← Acts (28/28) |
1. | ကုန်းပေါ်သို့ ရောက်သောအခါ၊ ထိုကျွန်းကား မေလိတေကျွန်းဖြစ်သည်ကို သိကြ၏။ |
2. | မိုဃ်းရွာ၍ ချမ်းသောကြောင့်လူရိုင်းတို့သည် မီးမွေးပြီးလျှင်၊ ငါတို့အပေါင်းကို လက်ခံ၍ အထူးသဖြင့် ကျေးဇူးပြုကြ၏။ |
3. | ပေါလုသည် ထင်းကိုစုသိမ်း၍ မီးပေါ်မှာ ထည့်စဉ်တွင်၊ မြွေဆိုးသည်မီးငွေ့ထဲကထွက်၍ ပေါလု၏ လက်ကို တွယ်လျက်နေ၏။ |
4. | ထိုလူရိုင်းတို့သည်မြင်လျှင်၊ ဤလူကား၊ လူ အသက်ကို သတ်သောသူ အမှန်ဖြစ်၏။ ပင်လယ်ဘေးမှ လွတ်သော်လည်း၊ အသက်ရှင်စေခြင်းငှါ တရားသည် အခွင့်မပေးဟု အချင်းချင်းဆိုကြ၏။ |
5. | ပေါလုသည်မြွေကို မီးထဲသို့ခါချ၍ အဘယ် ဘေးမျှမသင့်။ |
6. | သူသည်တကိုယ်လုံးရောင်မည်၊ တခဏခြင်း တွင်လဲ၍သေမည်ဟု ထိုသူတို့သည်ကြာမြင့်စွာ ငံ့လင့် သော်လည်း၊ သူ၌မကောင်းသော အပြစ်တစုံတခုကိုမျှ မမြင်လျှင် သဘောပြောင်းလဲ၍ ဤသူကားနတ် ဘုရား ဖြစ်သည်ဟု ဆိုကြ၏။ |
7. | ထိုအရပ်နှင့်မနီးမဝေးပုဗလိ အမည်ရှိသော ကျွန်းသူကြီး၏ နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်ကျွေးပြုစုလေ၏။ |
8. | ပုဗလိမင်း၏အဘသည်ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ၍၊ တုံးလုံးနေသည်ကို ပေါလုဝင်၍ ဆုတောင်း ပြီးမှ၊ သူ့အပေါ်၌ လက်တင်၍ အနာကို ငြိမ်းစေ၏။ |
9. | ဤသို့ပြုသောကြောင့်၊ ထိုကျွန်း၌ အနာရောဂါစွဲသော အခြားသူရှိသမျှတို့သည် လာ၍ ချမ်းသာခြင်းကို ရကြ၏။ |
10. | ထိုသူတို့သည် များစွာသော လက်ဆောင်တို့ကို ပေး၍ ၊ ငါတို့သည် လွှင့်ပြန်သောအခါ၊ ရိက္ခာများကို လည်း သင်္ဘောပေါ်သို့ တင်ကြ၏။ |
11. | သုံးလလွန်လျှင်၊ နတ်သားအမြွှာတို့၏ ရုပ်တု ပါသော ထိုကျွန်း၌ ဆောင်းကာလပတ်လုံးနေခဲ့ဘူးသော အာလေဇန္ဒြိသင်္ဘောကို ငါတို့သည် စီးပြန်၍၊ |
12. | သုရကုတ်မြို့သို့ဆိုက်လျှင် သုံးရက်နေကြ၏။ |
13. | ထိုမြို့မှလွှင့်ပြန်၍ ဝိုက်သွားသဖြင့်၊ ရေဂျုန်မြို့ သို့ရောက်၍ တရက်နေပြီးမှ တောင်လေလာသော ကြောင့်၊ နှစ်ရက်တွင်ပေါတယောလိ မြို့သို့ရောက်ကြ၏။ |
14. | ထိုမြို့၌ ညီအစ်ကိုအချို့တို့ကိုတွေ့၍ ခုနစ်ရက် နေကြပါဟု သူတို့သည်တောင်းပန်သည် အတိုင်းနေပြီးမှ၊ ရောမမြို့သို့ ခရီးသွားကြ၏။ |
15. | ရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှါ အချို့တို့ သည် အပ္ပိဈေးတိုင်အောင်၎င်း၊ အချို့တို့သည် သုံးစရပ်တိုင်အောင်၎င်းလာကြ၏။ ပေါလုသည် ထိုသူတို့ကို မြင်လျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်းသို့ ရောက်လေ၏။ |
16. | ရောမမြို့သို့ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလုသည်မိမိကို စောင့်သောစစ်သူရဲတယောက်နှင့် အတူမိမိအလိုအလျောက်နေရသော အခွင့်ကိုရ၏။ |
17. | သုံးရက်လွန်သောအခါ၊ ပေါလုသည် ယုဒလူ အကြီးအကဲတို့ကို ခေါ်၍စုဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယုဒလူမျိုးကို မပြစ်မှား၊ မိစဉ်ဘဆက် ကျင့်သောထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင်၊ ယေရှုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား၍ ရောမလူတို့ လက်သို့ အပ်လိုက်ကြ၏။ |
18. | ရောမလူတို့သည် အကျွန်ုပ်ကိုစစ်ကြောပြီးမှ၊ သေထိုက်သော အပြစ်တစုံတခုကိုမျှ မတွေ့သဖြင့် လွှတ်ခြင်းငှါအလိုရှိကြ၏။ |
19. | ထိုအလိုကိုယုဒလူတို့သည် ဆီးတားသောအခါ၊ ကဲသာဘုရင်၏ အယူတော်ခံပါမည်ဟုအကျွန်ုပ် ဆိုရ၏။ ထိုသို့ဆိုသော် အမျိုးသားချင်းတို့ကို အပြစ်တင်စရာ တစုံတခုရှိသောကြောင့်ဆိုသည်မဟုတ်။ ထိုကြောင့် သင်တို့ကိုမြင်၍ နှုတ်ဆက်ခြင်းငှါ အကျွန်ုပ်ခေါ်ပါပြီ။ |
20. | ဣသရေလအမျိုး၏မြောက်လင့်ရာ အတွက်ကြောင့်၊ အကျွန်ုပ်သည် ဤသံကြိုးနှင့်ချည်နှောင်ခြင်းကို ခံရပါ၏ဟု ပြောဆိုလျှင်၊ |
21. | ထိုသူတို့က၊ သင်၏အကြောင်းကို ကြားလိုက်သောစာကို ယုဒပြည်မှအကျွန်ုပ်တို့မရကြ။ ထိုပြည်မှ လာသော ညီအစ်ကိုတို့တွင် အဘယ်သူမျှ သင်၌ အပြစ် ရှိကြောင်းကို မကြားမပြောပါ။ |
22. | သို့သော်လည်း ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကို ခံရသော ဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်ဖြစ်၍ သင်၏အယူဝါဒကို သင်သည် ကိုယ်တိုင်တော်ပြသောစကားကို အကျွန်ုပ် တို့သည် နားထောင်သင့်သည်ထင်ပါ၏ဟု ဆိုကြလျှင်၊ |
23. | နေ့ရက်ကိုချိန်းချက်၍ လူများတို့သည်ပေါလု တည်းခိုရာ အရပ်သို့ လာကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကိုသက်သေခံ သဖြင့်၎င်း၊ ထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှါ၊ မောရှေ၏ပညတ္တိကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အမှီပြု၍ ဖြားယောင်းသွေးဆောင် သဖြင့်၎င်း၊ နံနက်အချိန်မှစ၍ ညအချိန်တိုင်အောင်ထုတ်သော် ဟောပြောလေ၏။ |
24. | အချို့တို့သည် ပေါလု၏စကားကို ယုံကြ၏။ အချို့တို့သည် မယုံဘဲနေကြ၏။ |
25. | ထိုသို့အချင်းချင်းသဘောကွဲပြား၍ သွားကြ၏။ သွားကြစဉ်တွင် ပေါလုသည် စကားတခွန်းကို ပြောလိုက် သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပရောဖက် ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား၊ |
26. | သင်တို့သည် ကြားလျက်ပင်အနက်ကို နား မလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့် မည်ဟု ထိုလူမျိုးရှိရာသို့ သွား၍ပြောလော့။ |
27. | အကြောင်းမူကား၊ သူတို့မျက်စိမမြင်၊ နား မကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ သူတို့အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် သူတို့၏ စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ၏ဟုငါတို့ဘိုးဘေးများအား လျောက်ပတ်စွာ မိန့်တော်မူ၏။ |
28. | ထိုကြောင့် ဘုရားသခင်၏ ကယ်တင်တော်မူ ခြင်း ကျေးဇူးတော်ကို တပါးအမျိုးသားတို့အား ပေးလိုက် သည်ဖြစ်၍၊ သူတို့သည်နားထောင်မည်အရာကို သင်တို့ သိမှတ်ကြလော့ဟု၊ |
29. | ပေါလုပြောဆိုပြီးမှ၊ ယုဒလူတို့သည် သွား၍ အချင်းချင်းများစွာသော ဆွေးနွေးနှီးနှောခြင်းရှိကြ၏။ |
30. | ထိုနောက်မှပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှါးသော အိမ်၌နေသဖြင့်၊ မိမိထံသို့လာသော သူအပေါင်း တို့ကို ဧည့်ခံ၍၊ |
31. | အဘယ်သူမျှမမြစ်တားဘဲ၊ ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကိုအတည့်အလင်းဟောပြော၍၊ သခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြသလျက်နေ၏။ ရှင်လုကာစီရင်ရေးထားသောတမန်တော်ဝတ္ထုပြီး၏။ |
← Acts (28/28) |