← Nehemiah (6/13) → |
1. | ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော် လည်း၊ မြို့ရိုးတည်၍ လုံကြောင်းကို သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူ ဂေရှင်မှစ၍ ကြွင်းသော ရန်သူတို့သည် သိတင်းကြားသောအခါ၊ |
2. | သမ္ဘာလတ်နှင့် ဂေရှင်တို့က လာပါ။ ဩနောချိုင့် တွင် ခေဖိရိမ် ရွာမှာတွေ့ကြကုန်အံ့ဟု မကောင်းသော အကြံရှိ၍ ငါ့ကို မှာလိုက်ကြ၏။ |
3. | ငါကလည်း၊ ငါသည်ကြီးသောအမှုကို ဆောင် ရွက်ရသောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကို မဆောင် ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား၍၊ အဘယ်ကြောင့် အမှုပြတ်ရမည်နည်းဟု တမန်တို့ကို စေလွှတ်၍ ပြန်ပြော ၏။ |
4. | ထိုသို့လေးကြိမ်တိုင်အောင် မှာလိုက်၍၊ ငါသည် လည်း ယခင်ကဲ့သို့ ပြန်ပြော၏။ |
5. | နောက်ပဉ္စမအကြိမ်၌ သမ္ဘာလတ်သည် ယခင် ကဲ့သို့ မိမိကျွန်ကို စေလွှတ်၍၊ ကျွန်တွင် တံဆိပ်မခတ် သောစာပါ၏။ |
6. | စာချက်ဟူမူကား၊ သင်နှင့်ယုဒလူတို့သည် ပုန်ကန်မည်အကြံရှိသည်ဟု လူအမျိုးမျိုး ပြောဆိုကြ၏။ ဂေရှင်လည်း သက်သေခံ၏။ ထိုစကားနှင့်အညီ သင် သည် ယုဒရှင်ဘုရင်ဖြစ်လိုသောငှါ၊ မြို့ရိုးကို တည်၏။ |
7. | ယုဒပြည်၌ ရှင်ဘုရင်ရှိသည်ဟု သင့်ကို ရည်ဆောင်၍ ယေရုရှလင်မြို့၌ ဟောပြောရသော ပရောဖက်တို့ကို သင်ခန့်ထားပြီ။ ထိုစကားအတိုင်း ရှင်ဘုရင်အားကြားလျှောက်ရမည်။ သို့ဖြစ်၍ လာပါ။ တိုင်ပင်ကြကုန်အံ့ဟု စာ၌ပါသတည်း။ |
8. | ငါကလည်း၊ သင်ပြောသောစကားတခွန်းမျှ မမှန်၊ ကိုယ်စိတ်ထဲ မှာ အချည်းနှီးထင်တတ်သည်ချည်းဟု စေလွှတ်၍ ပြန်ပြော၏။ |
9. | အကြောင်းမူကား၊ သူတို့က ထိုအလုပ်ကို လက်စမသတ်နိုင်အောင် သူတို့သည် အားလျော့ကြ လိမ့်မည်ဟု ဆိုလျက်ငါတို့ကို ခြိမ်းချောက်ကြ၏။ သို့ရာ တွင် ထိုစကားကြောင့် ငါသာ၍အားရှိ၏။ |
10. | ထိုအခါ မဟေတဗေလသားဖြစ်သော ဒေလာ ယ၏သားရှေမာယသည်၊ ပုန်းရှောင်လျက်နေသော အိမ်သို့ ငါသွားလျှင်၊ သူကဘုရားသခင်၏ အိမ်တော် အတွင်းခန်းထဲမှာ ငါတို့သည် စုဝေး၍၊ ဗိမာန်တော် တံခါးတို့ကို ပိတ်ထားကြကုန်အံ့။ ကိုယ်တော်ကို သတ်အံ့ သောငှါ လာကြလိမ့်မည်။ ယနေ့ညဉ့်၌ပင် လာကြလိမ့် မည်ဟု ဆို၏။ |
11. | ငါကလည်း၊ ငါကဲ့သို့သောသူသည် ပြေးရ မည်လော။ ငါနှင့်တူသောသူသည် အသက်ချမ်းသာခြင်း ငှါ ဗိမာန်တော်ထဲသို့ ဝင်ရမည်လော။ ငါမဝင်ဟု ပြန်ပြော၏။ |
12. | ထိုသူကို ဘုရားသခင် စေလွှတ်တော်မမူ။ တောဘိနှင့် သမ္ဘာလတ် ငှါးသောကြောင့်၊ ထိုသို့ ငါ့တဘက်၌ ဟောပြောသည်ကို ငါရိပ်မိ၏။ |
13. | သူတို့သည်ငါ့ကို ကဲ့ရဲ့စရာအကြောင်းရှိစေ လျက်၊ ငါကြောက်၍ ထိုသို့ပြုသဖြင့်၊ ပြစ်မှားစေခြင်းငှါ ထိုသူကို ငှါးကြ၏။ |
14. | အို အကျွန်ုပ် ဘုရားသခင်၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမ္ဘာလတ်ကို၎င်း၊ နောဒိအမည်ရှိသော ပရောဖက်မမှစ၍ အကျွန်ုပ်ကို ခြိမ်းချောက်သော ပရောဖက်တို့ကို၎င်း မှတ်တော်မူပါ။ |
15. | အရက် ငါးဆယ်နှစ်ရက်ကြာမှ ဧလုလလ နှစ်ဆယ်ငါးရက်နေ့တွင် မြို့ရိုးကို လက်စသတ်ကြ၏။ |
16. | ထိုသိတင်းကို ရန်သူတို့သည်ကြား၍၊ ပတ်လည် ဝန်းကျင်၌နေသော တပါးအမျိုးသားအပေါင်းတို့သည် မြို့ရိုးကို မြင်သောအခါ၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ ၏။ အကြောင်းမူကား၊ ထိုအမှုသည် ငါတို့၏ ဘုရားသခင့် အခွင့်နှင့်ပြီးကြောင်းကို ရိပ်မိကြ၏။ |
17. | ထိုကာလတွင်၊ ယုဒမှူးမတ်တို့သည် များစွာ သော မေတ္တာစာကို တောဘိထံသို့ ပေးလိုက်၍၊ တောဘိ ပြန်ပေးသော စာအများကိုလည်း ရကြ၏။ |
18. | တောဘိသည် အာရာသားရှေကနိ၏ သမက် ဖြစ်သောကြောင့်၎င်း၊ သူ၏သား ယောဟနန်သည် ဗေရ ခိသား မေရှုလံသမီးနှင့် စုံဘက်သောကြောင့်၎င်း၊ ယုဒလူ အများတို့သည် တောဘိထံ၌ သစ္စာကိုခံကြပြီ။ |
19. | သူတို့သည် တောဘိပြုသောအမှုကောင်းတို့ကို ငါ့အား ပြန်ပြောကြ၏။ ငါ့စကားကိုလည်း သူ့အား ပြန်ပြောကြ၏။ သူသည်လည်း ငါကြောက်စေခြင်းငှါ စာပေးလိုက်လေ၏။ |
← Nehemiah (6/13) → |