← John (18/21) → |
1. | ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတဘက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ဝင်တော်မူ၏။ |
2. | ထိုအရပ်သို့ယေရှုသည် တပည့်တော်တို့နှင့်အတူ သွားမြဲရှိသောကြောင့်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကိုသိသည်ဖြစ်၍၊ |
3. | စစ်သူရဲတတပ်ကို၎င်း၊ ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့စေလွှတ်သောမင်းလုလင်တို့ကို၎င်း ခေါ်ခဲ့ ၍၊ မီးအိမ်၊ မီးရှူး၊ လက်နက်တို့ကို လက်စွဲလျက်လာကြ၏။ |
4. | ယေရှုသည် ကိုယ်တော်၌ဖြစ်လတံ့သမျှသော အမှုအရာတို့ကိုသိတော်မူလျက်၊ လာသောသူတို့ဆီသို့ သွား၍ အဘယ်သူကိုရှာကြသနည်းဟု မေးတော်မူ၏။ |
5. | နာဇရက်မြို့သား ယေရှုကိုရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည်ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည်လည်း ထိုသူတို့နှင့်အတူရပ်နေ၏။ |
6. | ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတို့သည် နောက်သို့လှန်၍ မြေပေါ်၌လဲကြ၏။ |
7. | အဘယ်သူကိုရှာသနည်းဟု တဖန်မေးတော်မူလျှင်၊ နာဇရက်မြို့သားယေရှုကို ရှာကြသည်ဟု ထိုသူတို့ သည် ဆိုကြ၏။ |
8. | ယေရှုကလည်း၊ ငါသည်ထိုသူဖြစ်၏ဟုငါပြောပြီ။ သို့ဖြစ်၍ငါ့ကိုရှာလျှင် ဤသူတို့သည် သွားပါလေ စေဟု မိန့်တော်မူ၏။ |
9. | ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသောသူတို့တွင် အဘယ်သူမျှပျက်ဆီးခြင်းသို့ မရောက်ပါ ဟူသော အထက်ကစကားတော်ကို ပြည့်စုံစေခြင်းငှါ ဤသို့မိန့်တော်မူ၏။ |
10. | ထိုအခါရှိမုန်ပေတရုသည် မိမိ၌ပါသောထားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟတ်မင်း၏ ကျွန် တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။ ထိုကျွန်၏ အမည်ကားမာလခုဖြစ်သတည်း။ |
11. | ယေရှုကလည်း ထားကိုအိမ်၌သွင်းထားလော့။ ခမည်းတော်သည် ငါ့အား ပေးတော်မူသောခွက်ကို ငါ မသောက်ရာသလောဟု ပေတရုအားမိန့်တော်မူ၏။ |
12. | ထိုအခါတပ်မှူးမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည် ယေရှုကိုဘမ်းဆီး၍ ချည်နှောင်ပြီးလျှင် အန္နတ်မင်းထံသို့ ရှေးဦးစွာ ယူသွားကြ၏။ |
13. | အန္နတ်မင်းကား၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမဖြစ်သတည်း။ |
14. | ထိုကယာဖကား၊ လူတယောက်သည် လူများတို့အတွက် ပျက်စီးသော် သာ၍ကောင်းသည်ဟု ယုဒလူ တို့နှင့် တိုင်ပင်ပြောဆိုသောသူပေတည်း။ |
15. | ရှိမုန်ပေတရုနှင့် အခြားသောတပည့်တော်တယောက်သည် ယေရှုနောက်တော်သို့ လိုက်ကြ၏။ ထို တပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်းဖြစ်၍၊ ယေရှုနှင့်တကွ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး ထဲသို့ ဝင်လေ၏။ |
16. | ပေတရုမူကားပြင်၌ တံခါးနားမှာရပ်နေ၏။ ထိုကြောင့် ယဇ်ပုရာဟိတ်မင်းနှင့်အကျွမ်းဝင်သော တပည့် တော်သည်ထွက်၍ တံခါးစောင့်မိန်းမအားပြောပြီးမှ ပေတရုကိုသွင်းလေ၏။ |
17. | တံခါးစောင့်မိန်းမက ပေတရုအား၊ သင်သည် ထိုသူ၏တပည့်တို့အဝင်ဖြစ်သည် မဟုတ်လောဟု ဆိုလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။ |
18. | ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့်မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက် နေ ကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေ၏။ |
19. | ထိုအခါ ယဇ်ပုရာဟိတ်မင်းသည် တပည့်တော်တို့ကို၎င်း၊ ဒေသနာတော်ကို၎င်း အကြောင်းပြု၍ ယေရှုကို မေးမြန်းစစ်ကြော၏။ |
20. | ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာတရား စရပ်၌၎င်း၊ ဗိမာန်တော်၌၎င်း၊ အစဉ်မပြတ်ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။ |
21. | အဘယ်ကြောင့်ငါ့ကို မေးမြန်းသနည်း၊ ငါသည် အဘယ်သို့ ဟောပြောသည်ကို ကြားနာသောသူတို့ကို မေးမြန်းလော့။ ငါပြောသောစကားကို ထိုသူတို့သည် သိကြ၏ဟုမိန့်တော်မူ၏။ |
22. | ထိုသို့မိန့်တော်မူလျှင်၊ အနီးအပါး၌ရပ်နေသော မင်းလုလင်တယောက်က၊ သင်သည် ယဇ်ပုရာဟိတ် မင်းကို ဤသို့ပြန်ပြောရာသလောဟုဆိုလျက် ယေရှုကိုရိုက်လေ၏။ |
23. | ယေရှုကလည်း၊ ငါ့စကားမမှန်လျှင်မမှန်ကြောင်းကိုပြပါ မှန်လျှင်ငါ့ကိုအဘယ်ကြောင့်ရိုက်သနည်းဟု မိန့်တော်မူ၏။ |
24. | အန္နတ်မင်းသည် ကိုယ်တော်ကိုချည်နှောင်လျက် ရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့စေခဲ့ပြီ။ |
25. | ရှိမုန်ပေတရုသည် ရပ်၍မီးလှုံလျက်နေသည်တွင် အချို့သောသူတို့က၊ သင်သည် သူ၏တပည့်တို့ အဝင်ဖြစ်သည်မဟုတ်လောဟု မေးလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။ |
26. | ပေတရုခုတ်၍ နားရွက်ပြတ်သောသူနှင့်ပေါက်ဘော်တော်သော ယဇ်ပုရာဟိတ်မင်း၏ ကျွန်တ ယောက်က၊ သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လောဟုဆိုလျှင်၊ |
27. | ပေတရုသည် တဖန်ငြင်းပြန်လေ၏၊ ထိုခဏခြင်းတွင် ကြက်တွန်၏။ |
28. | နံနက်အချိန်ရောက်လျှင်၊ ယေရုကို ကယာဖထမှ အိမ်တော်ဦးသို့ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ်၍ ပသခါပွဲကို ခံရမည်အကြောင်း။ အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ။ |
29. | ထိုကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက်၍ ဤသူ၌အဘယ်အပြစ်ကို တင်ကြသနည်းဟု မေးသော်၊ |
30. | ဤသူသည်လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော်၌မအပ်ပါဟုလျှောက်ကြ၏။ |
31. | ပိလတ်မင်းကလည်း၊ သူ့ကိုယူ၍ သင်တို့ ဓမ္မသတ်အတိုင်းစီရင်ကြဟုဆို၏။ ယုဒလူတို့ကလည်း၊ အကျွန်ုပ်သည် အဘယ်သူကိုမျှ မသတ်ပိုင်ပါဟုလျှောက်ကြ၏။ |
32. | ထိုသို့လျှောက်သော်၊ ယေရှုသည်အဘယ်သို့ မိမိသေရမည်အရိပ်ကိုပေး၍၊ မိန့်တော်မူသောစကား တော် ပြည့်စုံမည်အကြောင်းတည်း။ |
33. | ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့တဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန် သလောဟုမေး၏။ |
34. | ယေရှုကလည်း၊ မင်းကြီးသည် ကိုယ်အလိုအလျောက် ဤသို့မေးသလော၊ သို့မဟုတ် သူတပါးတို့သည် ငါ၏အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ၏။ |
35. | ပိလတ်မင်းက၊ ငါသည်ယုဒလူဖြစ်သလော။ သင်၏လူမျိုးနျင့်တကွ ယဇ်ပုရောဟိတ်အကြီးတို့သည် သင့်ကိုငါ၌အပ်ကြပြီ။ သင်သည် အဘယ်သို့ပြုမိသနည်းဟုမေးလျှင်၊ |
36. | ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတို့လက်သို့မရောက်စေခြင်းငှါ၊ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံ သည် ဤဒေသအရပ်နှင့်မစပ်ဆိုင်ဟု မိန့်တော်မူ၏။ |
37. | ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည်ရှင်ဘုရင်မှန်သလောဟုမေးသော်၊ ယေရှုက၊ မင်းကြီး မေးသည်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှါ ငါသည်မွေးဘွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။ သမ္မာတရားနှင့်စပ်ဆိုင်သမျှသောသူတို့သည် ငါ့စကားကိုနားထောင်ကြသည်ဟု မိန့် တော်မူ၏။ |
38. | ပိလတ်မင်းကလည်း၊ သမ္မာတရားကား အဘယ်သို့နည်းဟုမေးပြီးမှ တဖန်ယုဒလူတို့ရှိရာသို့ထွက်၍၊ ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့။ |
39. | ပသခါပွဲ၌ လူတယောက်ကို သင်တို့အားငါလွှတ်မြဲထုံးစံရှိသည်ဖြစ်၍၊ ယုဒရှင်ဘုရင်ကို လွှတ်စေချင် သလောဟု မေးလျှင်၊ |
40. | တဖန်လူအပေါင်းတို့က၊ ဤသူကို မလွှတ်စေချင်ပါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု အော်ဟစ်၍ လျှောက်ဆိုကြ၏။ ထိုဗာရဗ္ဗကား လွှတ်စေချင်ပါသည်ဟုအော်ဟစ်၍လျှောက်ဆိုကြ၏။ ထိုဗရဗ္ဗကား ထားပြဖြစ် သတည်း။ |
← John (18/21) → |