← 1Chronicles (7/29) → |
1. | ဣသခါသားကား တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန်၊ ပေါင်းလေးယောက်တည်း။ |
2. | တောလသားကား တောလအဆွေအမျိုးသူကြီး ဩဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလတည်း။ ထိုအဆွေအမျိုးအစဉ်အဆက်တို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ ဒါဝိဒ်မင်းလက်ထက်နှစ်သောင်း နှစ်ထောင် ခြောက်ရာရှိသတည်း။ |
3. | ဩဇိသားကား ဣဇရဟိ၊ ဣဇရဟိသား မက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှယ၊ ပေါင်းငါးယောက် တည်း။ ဤသူတို့သည် အကြီးအကဲ ဖြစ်ကြ၏။ |
4. | သူတို့၌ သားမယားများသောကြောင့်၊ အဆွေ အမျိုး အသီးအသီးအလိုက်၊ စစ်သူရဲတပ်သား သုံးသောင်း ခြောက်ထောင် ရှိကြ၏။ |
5. | သူတို့ညီအစ်ကို ဣသခါအဆွေအမျိုးအပေါင်း တို့သည် ခွန်အားကြီးသောသူရဲဖြစ်၍၊ သားစဉ်မြေးဆက် စာရင်းဝင်သည်အတိုင်း၊ ရှစ်သောင်းခုနစ်ထောင် ရှိကြ၏။ |
6. | ဗင်္ယာမိန်သားကား ဗေလ၊ ဗေခါ၊ ယေဒယေလ၊ ပေါင်းသုံးယောက်တည်း။ |
7. | ဗေလသားကား အဆွေအမျိုးသူကြီးဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ သားစဉ် မြေးဆက် စာရင်းဝင်သည်အတိုင်း၊ နှစ်သောင်း နှစ်ထောင်သုံးဆယ် လေးယောက်ရှိကြ၏။ |
8. | ဗေခါသားကား ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိဩနဲ၊ ဩမရိ၊ ယေရိမုတ်၊ အဘိယ၊ အာနသုတ်၊ အာလမက်တည်း။ |
9. | သားစဉ်မြေးဆက် စာရင်းဝင်၍၊ အဆွေအမျိုး သူကြီးအသီး အသီးအလိုက်၊ ခွန်အားကြီးသော သူရဲ နှစ်သောင်းနှစ်ထောင်နှစ်ရာရှိကြ၏။ |
10. | ယေဒယေလသားကား ဗိလဟန်၊ ဗိလဟန်သား ယုရှ၊ ဗင်္ယာမိန်၊ ဧဟုဒ်၊ ခေနာန၊ ဇေသန်၊ သာရှိရှ၊ အဟိရှဟာတည်း။ |
11. | အဆွေအမျိုးသူကြီး အသီးအသီးအလိုက်၊ ခွန်အားကြီး၍ စစ်တိုက်ခြင်းငှါ၊ တတ်စွမ်းနိုင်သော သူရဲ တသောင်း ခုနစ်ထောင်နှစ်ရာ ရှိကြ၏။ |
12. | ထိုမှတပါး၊ ရှုပိမိ၊ ဟုပိမ်နှင့်တကွ ဣရဟုရှိမ်သား၊ အာဟေရသား ရှိသတည်း။ |
13. | နဿလိသည် ဗိလဟာတွင် မြင်သောသားကား၊ ဟာဇေလ၊ ဂုနိ၊ ယေဇ၊ ရှလ္လုံတည်း။ |
14. | မနာရှေသားဦးကား အာသရေလ၊ ထိုနောက်၊ ရှုရိအမျိုးဖြစ်သော မယားငယ်တွင် မြင်သောသား၊ ဂိလဒ်၏အဘမာခိရတည်း။ |
15. | မာခိရသည်မာခါ အမည်ရှိသောဟုပိမ်နှင့် ရှုမ်ပိ၏နှမနှင့်စုံဘက်၍၊ နှစ်ဆက်မြောက်သောသားကား ဇလောဖတ်အမည်ရှိ၏။ ဇလောဖတ်၌ သမီးသက်သက် ရှိ၏။ |
16. | မာခိရမယားမာခါသည် သားကို ဘွားမြင်၍၊ ပေရက်အမည်ဖြင့် မှည့်၏။ သူ၏ညီကား ရှေရက်အမည် ရှိ၏။ သူ၏သားကား ဥလံနှင့် ရေကင်တည်း။ |
17. | ဥလံသားကားဗေဒန်တည်း။ ဤရွေ့ကား မနာရှေသား မာခိရ၏ သားဂိလဒ်အမျိုးအနွယ်တည်း။ |
18. | သူ၏နှမ ဟမ္မောလေကက်သည် ဣရှောဒ၊ အဗျေဇာ၊ မဟာလကို ဘွားမြင်၏။ |
19. | ရှမိဒသးကား အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံတည်း။ |
20. | ဧဖရိမ်သားကား ရှုသေလ၊ ရှုသေလသား ဗေရက်၊ ဗေရက်သား တာဟတ်၊ တာဟတ်သား ဧလာဒ၊ ဧလာဒသား တာဟတ်၊ |
21. | တာဟတ်သား ဇာဗဒ်၊ ဇာဗဒ်သား ရှုသေလ တည်း။ ထိုမှတပါး၊ ဧဖရိမ်သားဇောနှင့်ဧလဒ်တို့သည် ထိုပြည်၌မွေးဘွားသော၊ ဂါသမြို့သားတို့ တိရစ္ဆာန်များကို လုယူသောကြောင့် အသက်ဆုံးကြ၏။ |
22. | အဘဧဖရိမ်သည် အင်တန်ကာလပတ်လုံး စိတ် မသာညည်းတွားလျက် နေ၏။ ညီအစ်ကိုတို့သည် နှစ်သိမ့် စေခြင်းငှါ လာကြ၏။ |
23. | နောက်တဖန်မယားဆီသို့ဝင်သဖြင့် သူသည် ပဋိသန္ဓေယူ၍ သားကိုဘွားမြင်၏။ ထိုသားကို ဗေရိယ အမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ကိုယ်အိမ်ထောင်၌ အမင်္ဂလာရောက်သတည်း။ |
24. | သမီးရှေရကား အထက် ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့၊ ဩဇင်ရှေရမြို့တို့ကို ပြုစုသော သူဖြစ်၏။ |
25. | သူ၏သားကားရေဖ၊ သူ၏သားရေရှပ်၊ သူ၏သားတေလ၊ သူ၏သားတာဟန်၊ |
26. | သူ၏သား လာဒန်၊ သူ၏သား အမိဟုဒ်၊ သူ၏ သား ဧလိရှမာ၊ |
27. | သူ၏သားနုန်၊ သူ၏သားယောရှုတည်း။ |
28. | သူတို့ပိုင်ထိုက်သော နေရာဟူမူကား၊ ဗေသလ မြို့နှင့် ကျေးလက်၊ အရှေ့ဘက်၌ နာရန်မြို့၊ အနောက် ဘက်၌ ဂေဇာမြို့နှင့်ကျေးလက်၊ ရှေခင်မြို့နှင့်ကျေးလက်၊ ဂါဇမြို့နှင့် ကျေးလက်၊ |
29. | မနာရှေအမျိုးသားနေရာအနားမှာ ဗက်ရှန်မြို့ နှင့်ကျေးလက်၊ တာနက်မြို့နှင့်ကျေးလက်၊ မေဂိဒ္ဒေါမြို့ နှင့်ကျေးလက်၊ ဒေါရမြို့နှင့် ကျေးလက်တည်း။ ဤမြို့ရွာ တို့၌ ဣသရေလ၏သားဖြစ်သော ယောသပ်၏ သားတို့ သည် နေရာကျကြ၏။ |
30. | အာရှာသားကား ယိမန၊ ဣရွာ၊ ဣရွှိ၊ ဗေရိယ၊ နှမ စေရတည်း။ |
31. | ဗေရိယသားကား ဟေဗာနှင့် မာလကျေလ တည်း။ မာလကျေလသားကား ဗိရဇာဝိတ်၊ |
32. | ဟေဗာသားကား ယာဖလက်၊ ရှောမာ၊ ဟောသံ၊ နှမ ရှုအာတည်း။ |
33. | ယာဖလက်သားကား ပါသက်၊ ဗိမဟာလ၊ အာရှဝတ်တည်း။ |
34. | ရှောမေရသားကား အာဟိ၊ ရောဂ၊ ယေဟုဗ္ဗ၊ အာရံတည်း။ |
35. | သူ၏ညီဟေလင်သားကား ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလတည်း။ |
36. | ဇောဖသားကား သုအာ၊ ဟာနေဖာ၊ ရွှလ၊ ဗေရိ၊ ဣမရ၊ |
37. | ဗေဇာ၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရ တည်း။ |
38. | ယေသာသားကား ယေဖုန္န ပိသပ၊ အာရတည်း။ |
39. | ဥလ္လသားကား အာရ၊ ဟံယေလ၊ ရေဇိယတည်း။ |
40. | ဤသူအပေါင်းတို့သည် အာရှာအမျိုး၌ အဆွေ အမျိုးသူကြီး၊ ရွေးသောသူ၊ ခွန်အားကြီးသော သူရဲမင်း ဖြစ်ကြ၏။ သားစဉ်မြေးဆက်စာရင်းဝင်၍ စစ်တိုက်ခြင်း ငှါ တတ်စွမ်းနိုင်သောသူ နှစ်သောင်းခြောက်ထောင်ရှိကြ ၏။ |
← 1Chronicles (7/29) → |