← Lamentations (2/5) → |
1. | ထာဝရဘုရားသည် ဇိအုန်သတို့သမီးကို အမျက် တော် မိုဃ်းတိမ်ဖြင့် ဖုံးလွှမ်းတော်မူပြီ။ ဣသရေလအမျိုး ၏ ဂုဏ်အသရေကို ကောင်းကင်မှမြေကြီးတိုင်အောင် ချတော်မူပြီ။ အမျက်တော်ထွက်ချိန်၌ ခြေတော်တင် ရာခုံကို မအောက်မေ့ဘဲနေတော်မူပါပြီတကား။ |
2. | ထာဝရဘုရားသည် သနားခြင်းမရှိဘဲ၊ ယာကုပ် အမျိုး၏နေရာ အရပ်ရှိသမျှတို့ကို မျိုတော်မူပြီ။ အမျက် တော်ထွက်သဖြင့် ယုဒသတို့သမီး၏ရဲတိုက်တို့ကို မြေတိုင် အောင်ဖြိုဖျက်၍၊ နိုင်ငံတော်နှင့်မင်းသားတို့ကို ရှုတ်ချ တော်မူပြီ။ |
3. | ပြင်းစွာ အမျက်တော်ထွက်၍၊ ဣသရေလ၏ ဦးချို ရှိသမျှတို့ကို ဖြတ်တော်မူပြီ။ ရန်သူရှေ့မှာ လက်ရုံး တော်ကို ရုပ်သိမ်းတော်မူပြီ။ အရပ်ရပ်လောင်သော မီးတောက်ကဲ့သို့ ယာကုပ်အမျိုးကို လောင်စေတော်မူပြီ။ |
4. | ရန်သူကဲ့သို့ လေးကိုတင်လျက်၊ ရန်ဘက်ပြုသော သူကဲ့သို့ လက်ျာလက်ကို ချီကြွလျက်၊ တင့်တယ်ခြင်း အသရေရှိသော သူအပေါင်းတို့ကို သတ်တော်မူပြီ။ ဇိအုန် သတို့သမီး၏နေရာ တဲပေါ်မှာမီးကဲ့သို့သော အမျက် တော်ကို သွန်းလောင်းတော်မူ၏။ |
5. | ထာဝရဘုရားသည် ရန်ဘက်ပြု၍၊ ဣသရေလအမျိုးကို၎င်း၊ ဘုံဗိမာန်အပေါင်းတို့ကို၎င်း မျိုတော်မူပြီ။ ရဲတိုက်တို့ကို ဖြိုဖျက်တော်မူပြီ။ ယုဒ သတို့သမီး ငိုကြွေးမြည်တမ်းသောအကြောင်းတို့ကို များပြားစေတော်မူပြီ။ |
6. | ဝင်းတော်ကို တောင်ယာခြံကဲ့သို့ အမှတ်ပြု၍ ချိုးဖျက်တော်မူပြီ။ မိမိပွဲသဘင်တော်ကို ဖျက်ဆီးတော် မူပြီ။ ဇိအုန်မြို့၌ခံသော ဓမ္မပွဲနေ့၊ ဥပုသ်နေ့တို့ကို ထာဝရ ဘုရား မေ့စေတော်မူပြီ။ အမျက်တော်အရှိန်ပြင်း၍ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ။ |
7. | ထာဝရဘုရားသည် မိမိယဇ်ပလ္လင်တော်ကို ပယ်တော်မူပြီ။ မိမိသန့်ရှင်းရာဌာနတော်ကို စက်ဆုပ် တော်မူပြီ။ ဘုံဗိမာန်တော်ကို ရန်သူလက်သို့ အပ်တော် မူသဖြင့်၊ ပွဲသဘင်ခံသောနေ့၌ အသံပြုသကဲ့သို့၊ ရန်သူတို့ သည်ထာဝရဘုရား၏ အိမ်တော်၌အသံပြုကြပြီ။ |
8. | ထာဝရဘုရားသည် ဇိအုန်သတို့သမီး၏မြို့ရိုးကို ဖြိုဖျက်မည်ဟု အကြံတော်ရှိသည်အတိုင်း၊ ကြိုးကိုတန်း၍ အစဉ်မပြတ် ဖြိုဖျက်တော်မူသဖြင့်၊ အတွင်းမြို့ရိုးနှင့် ပြင်မြို့ရိုးတို့သည် အတူညည်းတွား၍ ငိုကြွေးမြည်တမ်းရ မည် အကြောင်းပြုတော်မူပြီ။ |
9. | မြို့တံခါးရွက်တို့သည် မြေ၌မြှုပ်လျက်ရှိကြ၏။ ကန့်လန့်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ၏။ တရားတော်မရှိ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။ |
10. | ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကိုမိမိတို့ ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေ အဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ် စွာ နေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်း ကိုငိုက်ဆိုက်ညွှတ်လျက်နေကြ၏။ |
11. | ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ ငါသည် မျက်ရည်ကျ၍မျက်စိပျက်လေပြီ။ ဝမ်း၌ဆူလှိုက် ခြင်းရှိ၍ အသည်းလည်းမြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း၌အား ပျက်လျက်နေကြ၏။ |
12. | သူတို့ကလည်း၊ ဆန်စပါးနှင့်စပျစ်ရည်သည် အဘယ်မှာရှိသနည်းဟု၊ ရန်သူညှဉ်းဆဲသော သူကဲ့သို့ မြို့လမ်း၌အားပျက်လျက်၊ အမိရင်ခွင်၌ မိမိအသက်ကို သွန်းလျက်၊ အဓိက မေးတတ်ကြသည်တကား။ |
13. | အိုယေရုရှလင်သတို့သမီး၊ သင်၏အမှု၌ အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန်သတို့ သမီးကညာ၊ သင့်ကိုနှစ်သိမ့်စေခြင်းငှါ၊ သင်နှင့်အဘယ် သူကို ငါခိုင်းနှိုင်းရမည်နည်း။ သင်၏ပြိုပျက်ရာသည် သမုဒ္ဒရာကဲ့သို့ ကျယ်သောကြောင့် အဘယ်သူ ပြုပြင်နိုင် သနည်း။ |
14. | သင်၏ပရောဖက်တို့သည် အချည်းနှီးသော အရာ၊ မိုက်သောအရာတို့ကို သင်အဘို့မြင်ကြပြီ။ သိမ်းသွားချုပ်ထားသော အမှုကိုပြေစေခြင်းငှါ၊ သင်၏ အပြစ်ကိုမဘော်မပြဘဲ မှားသောရူပါရုံ၊ လမ်းလွဲစရာ အရာကို သင့်အဘို့မြင်ကြပြီ။ |
15. | လမ်း၌ ရှောက်သွားသမျှသောသူတို့က၊ ဂုဏ်သရေအထွဋ်၊ မြေ တပြင်လုံး ရွှင်လန်းရာဘွဲ့ရှိသော မြို့ကားဤမြို့လောဟု၊ ယေရုရှလင်သတို့သမီးကို လက်ခုပ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊ ခေါင်းကို ညှိတ်လျက် မေးတတ်ကြ၏။ |
16. | သင်၏ရန်သူအပေါင်းတို့သည် သင့်တဘက်၌ နှုတ်ကို ဖွင့်ကြ၏။ ငါတို့သည် သူ့ကိုမျိုပြီ။ အကယ်စင်စစ် ဤသည်နေ့ကား၊ ငါတို့မြော်လင့်ခဲ့ ပြီးသောနေ့ဖြစ်၏။ ငါတို့တွေ့မြင်ရပြီဟု ကဲ့ရဲ့သံကိုပြုလျက်၊ အံသွားကို ခဲကြိတ်လျက် ဆိုကြ၏။ |
17. | ထာဝရဘုရားသည် ကြံစည်သောအမှုကို ပြုတော်မူပြီ။ ရှေးကာလ၌ မိန့်တော်မူသော စကား တော်ကို ပြည့်စုံစေတော်မူပြီ။ မနှမြောဘဲဖြိုဖျက်တော် မူပြီ။ ရန်သူသည် သင်၏အပေါ် မှာဝမ်းမြောက်ရသော အခွင့်ကို ပေး၍၊ ရန်သူ၏ဦးချိုကို ချီးမြှင့်တော်မူပြီ။ |
18. | သူတို့သည်စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ၏။ အိုဇိအုန်သတို့သမီး၏မြို့ရိုး၊ သင်၏ မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညဉ့်မပြတ်စီးစေ လော့။ ကိုယ်ကိုမငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလည်း မငြိမ်းစေနှင့်။ |
19. | ညဦးယံအချိန်၌ ထ၍အော်ဟစ်လော့။ ထာဝရ ဘုရား၏မျက်နှာတော်ရှေ့မှာ သင်၏နှလုံးကို ရေကဲ့သို့ သွန်းလောင်းလော့။ ငတ်မွတ်၍ ခပ်သိမ်းသော လမ်းဝမှာ အားပျက်လျက်နေသော သင်၏သူငယ်တို့ကို အသက် ချမ်းသာစေခြင်းငှါ၊ အထံတော်သို့ သင်၏လက်ကို ချီဆန့်လော့။ |
20. | အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်သူ၌ ဤသို့စီရင်တော်မူသည်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ မိန်းမသည် မိမိရင်သွေး၊ မိမိချီပိုက်သော သားကို စားရပါ မည်လော။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်သည် ထာဝရ ဘုရား၏ သန့်ရှင်းရာဌာနတော်၌ အသေသတ်ခြင်းကို ခံရပါမည်လော။ |
21. | လူအကြီးအငယ်တို့သည် လမ်း၌မြေပေါ်မှာ တုံးလုံးနေရကြပါ၏။ အကျွန်ုပ်၏လူပျိုနှင့်အပျိုတို့သည် ထားဖြင့်သေရကြပါပြီ။ ကိုယ်တော်သည် အမျက်တော် ထွက်သောနေ့၌၊ သူတို့ကို မသနားဘဲကွပ်မျက်တော်မူပြီ။ |
22. | ပွဲသဘင်နေ့၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ်ပတ်လည်၌ ကြောက်မက်ဘွယ်သော အရာတို့ကို ခေါ်ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက်တော် ထွက် သောနေ့၌ အဘယ်သူမျှမလွတ်၊ မကျန်ကြွင်းရပါ။ အကျွန်ုပ်ချီပိုက်ကျွေးမွေးသော သူတို့ကို အကျွန်ုပ်၏ ရန်သူသည် ဖျက်ဆီးပါပြီ။ |
← Lamentations (2/5) → |