← 1Chronicles (4/29) → |
1. | ယုဒသားကားဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗာလတည်း။ |
2. | ရှောဗာလသားကား ရာယ၊ ရာယသားယာဟတ်၊ ယာဟတ်သား အဟုမဲနှင့်လာဟဒ်၊ ဤရွေ့ကား ဇောရသိ အမျိုးအနွယ်တည်း။ |
3. | ဧကံအမျိုးအဘ၏ သားကား ယေဇရေလ၊ ဣရှမ၊ ဣဒဗတ်၊ နှမဟာဇလေလပေါနိ၊ |
4. | ဂေဒေါ်အဘပေနွေလ၊ ဟုရှအဘ ဧဇာတည်း။ ဤသူတို့သည် ဗက်လင်အဘ၊ ဧဖရတ်သားဦး ဟုရအမျိုး အနွှယ်တည်း။ |
5. | တေကော အဘ အာရှုရသည် ဟေလနှင့် နာရ အမည်ရှိသော မယားနှစ်ယောက်ရှိ၏။ |
6. | နာရဘွားမြင်သော သားကား အဟုဇံ၊ ဟေဖာ၊ တေမနိ၊ ဟာဟရှတာရိတည်း။ |
7. | ဟေလဘွားမြင်သော သားကား ဇေရက်၊ ယေဇော်၊ ဧသနန်၊ ကောဇတည်း။ |
8. | ကောဇသားကား အာနုပ်နှင့် ဇောဗေဒ အစရှိ သော ဟာရုံသား အဟာရေလ အဆွေအမျိုးတည်း။ |
9. | ထိုအဆွေအမျိုး၌ ယာဗက်သည် ထူးဆန်းသော သူဖြစ်၏။ သူ၏အမိက၊ ငါသည်ပြင်းစွာသော ဝေဒနာကို ခံ၍ ဤသားကို မြင်ရပြီဟုဆိုလျက်၊ ယာဗက်အမည်ဖြင့် မှည့်၏။ |
10. | ယာဗက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကောင်းကြီးပေး၍၊ အကျွန်ုပ်နေရာကို ကျယ်ဝန်း စေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့် အရှက်နှင့်ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အကျွန်ုပ်ဘက်၌နေ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင်အား ဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရားသခင်ပေးသနားတော်မူ၏။ |
11. | ရှုအာမောင် ကာလက်သားကား မဟိရ၊ မဟိရ သား ဧရှတုန်တည်း။ |
12. | ဧရှတုန်သားကား ဗက်ရာဖ၊ ပါသာ၊ တေဟိန္န တည်း။ တေဟိန္နသားကား ဣရနာဟတ်တည်း။ ဤသူတို့ သည် ရေခါအမျိုးသားဖြစ်ကြ၏။ |
13. | ကေနတ်သားကား ဩသံယေလနှင့်စရာယ တည်း။ ဩသံယေလသားကား ဟာသတ်နှင့်မောနောသဲ တည်း။ |
14. | မောနောသဲသားကား ဩဖရာတည်း။ စရာယ သားကား ယွာဘ၊ ယွာဘ၏သားတို့သည် ဆရာသမား ဖြစ်၍ ဆရာသမားချိုင့်၌ နေသောသူတည်း။ |
15. | ယေဖုန္နသားဖြစ်သောကာလက်၏ သားကား ဣရု၊ ဧလာ၊ နာမတည်း။ ဧလာသားကားကေနတ်တည်း။ |
16. | ယေဟလလေလသားကား ဇိဖ၊ ဇိဖာ၊ တိရိ၊ အာသရေလတည်း။ |
17. | ဧဇရသားကားယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်တည်း။ မေရက်နှင့် စုံဘက်သောဖာရောသမီး ဗိသဟာသည် မိရိ၊ ရှမ္မဲ၊ ဧရှတမောအဘ ဣရှဘကို ဘွားမြင်၏။ |
18. | မယား ယေဟုဒိယသည် ဂေဒေါ်အဘယေရက်၊ စောခေါအဘ ဟေဗာ၊ ဇာနော်အဘ ယေကုသေလကို ဘွားမြင်၏။ |
19. | ယေဟုဒိယသည် နာဟံနှမဖြစ်၏။ နာဟံသည် ဂါမိရွာသား ကိလ၊ မာခမြို့သား ဧရှတမော၏အဘ ဖြစ်သတည်း။ |
20. | ရှိမုန်သားကား အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန် တည်း။ ဣရှိသားကား ဇောဟက်၊ ဗဇောဟက်တည်း။ |
21. | ယုဒသားဖြစ်သော ရှေလ၏သားကား လေက အဘဧရ၊ မရေရှအဘ လာဒအစရှိသော ပိတ်ချောကို ရက်တတ်သော အာရှဗာအဆွေအမျိုး၊ |
22. | ယောယကိမ်အစရှိသော ခေါဇေဘလူ၊ မောဘ ပြည်၌ အစိုးရသော ယောရှ၊ သာရပ်၊ ယာရှုဗိလင်တည်း။ ထိုသို့ဆိုသော် ရှေးစကားဖြစ်၏။ |
23. | ထိုသူတို့သည် အိုးထိန်း သမား၊ လယ်ယာလုပ်သမားဖြစ်၍၊ ရှင်ဘုရင်အနားမှာ နေလျက် အမှုတော်ကို ဆောင်ရွက်ရကြ၏။ |
24. | ရှိမောင်သားကား ယေမွေလ၊ ယာမိန်၊ ယာရိပ်၊ ဇေရ၊ ရှောလတည်း။ |
25. | ရှောလသား ရှလ္လုံ၊ ရှလ္လုံသားမိဘသံ၊ မိဘသံသား မိရှမ၊ |
26. | မိရှမသား ဟမွေလ၊ ဟမွေလသား ဇက္ကုရ၊ ဇက္ကုရသား ရှိမိတည်း။ |
27. | ရှိမိသည် သားတဆယ်ခြောက်ယောက်နှင့် သမီး ခြောက်ယောက်တို့ကို မြင်၏။ သို့ရာတွင် သူ၏ညီအစ်ကို တို့၌ သားမများ။ ရှိမောင်အမျိုးသားတို့သည် ယုဒ အမျိုးသားကဲ့သို့ မပွါးမများတတ်။ |
28. | ရှိမောင်အမျိုးတို့သည် ဒါဝိဒ်မင်းကြီးလက်ထက် တိုင်အောင် ဗေရရှေဘမြို့၊ မောလဒါမြို့၊ ဟာဇရွာလမြို့၊ |
29. | ဗိလဟာမြို့၊ ဧဇင်မြို့၊ ဗတာလဒ်မြို့၊ |
30. | ဗေသွေလမြို့၊ ဟော်မာမြို့၊ ဇိကလတ်မြို့၊ |
31. | ဗက်မာကဗုတ်မြို့၊ ဟာဇသုသိမ်မြို့၊ ဗက်ဗိရိမြို့၊ ရှာရိမ်မြို့ တို့၌ နေကြ၏။ |
32. | ထိုမှတပါး၊ တောမြို့ဧတံ၊ အင်ရိမ္မုန်၊ တောခင်၊ ဧသာ၊ အာရှန်တည်းဟူသော မြို့ငါးမြို့နှင့်တကွ၊ |
33. | ပတ်လည်၌ရှိသော ရွာအပေါင်းတို့ကို ဗာလမြို့ တိုင်အောင် ပိုင်ကြ၏။ ဤရွေ့ကား၊ ရှိမောင်အမျိုးသား နေရာနှင့် ဆွေစဉ်မျိုးဆက်ဖြစ်သတည်း။ |
34. | မေရှောဗပ်၊ ယာမလက်၊ အာမဇိသားယောရှ၊ |
35. | ယောလ၊ အာသေလသား စရာယ၏ သား ယောရှိဘိ၏သား ယေဟု၊ |
36. | ဧလျောနဲ၊ ယာကောဘ၊ ယေရှောဟာယ၊ အသာယ၊ အဒျေလ၊ ယေသိမျေလ၊ ဗေနာယနှင့်တကွ၊ |
37. | ရှေမာယ၊ ရှိမရိ၊ ယေဒါယ၊ အလ္လုန်၊ ရှိဖိတို့မှ ဆင်းသက်သော ဇိဇတည်းဟူသော၊ |
38. | နာမအားဖြင့် မှတ်သော သူတို့သည် အဆွေ အမျိုးသူကြီးဖြစ်၍၊ သူတို့အမျိုးသည် အလွန်ပွားများ သတည်း။ |
39. | ထိုသူတို့သည် သိုးကျက်စားရာအရပ်ကို ရှာ၍ ချိုင့်အရှေ့ဘက်၊ ဂေဒေါ်မြို့ဝတိုင်အောင် သွားသော အခါ၊ |
40. | မြက်ပင်ပေါများ၍ ကောင်းသောကျက်စားရာ ကျယ်ဝန်းငြိမ်ဝပ်သော အရပ်ကို တွေ့ကြ၏။ ရှေးကာလ တွင်၊ ဟာမအမျိုးသားတို့သည် ထိုအရပ်၌ နေကြ၏။ |
41. | အထက်ဆိုခဲ့ပြီးသော သူတို့သည် ယုဒရှင်ဘုရင် ဟေဇကိ လက်ထက်၌သွား၍၊ သိုးကျက်စားစရာ ကောင်းသောအရပ်ကို တွေ့သောကြောင့်၊ အရပ်သား နေရာရွာတို့ကို လုပ်ကြံ၍၊ ရှင်းရှင်းဖျက်ဆီးပြီးမှ ယနေ့ တိုင်အောင်နေကြ၏။ |
42. | တဖန် ရှိမောင်အမျိုးသားယောက်ျားငါးရာတို့ သည် ဣရှိသား၊ ဗိုလ်ပေလတိ၊ နာရိ၊ ရေဖာယ၊ ဩဇေလ နှင့်တကွ၊ စိရတောင်သို့ ချီသွား၍၊ |
43. | အရင်လွတ်သော အာမလက်အမျိုးသားအကျန် အကြွင်းကို လုပ်ကြံ၍ ထိုအရပ်၌ ယနေ့တိုင်အောင် နေကြ၏။ |
← 1Chronicles (4/29) → |