← Ezra (7/10) → |
1. | ထိုနောက်၊ ပေရသိရှင်ဘုရင် အာတဇေရဇ် လက်ထက်၌၊ ယဇ်ပုရောဟိတ်အကြီးအာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗတ္တိ၊ ဩဇိ၊ ဇေရဟိ၊ စရာယတို့မှ ဆင်းသက်သောသူ၊ |
2. | ထိုနောက်၊ ပေရသိရှင်ဘုရင် အာတဇေရဇ် လက်ထက်၌၊ ယဇ်ပုရောဟိတ်အကြီးအာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗတ္တိ၊ ဩဇိ၊ ဇေရဟိ၊ စရာယတို့မှ ဆင်းသက်သောသူ၊ |
3. | ထိုနောက်၊ ပေရသိရှင်ဘုရင် အာတဇေရဇ် လက်ထက်၌၊ ယဇ်ပုရောဟိတ်အကြီးအာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗတ္တိ၊ ဩဇိ၊ ဇေရဟိ၊ စရာယတို့မှ ဆင်းသက်သောသူ၊ |
4. | ထိုနောက်၊ ပေရသိရှင်ဘုရင် အာတဇေရဇ် လက်ထက်၌၊ ယဇ်ပုရောဟိတ်အကြီးအာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗတ္တိ၊ ဩဇိ၊ ဇေရဟိ၊ စရာယတို့မှ ဆင်းသက်သောသူ၊ |
5. | ထိုနောက်၊ ပေရသိရှင်ဘုရင် အာတဇေရဇ် လက်ထက်၌၊ ယဇ်ပုရောဟိတ်အကြီးအာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗတ္တိ၊ ဩဇိ၊ ဇေရဟိ၊ စရာယတို့မှ ဆင်းသက်သောသူ၊ |
6. | ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော မောရှေ၏ပညတ္တိကျမ်းစာကို လေ့ကျက်သောစရာဖြစ်သော သူဧဇရသည် ဗာဗုလုန်မြို့ မှ ထွက်သွား၏။ ထိုသူတောင်းသမျှကို သူ၏ဘုရားသခင် ထာဝရဘုရားတန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေးသနား တော်မူ၏။ |
7. | အာတဇေရဇ်မင်းကြီး နန်းစံခုနစ်နှစ်တွင်၊ အချို့ သော ဣသရေလအမျိုးသား ယဇ်ပုရောဟိတ်၊ လေဝိ သား၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်တို့သည် လည်း၊ ယေရုရှလင်မြို့သို့ လိုက်သွားကြ၏။ |
8. | ရှင်ဘုရင် နန်းစံခုနစ်နှစ်၊ ပဉ္စမလတွင် ဧဇရ သည် ယေရုရှလင်မြို့သို့ ရောက်လေ၏။ |
9. | ပဌမလတရက်နေ့တွင်၊ ဗာဗုလုန်မြို့မှထွက်၍၊ ပဉ္စမလတရက်နေ့တွင်၊ မိမိဘုရားသခင် တန်ခိုးကျေးဇူး တော်ကြောင့်၊ ယေရုရှလင်မြို့သို့ရောက်လေ၏။ |
10. | အကြောင်းမူကား၊ ဧဇရသည် ထာဝရဘုရား ၏ တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှါ၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင် ခြင်းငှါ၎င်း သဘောကျသောသူဖြစ်၏။ |
11. | ထာဝရဘုရား၏ပညတ်စကားနှင့် ဣသရေလ အမျိုး၌ ထုံးဖွဲ့တော်မူချက်တို့ကို လေ့ကျက်သော ဆရာ ယဇ်ပုရောဟိတ် ဧဇရအား၊ အာတဇေရဇ်မင်းကြီး ပေးတော်မူသော အမိန့်တော်စာချက်ဟူမူကား၊ |
12. | ဘုရင်တို့၏ဘုရင်အာတဇေရဇ်သည် ကောင်း ကင်ဘုံ၏ အရှင်ဘုရားသခင့် တရားကျမ်းတတ်ဆရာ၊ ယဇ်ပုရောဟိတ်ဧဇရ၌ခပ်သိမ်းသော မင်္ဂလာဖြစ်စေ သောဟူ၍ ဤမည်သောကာလတွင် မှာလိုက်၏။ |
13. | ငါ့နိုင်ငံ၌ရှိသော ဣသရေလအမျိုးသား၊ ယဇ် ပုရောဟိတ်၊ လေဝိသားတို့တွင် ယေရုရှလင်မြို့သို့ ကိုယ် အလိုအလျောက်သွားချင်သော သူရှိသမျှတို့သည် သင်နှင့် အတူ လိုက်သွားရမည်အကြောင်း ငါအမိန့်တော်ရှိ၏။ |
14. | အကြောင်းမူကား၊ သင်၏ဘုရားသခင့်တရားကို သင်လေ့ကျက်သည်အတိုင်း၊ ယုဒပြည်ယေရုရှလင်မြို့၌ တရားအမှုများကို မေးမြန်းစစ်ဆေးစေခြင်းငှါ၎င်း၊ |
15. | ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ဣသ ရေလအမျိုး၏ ဘုရားသခင်အား၊ ရှင်ဘုရင်နှင့် အတွင်း ဝန်တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သောရွှေငွေနှင့် တကွ၊ |
16. | ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်တို့သည် ယေရုရှလင်မြို့၏ဘုရားအိမ်တော်အဘို့ အလိုလိုလှူ၍ ဗာဗုလုန်ပြည်၌ သင်ရနိုင်သမျှသော ရွှေငွေကို ဆောင် သွားစေခြင်းငှါ၎င်း၊ ရှင်ဘုရင်နှင့် အတွင်းဝန်ခုနစ်ပါး စေလွှတ်၏။ |
17. | ထိုငွေကိုယူပြီးလျှင်နွား၊ သိုးထီး၊ သိုးသငယ်နှင့် တကွ၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို အလျင်အမြန်ဝယ်၍၊ ယေရုရှလင်မြို့၌ရှိသော သင်တို့၏ ဘုရားအိမ်တော် ယဇ် ပလ္လင်ပေါ်မှာ ပူဇော်ရမည်။ |
18. | ကျန်ကြွင်းသော ရွှေငွေကို သင်နှင့်သင့်ညီ အစ်ကိုတို့ ပြုချင်သမျှအတိုင်း၊ သင်တို့၏ ဘုရားသခင် အလိုတော်နှင့်အညီပြုလော့။ |
19. | သင်၏ဘုရား အိမ်တော်ဝတ်ပြုစရာဘို့ သင်၌ အပ်ပေးသော တန်ဆာများကိုလည်း၊ ယေရုရှလင်မြို့၏ ဘုရားသခင့်ရှေ့တော်တွင် သိုထားလော့။ |
20. | သင်၏ဘုရားသခင့် အိမ်တော်အဘို့ လိုသေး သောအရာ၊ ဝယ်သင့်သမျှတို့ကို ဘဏ္ဍာတော်ထဲက ထုတ်၍ဝယ်လော့။ |
21. | ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင့် တရားကို လေ့ကျက်သော ဆရာ၊ ယဇ်ပုရောဟိတ်ဧဇရတောင်းသမျှ အတိုင်း၊ |
22. | ငွေအခွက်တထောင်၊ ဂျုံဆန်ကောရတရာ၊ စပျစ်ရည်ဗတ်တရာ၊ ဆီဗတ်တရာနှင့်တကွ ဆားမည်မျှ မဆို၊ မြစ်အနောက်ဘက်၌နေသော အခွန်ဝန်အပေါင်းတို့ သည် အလျင်အမြန်ပေးရမည်အကြောင်း၊ ငါရှင်ဘုရင် အာတဇေရဇ်အမိန့်တော်ရှိ၏။ |
23. | ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်မှာ ထားတော်မူသမျှအတိုင်း၊ ထိုဘုရားသခင်၏ အိမ်တော် အဘို့ ကြိုးစား၍လုပ်ဆောင်စေ။ ရှင်ဘုရင်နှင့် ဆွေတော်မျိုးတော်အပေါ်သို့ အဘယ်ကြောင့် အမျက် တော် သက်ရောက်ရမည်နည်း။ |
24. | ထိုမှတပါး၊ ယဇ်ပုရောဟိတ် လေဝိသား၊ သီချင်း သည်၊ တံခါး စောင့်၊ ဘုရားကျွန်၊ ဘုရားသခင်၏ အိမ်တော်အမှုစောင့် တစုံတယောက်၌ မျှငွေတော်ကို မခွဲစေနှင့်။ အခွန်တော်အကောက်တော်ကို မခံမယူစေနှင့် ဟုငါမှာလိုက်၏။ |
25. | သင်ဧဇရသည်လည်း၊ သင်၏ဘုရားသခင် တရားကို နားလည်သော၊ မြစ်အနောက်ဘက်သား အပေါင်းတို့တွင်၊ တရားမှုကို စီရင်စေခြင်းငှါ၎င်း၊ မသိသောသူတို့ကို သွန်သင်ခြင်းငှာ၎င်း၊ မင်း များ၊ တရားသူကြီးများကို သင်၏ဘုရားသင့် ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့်ထားလော့။ |
26. | သင်၏ဘုရားသခင့်တရားနှင့် ရှင်ဘုရင်အမိန့် တော်ကို ငြင်းဆန်သောသူ မည်သည်ကား၊ အသေသတ် ခြင်း၊ နှင်ထုတ်ခြင်း၊ ဥစ္စာသိမ်းယူခြင်း၊ ထောင်ထဲမှာ လှောင်ထားခြင်းတည်းဟူသော ရာဇဝတ်တစုံတခုကို အလျင် အမြန်ခံစေဟု အမိန့်တော်စာ၌ပါသတည်း။ |
27. | ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တင့်တယ် စေမည်အကြံကို ရှင်ဘုရင်စိတ်နှလုံးထဲသို့ သွင်းပေးတော်မူထသော၊ ရှင်ဘုရင်ရှေ့၊ အတွင်းဝန်များ၊ ဗိုလ်မင်များရှေ့မှာ ငါ့အား အခွင့်ပေးတော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိ တော်မူစေသတည်း။ |
28. | ထိုသို့ ငါ၏ဘုရားသခင် ထားဝရဘုရား ဘုန်း တော်ကြောင့်၊ ငါသည် ခွန်အားရှိ၍ ငါနှင့်အတူ လိုက် သွားရသော ဣသရေလအမျိုး အကြီးအကဲတို့ကို စုဝေး စေ၏။ |
← Ezra (7/10) → |