← Daniel (8/12) → |
1. | ဗေလရှာဇာမင်းကြီးနန်းစံ သုံးနှစ်တွင်၊ ငါ ဒံယေလသည် ယခင် ဗျာဒိတ်တော်ကို မြင်ပြီးသည်နောက်၊ တဖန် ဗျာဒိတ်ရူပါရုံကို မြင်ရသောအကြောင်းအရာဟူ မူကား၊ |
2. | ဧလံပြည်၊ ရူရှန်မြို့တော်၌ ဥလဲမြစ်နားမှာ ငါရှိ စဉ်၊ ရူပါရုံထင်ရှား၍၊ |
3. | ငါမျှော်ကြည့်သော၊ ရှည်လျားသော ချို နှစ်ချောင်းရှိသော သိုးတကောင်သည် မြစ်တဘက်၌ ရပ် နေ၏။ ထိုချိုနှစ်ချောင်းသည်မညီ၊ တချောင်းသာ၍ ရှည်၏။ သာ၍ ရှည်သောချိုသည် နောက်ပေါက် သတည်း။ |
4. | ထိုသိုးသည် အနောက်၊ တောင်၊ မြောက်၊ သုံး မျက်နှာသို့ တိုးခွေ့သောကြောင့် အဘယ်တိရစ္ဆာန်မျှ မခံနိုင်၊ အဘယ်သူမျှ သူ့လက်မှတ်မကယ်မလွှတ်နိုင်သည် ဖြစ်၍ မိမိအလိုရှိသည့်အတိုင်း ပြုသဖြင့် ကြီးမားခြင်းသို့ ရောက်လာ၏။ |
5. | ထိုအမှုကို ငါဆင်ခြင်လျက်နေသောအခါ၊ မျက်စိ နှစ်လုံးကြား၌ ထူးဆန်းသော ချိုတချောင်းရှိသော ဆိတ် တကောင်သည် အနောက်မျက်နှာကလာ၍၊ မြေကို မနင်းဘဲ မြေကြီးတပြင်လုံးကို ကျော်လေ၏။ |
6. | ချိုနှစ်ချောင်းနှင့်မြစ်တဘက်၌ ထင်ရှားသော သိုးရှိရာသို့ ပြင်းစွာသော အဟုန်နှင့်ပြေး၍ |
7. | အနားသို့ ရောက်သောအခါ၊ ပြင်းစွာ အမျက် ထွက်သဖြင့် သိုးကို ခတ်၍ သိုးချိုနှစ်ချောင်းကို ချိုးဖဲ့၏။ သိုးသည်ခံနိုင်သော တန်ခိုးမရှိသည် ဖြစ်၍ ဆိတ်သည် သူ့ကိုမြေ၌ လှဲ၍နင်းလေ၏။ သူ့လက်မှ အဘယ်သူမျှ သိုးကို မကယ်မလွှတ်နိုင်။ |
8. | သို့ဖြစ်၍၊ ထိုဆိတ်သည် အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။ ခွန်အားကြီးသောအခါ ချိုကြီးကျိုးပဲ့၏။ ထိုချိုအရာ၌ ထူးဆန်းသော ချိုလေးချောင်းပေါက်၍၊ မိုဃ်းကောင်းကင်လေးမျက်နှာသို့ မျက်နှာပြုကြ၏။ |
9. | ထိုချိုလေးချောင်းတွင် တချောင်းထဲက အခြား သောချိုတက်တ ချောင်းပေါက်ပြန်၍ တောင်မျက်နှာသို့၎င်း၊ အရှေ့မျက်နှာသို့၎င်း၊ သာယာသော ပြည်သို့၎င်း မျက်နှာပြု၍၊ အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။ |
10. | ကောင်းကင်ဗိုလ်ခြေတိုင်အောင်ကြီးမား၍၊ ထိုဗိုလ်ခြေအချို့တို့နှင့် ကြယ်အချို့တို့ကို မြေသို့ချ၍ နင်းလေ၏။ |
11. | ထိုမျှမက၊ ဗိုလ်ခြေသခင်တိုင်အောင် ထောင် လွှားခြင်းကို ပြုလျက်၊ နေ့ရက်အစဉ်ပြုသော ဝတ်ကိုပယ်၍၊ သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ၏။ |
12. | အပြစ်များသောကြောင့် နေ့ရက်အစဉ်ပြုသော ဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ၍ သမ္မာ တရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍ အောင်မြင်ခြင်းသို့ ရောက်လေ၏။ |
13. | ထိုအခါ သန့်ရှင်းသူတပါး၏ စကားပြောသံကို ငါကြား၏။ သန့်ရှင်းသူတပါးက၊ ယခင်ပြောသော သူကို ဟစ်၍၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကိုနင်းခြင်း အလိုငှာ နေ့ရက်အစဉ်ပြုသောဝတ်ကို ပယ်ခြင်းနှင့်၎င်း၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့်၎င်း စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည်အဘယ်မျှ ကာလပတ်လုံး တည်လိမ့် မည်နည်းဟုမေးမြန်းလျှင်၊ |
14. | ယခင်ပြောသူက ရက်ပေါင်းနှစ်ထောင်သုံးရာ တိုင်တိုင် တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တဖန်ဆေးကြောသုတ်သင်ကြလိမ့် မည်ဟုပြန်၍ ပြောဆို ၏။ |
15. | ငါဒံယေလသည် ထိုရူပါရုံကို မြင်၍ အနက်ကို ရှာဖွေသောအခါ၊ လူသဏ္ဌာန်ရှိသောသူတဦးသည် ငါ့ရှေ့တွင် ရပ်နေ၏။ |
16. | အခြားသော သူက၊ အိုဂါဗြေလ၊ ထိုသူသည် ယခု မြင်သော ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှါ အနက်ကို ပြန်ပောလော့ဟု၊ ဥလဲ မြစ်နားကြားမှာ လူအသံနှင့်ဟစ်၍ ပြောဆိုသည်ကို ငါကြား၏။ |
17. | ထိုသူသည် ငါရပ်နေရာအပါးသို့လာလျှင်၊ ငါသည် ကြောက်ရွံ့၍ ပြပ်ဝပ်လျက်နေ၏။ ထိုသူက၊ အချင်းလူသား၊ နားလည်လော့။ ဤဗျာဒိတ် ရူပါရုံသည် အမှုကုန် ရသောကာလနှင့်ဆိုင်သည်ဟု ငါ့အား ပြောဆို ၏။ |
18. | ထိုသို့ ဆိုသောအခါ ငါသည် မြေပေါ်မှာပြပ်ဝပ်၍ မိန်းမော တွေဝေလျက်နေ၏။ ထိုသူသည်ငါ့ကိုလက်နှင့် တို့၍ ယခင်နေရာ၌ မတ်တတ်နေစေပြီးလျှင်၊ |
19. | ဒေါသအမျက်တော်အဆုံး၌ ဖြစ်လတံ့သော အရာကိုငါကြား ပြောဦးမည်။ ချိန်းချက်သောအချိန်၌ လက်စသတ်လိမ့်မည်။ |
20. | ချိုနှစ်ချောင်းနှင့် ပေါ်လာသော သိုးသည် မေဒိ ရှင်ဘုရင်၊ ပေရသိရှင်ဘုရင်ဖြစ်၏။ |
21. | အမွေးကြမ်းသော ဆိတ်သည် ဟေလသ ရှင်ဘုရင် ဖြစ်၏။ မျက်စိနှစ်လုံးကြား၌ရှိသော ချိုကြီးသည် ပဌမမင်းဖြစ်၏။ |
22. | ထိုချိုကျိုးပဲ့၍၊ သူ့အရာ၌ ချိုလေးချောင်းပေါက် သည်မှာ အရင်နိုင်ငံတွင် နိုင်ငံလေးပါး ထည်ထောင်လိမ့် မည်။ အရင်နိုင်ငံ၏တန်ခိုးနှင့် မပြည့်စုံကြ။ |
23. | ထိုနိုင်ငံတို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူး သော သူတို့၏ အပြစ်ပြည့်စုံသောအခါ၊ ရဲရင့်သော မျက်နှာရှိ၍ ပရိယာယ်တို့ကို နားလည်သော မင်းကြီး တပါး ပေါ်လာလိမ့်မည်။ |
24. | ထိုမင်းကြီးသည် ကိုယ်တန်ခိုးမရှိဘဲလျက် တန်ခိုးကြီးလိမ့်မည်။ အထူးသဖြင့် ဖျက်ဆီး၍ တိုးပွား အောင်မြင်လိမ့်မည်။ စွမ်းအားကြီးသော လူစု၊ သန့်ရှင်း သော လူစုကို ပင် ဖျက်ဆီးလိမ့်မည်။ |
25. | သူသည်လိမ္မာစွာပြုသဖြင့်၊ မုသာလည်း အောင် မြင်လိမ့်မည်။ စိတ်ထောင်လွှားခြင်းနှင့်တကွ မိဿဟာယ ဖွဲ့သောအားဖြင့် လူများတို့ကို ဖျက်ဆီး၍၊ သခင်တို့၏သခင် ကို ဆန့်ကျင်ဘက်ပြုလိမ့်မည်။ သို့သော်လည်း၊ လူလက် ဖြင့် ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ |
26. | ညဦးနှင့် နံနက်ကို တော်ပြသောဗျာဒိတ် ရူပါရုံ စကားမှန်သည် ဖြစ်၍ ထိုစကားကို တံဆိပ်ခက်ထား လော့။ တာရှည်သော ကာလတိုင်တိုင် တည်လိမ့်မည်ဟု ဆို၏။ |
27. | ထိုအခါ ငါဒံယေလသည် မော၍ နာလျက် နေ၏။ တဖန် အနာမထမြောက်၍ ဘုရင်၏အမှုတော်ကို ဆောင်ရွက်၏။ မြင်ပြီးသော ဗျာဒိတ်ရူပါရုံကို ငါ့အံ့ဩ သော်လည်း ထိုအမှုကို အဘယ်သူမျှ မရိပ်မိကြ။ |
← Daniel (8/12) → |