| ← 1Chronicles (24/29) → |
| 1. | အာရုန်အမျိုးသားအသီးအခြားသင်းဖွဲ့ရာမှာ၊ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တည်း။ |
| 2. | နာဒပ်နှင့်အဘိဟုသည်သားမရှိ။ အဘ လက်ထက်တွင် သေသောကြောင့်၊ ဧလာဇာနှင့်ဣသမာ သည် ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။ |
| 3. | ဒါဝိဒ်သည် ဧလာဇာအမျိုးဇာဒုတ်နှင့် ဣသမာ အမျိုးအဟိမလက်ကို အသီးအသီးဆောင်သင့်သည် အတိုင်းခန့်ထားလေ၏။ |
| 4. | ဣသမာအမျိုးအကြီးအကဲထက် ဧလာဇာအမျိုး အကြီးအကဲ သာ၍များသောကြောင့်၊ ဧလာဇာအဆွေ အမျိုးအလိုက် အကြီးအကဲ တကျိပ်ခြောက်ယောက်၊ ဣသမာအဆွေအမျိုးအလိုက် အကြီးအကဲ ရှစ်ယောက် တို့ကို အသီးအသီးခွဲခန့်လေ၏။ |
| 5. | စာရေးတံပြုလျက် အသီးအခြား ခွဲခန့်၍ သန့်ရှင်းရာဌာနအုပ်၊ ဘုရားသခင်၏အမှုတော်အုပ်တို့ကို ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက ရွေးယူရ၏။ |
| 6. | လေဝိအမျိုးနာသနေလသား စာရေးတော် ရှေမာယသည် ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ အဗျာသာသား အဟိမလက်၊ ယဇ်ပုရောဟိတ် လေဝိသားအဆွေအမျိုးသူကြီးများ ရှေ့မှာနာမများကို မှတ်ရ၏။ စာရေးတံပြု၍ ဧလာဇာအမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက်ခန့်ထားသော သူဟူမူကား၊ |
| 7. | ပဌမသူယောယာရိပ်၊ ဒုတိယသူယေဒါယ၊ |
| 8. | တတိယသူဟာရိမ်၊ စတုတ္ထသူစောရိမ်၊ |
| 9. | ပဉ္စမသူမာလခိယ၊ ဆဌမသူမိယမိန်၊ |
| 10. | သတ္တမသူဟက္ကုတ်၊ အဋ္ဌမသူအဘိယ၊ |
| 11. | နဝမသူယေရွှာ၊ ဒသမသူ ရှေကနိ၊ |
| 12. | ဧက ဒသမသူဧလျာရှိပ်၊ ဒွါဒသမသူယာကိမ်၊ |
| 13. | တကျိပ်သုံးယောက်မြောက်သော သူဟုပ္ပ၊ တကျိပ်လေးယောက်မြောက်သောသူ ယေရှေဗပ်၊ |
| 14. | တကျိပ်ငါးယောက်မြောက်သော သူဗိလဂ၊ တကျိပ်ခြောက်ယောက် မြောက်သောသူဣမ္မေရ၊ |
| 15. | တကျိပ်ခုနစ်ယောက်မြောက်သော သူဟေဇိရ၊ တကျိပ်ရှစ် ယောက်မြောက်သူအပ်ဇဇ်၊ |
| 16. | တကျိပ်ကိုးယောက်မြောက်သောသူပေသဟိ၊ နှစ်ကျိပ်မြောက်သောသူ ယေဇကျေလ၊ |
| 17. | နှစ်ကျိပ်တယောက်မြောက်သောသူ ယာခိန်၊ နှစ်ကျိပ်နှစ်ယောက်မြောက်သောသူ ဂါမုလ၊ |
| 18. | နှစ်ကျိပ်သုံးယောက်မြောက်သော သူဒေလာယ၊ နှစ်ကျိပ်လေးယောက်မြောက်သောသူ မာဇိတည်း။ |
| 19. | ထိုသို့သူတို့အဘအာရုန်အား ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၍၊ အဘ အာရုန်စီရင်သည် အတိုင်းသူတို့သည် ထာဝရဘုရား၏ အိမ်တော်ကို ဝင်မြဲဝင်၍ အမှုတော်ကို ဆောင်ရွက် စေခြင်းငှါ ခွဲခန့်ခြင်းရှိသတည်း။ |
| 20. | ကြွင်းသော လေဝိအမျိုးသားဟူမူကား၊ အာမရံ သားဖြစ်သော ရှုဗွေလ၏သားစုတွင် ယေဒေယ၊ |
| 21. | ရေဟဘိသားစုတွင် ဣရှယာ၊ |
| 22. | ဣဇဟာသား ဖြစ်သော ရှေလောမိတ်၏သားစုတွင် ယာဟတ်၊ |
| 23. | ဟေဗြုန်သားစုတွင် သားအကြီးယေရိ၊ ဒုတိယ သားအာမရိ၊ တတိယသားယဟာဇေလ၊ စတုတ္ထသား ယေကမံ၊ |
| 24. | ဩဇေလသားဖြစ်သော မိက္ခာ၏သားစုတွင် ရှမိရ၊ |
| 25. | မိက္ခာညီဣရှယာသားစုတွင် ဇာခရိတည်း။ |
| 26. | မေရာရိသားကား မဟာလိနှင့် မုရှိဖြစ်၍၊ |
| 27. | မေရာရိအမျိုးသားဖြစ်သော ယာဇိ၏သားကား ဗေနော၊ ရှောဟံ၊ ဇက္ကုရ၊ ဣဗရိတည်း။ |
| 28. | မဟာလိသားဧလာဇာ၌သားမရှိ။ |
| 29. | ကိရှသားကား ယေရမေလတည်း။ |
| 30. | မုရှိသားကားမဟာလိ၊ ဧဒါ၊ ယေရိမုတ်တည်း။ ဤရွေ့ကား မိမိတို့ အဆွေအမျိုးအလိုက် လေဝိအမျိုး သားတည်း။ |
| 31. | ဤသူတို့သည် ဒါဝိဒ်မင်းကြီး၊ ဇာဒုတ်၊ အဟိမ လက်အစရှိသော ယဇ်ပုရောဟိတ်လေဝိသားအဆွေ အမျိုးသူကြီးတို့ရှေ့မှာ မိမိတို့ညီအစ်ကို အာရုန်အမျိုးသား တို့က ဘက်တချက်အလှည့်လှည့်စားရေးတံပြုကြ၏။ |
| ← 1Chronicles (24/29) → |