Ezekiel (1/48) → |
1. | သက္ကရာဇ်သုံးဆယ်ပြည့်၊ ယေခါနိမင်းကြီး နန်းကျပဉ္စမနှစ်၊ စတုတ္ထလငါးရက်နေ့၌ ငါသည် သိမ်းသွားသော သူတို့တွင် ခေဗာမြစ်နားမှာရှိနေစဉ်၊ |
2. | မိုဃ်းကောင်းကင်ပွင့်၍ ဘုရားသခင်၏ဗျာဒိတ် ရူပါရုံတို့ကို မြင်ရ၏။ |
3. | ထိုအခါခါလဒဲပြည်၊ ခေဗာမြစ်နားမှာ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ယဇ်ပုရောဟိတ် ဗုဇိသားယေဇကျေလ အမည် ရှိသော ငါဆီသို့ရောက်၍၊ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ တင်လျက်ရှိ၏။ |
4. | ငါကြည့်ရှု၍၊ ပြင်းစွာသော လေကြီးစွာသော မိုဃ်းတိမ်၊ ထွန်းလင်သော မီးစက်သည် မြောက်မျက်နှာမှ ပေါ်လာ၏။မီးစက်ထဲက ဟရှဓေလရွှေရောင် ထွက် လေ၏။ |
5. | ထိုမီးစက်ထဲမှာ သတ္တဝါလေးပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တဝါတို့၏ အဆင်းသဏ္ဍာန်ဟူမူကား၊ လူ၏ပုံသဏ္ဍန်ကိုဆောင်၍၊ |
6. | မျက်နှာလေးခုစီ၊ အတောင်လည်း လေးခုစီ ရှိကြ၏။ |
7. | ခြေထောက်သည် ဖြောင့်သေည ခြေထောက်ဖြစ်၏။ ခြေဘဝါးသည် နွားသငယ်၏ ခြေဖဝါးကဲ့သို့ ဖြစ်၍ ဦးသစ်သော ကြေးဝါကဲ့သို့ တောက်လေ၏။ ကိုယ်လေးမျက်နျာအတောင်အောက်၌ လူလက်ရှိ၏။ |
8. | ထိုလေးပါးတို့သည် မျက်နှာတို့နှင့်၎င်း၊ အတောင်တို့နှင့်၎င်း ပြည့်စုံကြ၏။ |
9. | အတောင်ချင်းတခုနှင့်တခု စပ်လျက်ရှိ၍၊ ထိုသတ္တဝါတို့ သွားသောအခါတပါးမျှ မလည်ဘဲ တည့်တည့်သွားတတ်ကြ၏။ |
10. | မျက်နှာအဆင်းသဏ္ဍာန်ဟူမူကား၊ သတ္တဝါ လေးပါးတို့သည် လက်ျာဘက်၌ လူမျက်နှာ၊ ခြင်္သေ့ မျက်နှာနှင့်၎င်း၊ လက်ဝဲဘက်၌နွားမျက်နှာ၊ ရွှေလင်းတ မျက်နှင်နှင့်၎င်း ပြည့်စုံကြ၏။ |
11. | အတောင်များတို့သည် အထက်သို့ပြန့်၍၊ အတောင်နှစ်ခုချင်းစပ်လျက်၊ နှစ်ခုဖြင့် ကိုယ်ကိုဖုံးလျက် ရှိကြ၏။ |
12. | ထိုသတ္တဝါတို့သည် ဝိညာဉ်တော်သွားခွင့်ရှိသည် အတိုင်း သွားကြ၏။ သွားသောအခါတပါးမျှ မလည်ဘဲ တည့်တည့်သွားတတ်ကြ၏။ |
13. | ထိုသတ္တဝါတို့၏ အဆင်းအရောင်သည်ကား၊ တောက်သော မီးခဲအရောင်၊ မီးခွက်အရောင်နှင့်တူ၏။ မီးသည်တောက်လျက် သတ္တဝါတို့တွင် အနှံ့အပြား လှည့်လည်၍ မီးထဲက လျှပ်စစ်ပြက်လေ၏။ |
14. | သတ္တဝါတို့သည်လည်း လျှပ်စစ်နွယ်ကဲ့သို့ အရောင်တောက်၍၊ ပြေးလျက် ပြန်လာလျက်ရှိကြ၏။ |
15. | ထိုသတ္တဝါတို့ကို ငါ့ကြည့်ရှုစဉ်၊ သူတို့အနားမှာ လေးပိုင်းရှိသော ရထားဘီးတခုစီ ထင်ရှား၏။ |
16. | ထိုရထားဘီးတို့၏ အဆင်းအရောင်သည်ကား၊ ကျောက်မျက်ရွဲ အဆင်းအရောင်နှင့်တူ၏။ ထိုလေးခုတို့ သည် အဆင်းအရောင်တညီတည်း ရှိကြ၏။ ပုံသဏ္ဍာန်မူ ကား၊ ဘီးတခုအထဲ၌ ဘီးတခုတပ်သကဲ့သို့ဖြစ်၏။ |
17. | သွားသောအခါ ဘီးလေးမျက်နှာတို့သည် တညီတည်းဖြစ်၍ မလည်ဘဲသွားတတ်ကြ၏။ |
18. | ဘီးဝန်းတို့သည်လည်း မြင့်၍ ကြောက်မက်ဘွယ် ဖြစ်ကြ၏။ ထိုလေးပါးတို့သည်မျက်စိနှင့်ပြည့်ကြ၏။ |
19. | သတ္တဝါတို့သည် သွားသောအခါ၊ ဘီးတို့သည် လည်း ထက်ကြပ်ပါကြ၏။ |
20. | သတ္တဝါတို့သည် မြေကြီးနှင့်ကွာ၍ တက်သော အခါ၊ ဘီးတို့သည်လည်း တက်ကြ၏။ ဝိညာဉ်တော် သွားခွင့်ရှိသည်အတိုင်း၊ သူတို့သည်လည်း သွားကြ၏။ ဘီးတို့သည်လည်း သူတို့နှင့်ထက်ကြပ်တက်၍ လိုက်ကြ ၏။ သတ္တဝါတို့၏ ဝိညာဉ်သည်ဘီးတို့၌ရှိ၏။ |
21. | သူတို့သွားသောအခါဘီးတို့သည်သွားကြ၏။ သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း သူတို့နှင့်ထက်ကြပ်တက်၍လိုက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါတို့၏ဝိညာဉ်တော်သည် ဘီးတို့၌ရှိ၏။ |
22. | ထိုသတ္တဝါတို့၏ ခေါင်းများအပေါ်မှာ မိုဃ်း မျက်နှာကြက်၏ အဆင်းအရောင်သည်ရှိ၍၊ ကြောက်မက် ဘွယ်သော ကျောက်သလင်းမျက်နှာကြက်ကဲ့သို့ဖြစ်၏။ |
23. | မိုဃ်းမျက်နှာကြက်အောက်မှာ သူတို့အတောင် များသည် တခုသို့တခုတည့်တည့်ပြန့်လျက်ရှိ၍၊ ပြင်ဘက် ၌လည်း ကိုယ်ကိုဖုံးစရာဘို့ အတောင်နှစ်ခုစီရှိ၏။ |
24. | သူတို့သွားသောအခါ သမုဒ္ဒရာရေသံကဲ့သို့၎င်း၊ အနန္တတန်ခိုးရှင်၏အသံတော်ကဲ့သို့၎င်း၊ အတောင်တို့မြည်သောအသံကို ငါကြား၏။ စကားသံသည်လည်း လူအလုံးအရင်း၏ စကားသံကဲ့သို့ဖြစ်၏။ ရပ်သောအခါ အတောင်တို့ကို ချလျက်နေကြ၏။ |
25. | ရပ်၍အတောင်တို့ကို ချသောအခါ၊ သူတို့၏ ခေါင်းများအပေါ်မှာ မိုဃ်းမျက်နှာကြက်ထဲက စကားသံ သည် ထွက်၏။ |
26. | သူတို့၏ခေါင်းများအထက်၊ မိုဃ်းမျက်နှက်ကြက် အပေါ်၌လည်း နီလာကျောက်ကဲ့သို့ အဆင်းအရောင် ရှိသော ရာဇပလ္လင်သဏ္ဌာန်ပေါ်၏။ ပလ္လင်သဏ္ဍာန် အပေါ်၌လည်း လူပုံသဏ္ဍာန်ကဲ့သို့ ပေါ်၏။ |
27. | ပလ္လင်အတွင်း၌၎င်း၊ ပတ်လည်၌၎င်း၊ ခါး သဏ္ဍာန်မှသည် အထက်ပိုင်း၌ ဟရှမေလရွှေအရောင် နှင့်မီးအရောင်ကဲ့သို့ ထင်ရှား၏။ အောက်ပိုင်း၌ မီး အရောင်ကဲ့သို့ ထင်ရှား ၍ ပတ်လည်၌ ထွန်းတောက်လေ၏။ |
28. | ထိုသို့ထွန်းတောက်သော အရောင်သည် မိုဃ်း ရွာသောနေ့တွင်၊ မိုဃ်းတိမ်၌ပေါ်သော သက်တံ့၏ အရောင်ကဲ့သို့ ဖြစ်၏။ ဤရွှေကား၊ ထာဝရဘုရား၏ ဘုန်းတော်သဏ္ဌာန်အဆင်းအရောင်ဖြစ်သတည်း။ |
Ezekiel (1/48) → |