← 2Kings (11/25) → |
1. | အာခဇိ၏မယ်တော် အာသလိသည် မိမိသား သေကြောင်းကို သိမြင်သော်၊ ထ၍ ဆွေတော်မျိုးတော် အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။ |
2. | သို့ရာတွင် အာခဇိ၏နှမယဟောရံမင်းကြီး သမီးယောရှေဘသည် အာခဇိ၏သား ယောရှကို အသေ ခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍ အာသလိ လက်မှ သူ၏အသက် လွတ်စေခြင်းငှါ၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။ |
3. | ထိုနောက်ယောရှသည် ခြောက်နှစ်ပတ်လုံး အရီးနှင့်အတူ ဗိမာန်တော်၌ပုန်းရှောင်လျက်နေ၍၊ အာသလိသည် စိုးစံလေ၏။ |
4. | ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် စေလွှတ်၍၊ လူတရာအုပ်၊ တပ်မှူး၊ တပ်သားတို့ကို ခေါ်လေ၏။ ဗိမာန်တော်ထဲသို့ သွင်း၍ ပဋိညာဉ်ဖွဲ့ခြင်း၊ ဗိမာန်တော်၌ သစ္စာတိုက်ခြင်းကို ပြုပြီးမှ၊ ရှင်ဘုရင်၏ သားတော်ကိုပြလေ၏။ |
5. | ယောယဒကလည်း၊ သင်တို့ပြုရသော အမှုဟူ မူကား၊ ဥပုသ်နေ့၌ဝင်သောလူသုံးစုတစုသည် နန်းတော် တံခါးကိုစောင့်ရမည်။ |
6. | တစုသည် သုရတံခါးကို စောင့်ရမည်။ တစု သည် ကင်းနောက် တံခါးကိုစောင့်ရမည်။ ထိုသို့ ဗိမာန် တော်ကို မဖြိုမဖျက်စေခြင်းငှါ စောင့်ရမည်။ |
7. | ဥပုသ်နေ့၌ ထွက်သောလူသုံးစုတွင် နှစ်စုသည် ရှင်ဘုရင်ပတ်လည် ဗိမာန်တော်၌စောင့်ရမည်။ |
8. | လူတိုင်းမိမိလက်နက်ကို ကိုင်လျက် ကိုယ်တော် မြတ်ကို ဝိုင်း၍၊ တပ်ထဲသို့ဝင်သမျှသောသူတို့ကို သတ်ရ မည်။ ရှင်ဘုရင် ထွက်ဝင်တော်မူသောအခါ၊ နောက်တော် သို့ လိုက်ရမည်ဟုမှာထားလေ၏။ |
9. | ထိုသို့ ယဇ်ပုရောဟိတ်ယောယဒမှာထားသမျှ အတိုင်း လူတရာအုပ်တို့သည်ပြု၍၊ ဥပုသ်နေ့၌ထွက်ရသော သူနှင့်ဝင်ရသောသူအသီးအသီးတို့ကို ခေါ်၍ ယဇ်ပုရော ဟိတ် ယောယဒထံသို့ ရောက်သောအခါ၊ |
10. | ဗိမာန်တော်၌ရှိသော ဒါဝိဒ်မင်းကြီး၏လှံများ နှင့် ဒိုင်းများကို ယဇ်ပုရောဟိတ်သည်ထုတ်၍ လူတရာ အုပ်တို့အား အပ်လေ၏။ |
11. | စောင့်သောသူအပေါင်းတို့သည် လက်နက်ကို ကိုင်လျက်၊ ရှင်ဘုရင်ကို ဝိုင်း၍ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော်အနား၌ လက်ျာထောင့်မှစ၍ လက်ဝဲထောင့် တိုင်အောင် ရပ်ကြ၏။ |
12. | ယဇ်ပုရောဟိတ်သည် ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းကို တင်လျက်၊ ဘိသိတ်ပေးလျက်၊ ရှင်ဘုရင်အရာ၌ချီးမြှောက်ပြီးမှ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု လက်ခုပ်တီး၍ ကြွေးကြော်ကြ၏။ |
13. | အာသလိသည် တပ်သားပြုသောအသံနှင့် လူများပြုသော အသံကိုကြားလျှင်၊ လူများရှိရာ ဗိမာန် တော်သို့သွား၍၊ |
14. | ရှင်ဘုရင်သည် ယုဒမင်းထုံးစံအတိုင်း တိုင်နား မှာရပ်လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍ တံပိုးမှုတ် လျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိအဝတ်ကို ဆုတ်၍ ပုန်ကန်မှုပါတကား၊ ပုန်ကန်မှုပါတကားဟု အော်ဟစ် လေ၏။ |
15. | ယဇ်ပုရောဟိတ်ယောယဒကလည်း၊ ဗိမာန် တော်ထဲမှာမသေစေနှင့်၊ တပ်ပြင်သို့ထုတ်ကြ။ သူ့ဘက်မှာ နေသောသူကို ထားနှင့်သတ်ကြဟု လူတရာအုပ်၊ တပ်မှူး တို့ကို မှာထားနှင့်သည်အတိုင်း၊ |
16. | အာသလိကိုဘမ်းဆီးလျက်၊ နန်းတော်သို့ သွား သောမြင်းလမ်းဖြင့် ထုတ်၍ သတ်ကြ၏။ |
17. | ယောယဒသည်လည်း ရှင်ဘုရင်နှင့်လူများတို့ သည် ထာဝရဘုရား၏လူဖြစ်ရမည်အကြောင်း ထာဝရ ဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ တဖန်ရှင်ဘုရင်နှင့်လူများ တို့ကို တဦးနှင့်တဦး ပဋိညာဉ်ဖွဲ့စေ၏။ |
18. | ပြည်သူပြည်သားအပေါင်းတို့သည် ဗာလ ကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လလင်များနှင့် ရုပ်တုများကိုအကုန်အစင်ချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရောဟိတ် မဿန်ကို သတ်ကြ၏။ |
19. | ယဇ်ပုရောဟိတ်ယောယဒသည်လည်း၊ ဗိမာန် တော်အုပ်များကို ခန့်ထားပြီးမှ လူတရာအုပ်၊ တပ်မှူး၊ တပ်သား၊ ပြည်သူပြည်သားအပေါင်းတို့ကိုခေါ်လျက်၊ ကင်းတံခါးလမ်းဖြင့် ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်း တော်သို့ပို့ဆောင်၍ ရာဇပလ္လင်တော်ပေါ်မှာ ထိုင်စေ၏။ |
20. | *** POSSIBLE ERROR IN BIBLE, TEXT MISSING HERE *** |
← 2Kings (11/25) → |