလော။ |
19. | သူတို့နေသောပြည် သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း တဲနှင့်နေကြသလော။ ခိုင်ခံ့သော မြို့နှင့်နေကြသလော။ |
20. | ထိုမြေသည် ကောင်းသလော၊ မကောင်းလော၊ တောများသလော၊ နည်းသလောဟုကြည့်ရှုကြလော့။ ရဲရင့်သောစိတ်ရှိကြလော့။ သစ်သီးအချို့ကိုလည်း ယူခဲ့ ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလသည် စပျစ်သီး မှည့်စကာလဖြစ်သတည်း။ |
21. | ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ ရောက်သော လမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန် ပြည်ကို စူးစမ်းကြ၏။ |
22. | တောင်မျက်နှာ၌ ရှောက်သွား၍ အာနက အမျိုး သားအဟိမန်၊ ရှေရှဲ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့ မတည်မှီ ခုနစ်နှစ်ကတည်းသော မြို့ဖြစ်သတည်း။ |
23. | ဧရှကောလချိုင့်သို့ ရောက်လျှင် အသီးတပြွတ် ပါသောစပျစ်နွယ်ပင် အခက်တခက်ကို ခုတ်၍ လူ နှစ်ယောက်တို့သည် ထမ်းဘိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။ |
24. | ဣသရေလအမျိုးသားခုတ်ယူသော စပျစ်သီး ပြွတ်ကို ထောက်၍၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသော အမည်ဖြင့် မှည့်သတည်း။ |
25. | အရက်လေးဆယ်လွန်မှ ခါနာန်ပြည်ကို စူးစမ်း သော အမှုပြီး၍ ပြန်လာကြ၏။ |
26. | မောရှေနှင့် အာရုန်မှစ၍ ဣသရေလအမျိုး သားပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှ အရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သိတင်းကြားပြော၍ ထိုပြည်၌ သီးသော အသီးကို ပြကြ၏။ |
27. | မောရှေအားလည်း၊ အကျွန်ုပ်တို့သည်ကိုယ်တော် စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ၏။ ဤအသီးတို့ ကား ထိုပြည်၌သီးသော အသီးဖြစ်ပါ၏။ |
28. | သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီး ပါ၏။ ခိုင်ခံ့သော မြို့ကြီးနှင့်နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ၏။ |
29. | အာမလက်အမျိုးသားတို့သည် တောင်ဘက် ၌၎င်း၊ ဟိတ္တိလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည် တောင်ရိုးပေါ်၌၎င်း၊ ခါနာနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌၎င်း၊ နေကြပါသည်ဟု လျှောက်ဆိုကြ ၏။ |
30. | ကာလက်ကလည်း ချက်ခြင်းချီသွား၍ ထိုပြည် ကို သိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်ဟု ဆို၍ မောရှေရှေ့မှာ လူများတို့ကို ငြိမ်းစေ၏။ |
31. | သူနှင့်အတူလိုက်သွားသော သူတို့က ထိုပြည် သားတို့ကို ငါတို့ မတိုက်နိုင်။ သူတို့သည် ငါတို့ထက် သာ၍ အားကြီးကြသည်ဟူ၍၎င်း၊ |
32. | ငါတို့သွား၍ စူးစမ်းသောပြည်သည် မိမိသား တို့ကို ဖျက်ဆီးတတ်၏။ ငါတို့တွေ့မြင်သော ပြည်သား အပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။ |
33. | ကိုယ်ကြီးသော လူအမျိုးအနွယ် အာနကအမျိုး အနွယ်ဖြစ်၍ အလွန်ကြီးမားသော သူတို့ကိုလည်း မြင်ခဲ့ ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်တိုင်း နှံကောင်ကဲ့သို့ဖြစ်ကြသည်ဟူ၍၎င်း၊ မိမိတို့စူးစမ်းသော ပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသော သိတင်းကို ကြားပြောကြလေ၏။ |
← Numbers (13/36) → |