← Ezekiel (44/48) → |
1. | ထိုနောက်၊ သန့်ရှင်းရာအရပ်အရှေ့သို့ မျက်နှာ ပြုသော ပြင်တံခါးသို့ ဆောင်သွား၍၊ ထိုတံခါးသည် ပိတ်လျက်ရှိ၏။ |
2. | ထာဝရဘုရားကလည်း၊ ဤတံခါးကိုမဖွင့်ဘဲ ပိတ်ထားလျက်ရှိရမည်။ လူများမဝင်ရကြ။ အကြောင်းမူ ကား၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ဝင်တော်မူသောကြောင့် ပိတ်ထားလျက်ရှိရမည်။ |
3. | မင်းသားအဘို့ဖြစ်၏။ မင်းသားသည် ထာဝရ ဘုရားရှေ့တော်၌ စားသောက်၍ထိုတံခါးဝမှာ ထိုင်ရ လိမ့်မည် မင်းသားသည် ထိုတံခါးမုတ်ဖြင့် ထွက်ဝင် ရလိမ့်မည်ဟု မိန့်တော်မူ၏။ |
4. | ထိုအခါ အိမ်တော်ရှေ့၊ မြောက်တံခါးလမ်းဖြင့် ငါ့ကိုဆောင်သွား၍။ ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖြည့်တော်မူသဖြင့်၊ ငါသည် ပြပ်ဝပ်လျက်နေ၏။ |
5. | ထာဝရဘုရားကလည်း၊ အချင်းလူသား၊ စေ့စေ့ ကြည့်ရှု၍ မှတ်လော့။ ထာဝရဘုရား၏ အိမ်တော်အဘို့ ငါစီရင်ထုံးဖွဲ့ချက် ပညတ်တရားရှိသမျှတို့ကို နားထောင် လော့။ အိမ်တော်ဝင်ရာတံခါးဝနှင့် သန့်ရှင်းရာဌာနမှ ထွက်ရာတံခါးဝရှိသမျှတို့ကို စေ့စေ့မှတ်လော့။ |
6. | ပုန်ကန်တတ်သောသူ ဣသရေလအမျိုးသားတို့ အား အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ၊ အိုဣသရေလအမျိုးသားတို့၊ |
7. | သင်တို့သည် ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့် အသွေးကို ပူဇော်သောအခါ၊ ငါ့ဗိမာန်ကိုညစ်ညူးစေခြင်း ငှါ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကို မခံ သောကိုယ်ရှိသော တပါးအမျိုးသားတို့ကို ငါ၏သန့်ရှင်း ရာဌာနထဲသို့ သွင်း၍နေရာချသဖြင့်၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုများကို ပြုမိသည်ဖြစ်၍၊ ရောင့်ရဲသော စိတ်ရှိကြလော့။ စက်ဆုပ်ရွံရှာဘွယ်သောအမှုများ အားဖြင့် ငါ့ပဋိညာဉ်ကို ဖျက်ကြပြီ။ |
8. | ငါ၏သန့်ရှင်းရာဌာနကို မစောင့်။ ထိုဌာန၌ စောင့်သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထားကြပြီ။ |
9. | အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်နေ၍၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကိုမခံသော ကိုယ်ရှိ သောတပါးအမျိုးသားသည် ငါ၏သန့်ရှင်းရာဌာနထဲသို့ မဝင်ရ။ |
10. | ဣသရေလအမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲပြီးလျှင်၊ မိမိတို့ရုပ်တုများနောက်သို့ လိုက်သွား သောအခါ၊ ငါ့ထံမှထွက်၍လမ်းလွှဲသော လေဝိသားတို့ သည်လည်း ကိုယ်အပြစ်ကို ခံရကြမည်။ |
11. | သို့ရာတွင်၊ ငါ၏သန့်ရှင်းရာဌာနနှင့်ဆိုင်သော အမှုစောင့်ဖြစ်၍၊ ဗိမာန်တော်၌တံခါးတို့ကို စောင့်လျက်၊ အမှုတော်ကို ဆောင်ရွက်လျက်နေရကြမည်။ မီးရှို့ရာယဇ် နှင့် လူများပူဇော်သော ယဇ်ကောင်တို့ကို သတ်၍၊ လူများ ကိုယ်စား အမှုတော်ကို ဆောင်ရွက်ရကြမည်။ |
12. | သူတို့သည် ရုပ်တုတို့ရှေ့မှာ လူများအမှုကို ဆောင်ရွက်သဖြင့်၊ ဣသရေလအမျိုးထိမိ၍ ဒုစရိုက် အပြစ်ထဲသို့ လဲစရာအကြောင်းဖြစ်ဘူးသောကြောင့်၊ သူတို့ တဘက်၌ငါကျိန်ဆို၍၊ သူတို့သည် ကိုယ်အပြစ်ကို ခံရ ကြမည်။ |
13. | ယဇ်ပုရောဟိတ်လုပ်၍ ငါ့ထံသို့မချဉ်းကပ်ရကြ။ အလွန်သန့်ရှင်းသော ငါ့ဌာန၌ သန့်ရှင်းသောအရာတို့ကို မချဉ်းကပ်ရကြ။ ကိုယ်အရှက်ကွဲခြင်း၊ ကိုယ်ပြုမိသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို ခံရကြမည်။ |
14. | အိမ်တော်ကိုစောင့်၍၊ အိမ်တော်၌ ခပ်သိမ်း သောအမှုတို့ကို ဆောင်ရွက်စေခြင်းငှါ ငါခန့်ထားမည်။ |
15. | ဣသရေလ အမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွဲသောအခါ၊ ငါ၏သန့်ရှင်းရာဌာနကို စောင့်နေ သော လေဝိအမျိုးဖြစ်သော ဇာဒုတ်သား၊ ယဇ်ပုရော ဟိတ်တို့သည် ငါ့အမှုကိုဆောင်ခြင်းငှါ ငါ့ထံသို့ ချဉ်းကပ် ကြ၏။ ငါ့အားဆီဥနှင့်အသွေးကို ပူဇော်ခြင်းငှါ အရှေ့မှာ ရပ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
16. | ထိုသူတို့သည် ငါ၏သန့်ရှင်းရာဌာနထဲသို့ဝင်၍ ငါ့အမှုကိုဆောင်ခြင်းငှါ၊ ငါ့စားပွဲအနားသို့ ချဉ်းကပ်၍ ငါ့အမှုစောင့်ဖြစ်ရကြမည်။ |
17. | သူတို့သည် အတွင်းတန်တိုင်းတံခါး အတွင်းသို့ ဝင်သောအခါ၊ ပိတ်အဝတ်ကိုသာ ဝတ်ရကြမည်။ အတွင်း တန်တိုင်းတံခါးအတွင်း၌ အမှုတော်ကိုဆောင်ရွက်စဉ်၊ သိုးမွေးအဝတ်ကို မဝတ်ရကြ။ |
18. | ခေါင်းပေါ်မှာ ပိတ်ဦးထုပ်ကို ဆောင်း၍၊ ခါး၌ ပိတ်ပေါင်းဘီကိုဝတ်ရကြမည်။ ချွေးထွက်စေသော အဝတ်ကို မဝတ်ရကြ။ |
19. | လူများရှိရာ ပြင်တန်တိုင်းသို့ ထွက်သွားသော အခါ၊ အမှုတော်ကို ဆောင်စဉ်တွင် ဝတ်သောအဝတ်ကို ချွတ်၍၊ သန့်ရှင်းသောအခန်းတို့၌ ထားပြီးလျှင်၊ အခြား သောအဝတ်ကိုဝတ်ရကြမည်။ အရင်အဝတ်ကိုဝတ်လျက် လူများတို့ကို မသန့်ရှင်းစေရကြ။ |
20. | မိမိတို့ဆံပင်ကိုလည်း မရိတ်ရ၊ မရှည်စေခြင်းငှါ ဖြတ်ရမည်။ |
21. | ယဇ်ပုရောဟိတ်သည် အတွင်းတန်တိုင်းထဲသို့ ဝင်သောအခါ စပျစ်ရည်ကိုမသောက်ရ။ |
22. | မုတ်ဆိုးမနှင့် မစုံဘက်ရ။ လင်ကွာသောမိန်းမ နှင့် မစုံဘက်ရ။ ဣသရေလအမျိုး အပျိုကညာနှင့် သော်၎င်း၊ ယဇ်ပုရောဟိတ်၏မယားဖြစ်ဘူးသော မုတ်ဆိုးမ နှင့်သော်၎င်း စုံဘက်ရမည်။ |
23. | ငါ၏လူတို့သည် သန့်ရှင်းသောအရာ၊ မသန့်ရှင်း သောအရာတို့ကို၎င်း၊ စင်ကြယ်သောအရာ၊ မစင်ကြယ် သောအရာတို့ကို၎င်း ပိုင်းခြား၍သိစေခြင်းငှါ သွန်သင် ရကြမည်။ |
24. | တရားတွေ့မှုကိုစီရင်လျှင်၊ ငါ၏ဓမ္မသတ် အတိုင်း စီရင်ရကြမည်။ ငါ၏ဓမ္မပွဲတို့ကို ဆောင်ရွက်လျှင်၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို၎င်း၊ ငါ၏ဥပုသ်နေ့တို့ကို၎င်း စောင့်ရှောက်ရကြမည်။ |
25. | အသေကောင်ကိုချဉ်း၍ ကိုယ်ကို မညစ်ညူး စေရ။ သို့ရာတွင်၊ ကိုယ်မိဘ၊ သားသမီး၊ ညီအစ်ကို၊ လင်မနေသောနှမအတွက် ကိုယ်ကို ညစ်ညူးစေရသော အခွင့်ရှိ၏။ |
26. | သန့်ရှင်းခြင်းကိုပြုပြီးမှ ခုနစ်ရက်နေရမည်။ |
27. | သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ခြင်းငှါ အတွင်းတန်တိုင်း သန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင်၊ အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
28. | ထိုအရာသည် ယဇ်ပုရောဟိတ်တို့၏ အမွေဥစ္စာ ဖြစ်ရမည်။ ငါသည်သူတို့အမွေဥစ္စာဖြစ်၏။ ဣသရေလ ပြည်၌ သူတို့အားအမွေမြေကို မပေးရ။ ငါသည်သူတို့၏ အမွေမြေဖြစ်၏။ |
29. | ပူဇော်သောမုန့်ညက်နှင့်အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကို စားရကြမည်။ ဣသရေလအမျိုး သား ကျိန်ဆို၍ ပူဇော်သမျှတို့ကိုလည်း သိမ်းယူရကြမည်။ |
30. | အဦးသီးသောအသီးအမျိုးမျိုးနှင့်၊ ချီးမြှောက်ရာ ပူဇော်သက္ကာအလုံးစုံတို့ကို ယဇ်ပုရောဟိတ်သည် သိမ်းယူ ရမည်။ သူသည်သင့်အိမ်၌ ကောင်းကြီးမင်္ဂလာကို သက် ရောက်စေခြင်းငှါ၊ အဦးနယ်သော မုန့်စိမ်းကို သူ၌ လှူရမည်။ |
31. | ငှက်ဖြစ်စေ၊ သားဖြစ်စေ၊ အလိုလိုသေသော အကောင်၊ သားရဲကိုက်၍ သေသောအကောင်ကို ယဇ်ပုရောဟိတ်မစားရ။ |
← Ezekiel (44/48) → |