← Ezekiel (34/48) → |
1. | တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ |
2. | အချင်းလူသား၊ သင်သည် ဣသရေလအမျိုး သိုးထိန်းတို့တဘက်၌ ပရောဖက်ပြု၍ ဟောပြောလျက်၊ သိုးထိန်းတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကိုဆင့်ဆိုရမည်မှာ၊ ကိုယ်ကိုသာ ကျွေးမွေးသော ဣသရေလအမျိုး သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ သိုထိန်းသည် သိုးတို့ကိုမကျွေးမွေးရသလော။ |
3. | သင်တို့သည် သိုးနို့ကို စားကြ၏။ သိုးမွေးကို ဝတ်ကြ၏။ ဆူဖြိုးသော သိုးတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင်၊ သိုးတို့ကို မကျွေးမွေးပါတကား။ |
4. | အားနည်းသောသိုးကိုမ မစကြ၊ နာသော သိုးတို့ကိုဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့် မစည်းကြ၊ သူတပါးနှင့်သော သိုးကိုလိုက် ၍မဆောင်ခဲ့ ကြ၊ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။ |
5. | ထိန်းသောသူမရှိသောကြောင့် သိုးတို့သည် ကွဲပြားကြ၏။ ကွဲပြားလျက်နေသောအခါ ခပ်သိမ်းသော တောသားရဲစားစရာဖြစ်ကြ၏။ |
6. | ငါ့သိုးတို့သည် တောင်များ၊ မြင့်သောကုန်းများ အပေါ်မှာလဲ၍ မြေတပြင်လုံတွင် အရပ်ရပ်သို့ ကွဲပြား ပြန့်လွင့်လျက်နေ၍၊ အဘယ်သူမျှ မလိုက်ရှာကြ။ |
7. | သို့ဖြစ်၍၊ အချင်းသိုးထိန်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ |
8. | အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ အသက်ရှင်သည်အတိုင်း၊ သိုးထိန်းမရှိ၊ အဘယ်သိုးထိန်း မျှ ငါ့သိုးတို့ကိုမရှာ၊ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မကျွေးမွေး၊ ကိုယ်ကိုသာကျွေးမွေးသဖြင့်၊ ငါ့သိုးတို့သည် လုယူရာ၊ခပ်သိမ်းသောတောသားရဲစားစရာဖြစ်သောကြောင့်၊ |
9. | အချင်း သိုးထိန်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကိုနားထောင်ကြလော့။ |
10. | အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်သိုးထိန်းတို့ တလက်၌နေ၏။ ငါ့သိုးများကို သူတို့၌ငါတောင်း၍ သိုးထိန်းအရာကို နှုတ်မည်။ သိုးထိန်း တို့သည် နောက်တဖန်ကိုယ်ကို မကျွေးမွေးရကြ။ ငါ့သိုးများကို သူတို့ပစပ်မှ ငါနှုတ်၍ နောက်တဖန် မကိုက် မစားရကြ။ |
11. | အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်။ |
12. | ကွဲပြားလျက်ရှိသော မိမိသိုးတို့တွင် သိုးထိန်း ရောက်သောအခါ ကြိုးစား၍ ရှာသကဲ့သို့၊ ငါသည်လည်း ငါ့သိုးတို့ကိုကြိုးစား၍ ရှာမည်။ မိုဃ်းအုံ၍မိုက်သော နေ့၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနှုတ်ဆောင် မည်။ |
13. | အတိုင်းတိုင်းအပြည်ပြည်တို့က ခေါ်ခဲ့၍ စုဝေး စေပြီးလျှင်၊ သူတို့ နေရင်းပြည်သို့ ပို့ဆောင်မည်။ ဣသ ရေလတောင်တို့အပေါ်၊ မြစ်တို့အနား အစရှိသော နေစရာ အရပ်ရပ်တို့၌ ကျွေးမွေးမည်။ |
14. | ကောင်းသောကျက်စားရာအရပ်၌ ကျွေးမွေး မည်။ မြင့်သော ဣသရေလတောင်တို့အပေါ်မှာ သူတို့ ခြံရှိလိမ့်မည်။ သူတို့သည်ဣသရေလတောင်တို့အပေါ်မှာ ကောင်းသောခြံ၌အိပ်၍၊ ကြွယ်ဝသောကျက်စားရာ၌ ကျက်စားကြလိမ့်မည်။ |
15. | ငါသည် ငါ့သိုးများကို ကျွေးမွေးမည်။ အိပ်ရာ ကိုလည်း ငါပေးမည်။ |
16. | ပျောက်သောသိုးကို ငါရှာမည်။ သူတပါးနှင် သော သိုးကိုလိုက်၍ ဆောင်ခဲ့မည်။ အရိုးကျိုးသော သိုးကိုအဝတ်နှင့်စည်းမည်။ အားနည်းသော သိုးကိုမစ မည်။ ဆူဖြိုး၍အားရှိသောသိုးကိုကား၊ တရားအတိုင်း ကျွေးမွေး၍ ကွပ်မျက်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
17. | အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုငါ့သိုးတို့၊ တိရစ္ဆာန်အမျိုးမျိုးတို့ကို၎င်း၊ သိုးထီးနှင့် ဆိတ်ထီးတို့ကို၎င်း ငါပိုင်းခြားမည်။ |
18. | သင်တို့သည် ကောင်းသောကျက်စားရာအရပ်၌ စားသည်သာမက၊ ကျန်သော မြက်ပင်ကိုနင်းသော အမှုသည်သာမညအမှုဖြစ်သည်ဟု ထင်မှတ်ကြသလော။ ကြည်သော ရေကို သောက်သည်သာမက၊ ကျန်သော ရေကိုခြေနှင့် နောက်စေသောအမှုသည် သာမညအမှုဖြစ် သည်ဟု ထင်မှတ်ကြသလော။ |
19. | သင်တို့နင်းသောမြက်ပင်ကို၎င်း၊ ခြေနှင့်နောက် စေသော ရေကို၎င်း၊ ငါ့သိုးတို့သည် စားသောက်ရကြ မည်လော။ |
20. | သို့ဖြစ်၍၊ ထိုသူတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဆူဖြိုးသော တိရစ္ဆာန်တို့နှင့် ပိန်ကြုံ သောတိရစ္ဆာန်တို့ကို ငါသည် ကိုယ်တိုင်ပိုင်းခြားမည်။ |
21. | သင်တို့သည် အားနည်းသောသိုးတို့ကို အရပ်ရပ် သို့ ကွဲပြားစေခြင်းငှါ နံပါးနှင့်၎င်း၊ ပခုံးနှင့်၎င်း တိုး၍ ချိုနှင့်ခွေ့သောကြောင့်၊ |
22. | ငါသည် ငါ့သိုးတို့ကို ကယ်တင်သဖြင့်၊ သူတို့ သည် နောက်တဖန် လုယူရာမဖြစ်ရကြ။ တိရစ္ဆာန် အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြားမည်။ |
23. | သိုးထိန်းတဦးကိုလည်း ငါခန့်ထား၍ သူသည် ကျွေးမွေးလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည် သူတို့ကို ကျွေးမွေး၍ သိုးထိန်းလုပ်ရလိမ့်မည်။ |
24. | ငါထာဝရဘုရားသည် သူတို့၏ဘုရားသခင် ဖြစ်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့၏မင်းဖြစ်ရ လိမ့်မည်။ ငါထာဝရဘုရားပြောပြီ။ |
25. | သူတို့နှင့်ငြိမ်သက်ခြင်း ပဋိညာဉ်ကို ငါဖွဲ့၍၊ ဆိုးသောသားရဲတို့ကို ထိုပြည်၌ပယ်ဖြတ်မည်။ သူတို့သည် လွင်ပြင်၌ ငြိမ်ဝပ်စွာနေ၍ တော၌အိပ်ပျော်ကြလိမ့်မည်။ |
26. | သူတို့ကို၎င်း၊ ငါ၏တောင်တော်ပတ်လည်၌ ရှိသော အရပ်တို့ကို၎င်း ငါကောင်းကြီးပေး၍၊ အချိန်တန် လျှင် မိုဃ်းကိုရွာစေသဖြင့်၊ ကောင်းကြီးမိုးရေ ကျရ လိမ့်မည်။ |
27. | တောသစ်ပင်သည် အသီးကို သီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကိုပေးလိမ့်မည်။ ပြည်သား တို့သည် ငြိမ်ဝပ်စွာနေရကြလိမ့်မည်။ သူတို့ထမ်းသော ထမ်းပိုးကြိုးကို ငါဖြတ်၍၊ အနိုင်အထက်စေခိုင်သောသူတို့ လက်မှကယ်နှုတ်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။ |
28. | နောက်တဖန်တပါး အမျိုးသားတို့သည် မလု မယူရကြ။ ပြည်သားရဲတို့သည်လည်း ကိုက်၍မစားရကြ။ အဘယ်သူမျှမကြောက်စေဘဲ၊ သူတို့သည် ငြိမ်ဝပ်စွာ နေရကြလိမ့်မည်။ |
29. | အသရေရှိသော ဥယျာဉ်ကိုလည်း သူတို့အဘို့ ငါပြုစုမည်။ နောက်တဖန်ပြည်၌ အစာအဟာရ ခေါင်း ပါး၍၊ သူတို့သည်မွတ်သိပ်ခြင်းကို မခံရကြ။ တပါး အမျိုးသားတို့၏ကဲ့ရဲ့ခြင်းကိုလည်း မခံရကြ။ |
30. | သူတို့၏ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူရှိကြောင်းကို၎င်း၊ ဣသရေလအမျိုးသား တည်းဟူသောသူတို့သည် ငါ၏လူဖြစ်ကြောင်းကို၎င်း သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
31. | ငါ၏ကျက်စားရာအရပ်၌ရှိသော ငါ့သိုးတို့၊ သင်တို့သည်လူဖြစ်ကြ၏။ ငါသည်လည်း သင်တို့၏ ဘုရား သခင်ဖြစ်သည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ |
← Ezekiel (34/48) → |