← Ecclesiastes (10/12) → |
1. | အထုံသမားလုပ်သော နံ့သာဆီကို သေသော ယင်ကောင်သည် နံစေသကဲ့သို့၊ အနည်းငယ်သောအမိုက် သည် ပညာနှင့်ဂုဏ်အသရေထင်ရှားသောသူကို ထိုအတူ ဖြစ်စေတတ်၏။ |
2. | ပညာရှိသောသူ၏ နှလုံးသည် မိမိလက်ျာလက် ၌ ရှိ၏။ မိုက်သောသူ၏နှလုံးမူကား၊ မိမိလက်ဝဲလက်၌ ရှိ၏။ |
3. | မိုက်သောသူသည် လမ်း၌သွားစဉ်တွင်ပင် သတိ လစ်၍၊ ငါသည် လူမိုက်ဖြစ်၏ဟု ခပ်သိမ်းသောသူတို့အား ပြောတတ်၏။ |
4. | မင်းသည် သင့်ကိုစိတ်ဆိုးလျှင်၊ ကိုယ်နေသင့် အရပ်မှ မရွေ့နှင့်။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ်၏။ |
5. | မင်းမှားယွင်းခြင်းအားဖြင့် ဖြစ်တတ်သော၊ နေအောက်၌ ငါမြင်ရသောအမှုဆိုးဟူမူကား၊ |
6. | မိုက်သောသူတို့သည် မြင့်သောအရပ်၊ သူဌေးတို့ သည် နိမ့်သောအရပ်၌ ထိုင်ရသောအမှု၊ |
7. | ကျွန်တို့သည် မြင်းကိုစီး၍ မှူးမတ်တို့သည် ကျွန် ကဲ့သို့ မြေပေါ်မှာ ခြေဖြင့်သွားရသောအမှုကို ငါမြင် လေပြီ။ |
8. | တွင်းကို တူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့် မည်။ ခြံကိုဖျက်သော သူသည် မြွေကိုက်ခြင်းကို ခံရလိမ့် မည်။ |
9. | ကျောက်တို့ကို ရွှေ့သောသူသည် ဖိခြင်းကို ခံရလိမ့်မည်။ ထင်းခုတ်သောသူသည်လည်း ရှနလိမ့်မည်။ |
10. | ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင်သာ၍ အားထုတ်ရမည်။ ပညာသည် အမှုဆောင်ရသောအခွင့် ကို ပေး၍ ကျေးဇူးကြီး၏။ |
11. | မြွေသည် ပြုစားခြင်းကိုမခံ။ ကိုက်မိလျှင် အလမ္ပယ်သမား ကျေးဇူးမရှိ။ |
12. | ပညာရှိသောသူ၏စကားသည် လျောက်ပတ်၏။ မိုက်သောသူ၏ နှုတ်မူကား သူ့ကိုယ်ကိုမျိုတတ်၏။ |
13. | သူ၏စကားအစသည် မိုက်ခြင်း၊ အဆုံးသည် အပြစ်ပြုတတ်သော ရူးခြင်းဖြစ်၏။ |
14. | မိုက်သောသူသည် စကားများတတ်၏။ သို့သော် လည်း ဖြစ်လတံ့သောအရာကို လူသည်မပြောနိုင်ရာ။ လူနောက်၌ အဘယ်သို့ ဖြစ်လတံ့သည်ကို အဘယ်သူ ပြောနိုင်သနည်း။ |
15. | မြို့သို့သွာသောလမ်းကို မသိသောသူကဲ့သို့ မိုက်သော သူသည် ကြိုးစားအားထုတ်သော်လည်း၊ သူတပါးတို့ကို ပင်ပန်းစေတတ်၏။ |
16. | ငယ်သားအစိုးရ၍ မှူးမတ်များအချိန်မဲနံနက် စောစော စားသောက်တတ်သောပြည်သည် အမင်္ဂလာ ရှိ၏။ |
17. | မင်းသားအစိုးရ၍၊ မှူးမတ်တို့သည် လွန်ကျူးစွာ မစားမသောက်ဘဲ၊ အချိန်တန်မှအားဖြည့်ခြင်းငှါသာ၊ စားသောက်တတ်သော ပြည်သည် မင်္ဂလာရှိ၏။ |
18. | အလွန်ပျင်းရိခြင်းအားဖြင့် အိမ်သည် ဆွေးမြေ့ တတ်၏။ လက်နှင့်မပြုပြင်ဘဲနေလျှင် အိမ်မိုးယိုတတ်၏။ |
19. | ပျော်မွေ့ခြင်းငှါ ပွဲကိုလုပ်တတ်၏။ စပျစ်ရည် သည်လည်း ရွှင်လန်းစေတတ်၏။ ငွေမူကား၊ အရာရာ၌ နိုင်တတ်၏။ |
20. | ရှင်ဘုရင်ကို စိတ်ဖြင့်မျှ မကျိတ်ဆဲနှင့်။ လူကြီး ကို အိပ်ခန်းထဲ၌ မကျိန်ဆဲနှင့်။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် ထိုအသံကို ဆောင်သွား လိမ့်မည်။ ပျံတတ်သော အကောင်သည် ထိုအမှုကို ဘော်ပြလမ့်မည်။ |
← Ecclesiastes (10/12) → |