← 1Chronicles (18/29) → |
1. | ထိုနောက်ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ ၍အောင်မြင်သဖြင့်၊ ဂါသမြို့နှင့် ကျေးလက်များကို သိမ်းယူလေ၏။ |
2. | မောဘပြည်ကိုလည်း လုပ်ကြံ၍ မောဘအမျိုး သားတို့သည် ဒါဝိဒ်၌ ကျွန်ခံလျက်အခွန်ဆက်ရကြ၏။ |
3. | ဇောဘမင်းကြီးဟာ ဒဒေဇာသည်၊ ဥဖရတ်မြစ် နားမှာ မိမိနိုင်ငံကို တည်စေခြင်းငှါ သွားသောအခါ၊ ဒါဝိဒ်သည် ဟာမတ်မြို့တိုင်အောင် တိုက်ဖျက်၍၊ |
4. | ရထားတထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည်သူရဲနှစ်သောင်းကို ဘမ်းဆီး၍ ရထားတရာကို သိမ်းထားပြီးမှ အခြားသော မြင်းရထားရှိသမျှတို့ကို ဖျက်ဆီးလေ၏။ |
5. | ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကို သတ်ပြီးမှ၊ |
6. | ရှုရိပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထား သဖြင့်၊ ရှုရိလူတို့သည်ဒါဝိဒ်၌ ကျွန်ခံ၍ အခွန်ဆက်ရ ကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။ |
7. | ဟာဒဒေဇာ၏ကျွန်တို့ စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။ |
8. | ဟာဒဒေဇာအစိုးရသော တိဗဟတ်မြို့နှင့် ခုန်မြို့မှ၊ ဒါဝိဒ်သည် များစွာသော ကြေးဝါကို သိမ်းသွား ၏။ ရှောလမုန်သည် ကြေးဝါရေကန်၊ ကြေးဝါတိုင်၊ ကြေးဝါတန်ဆာများကို ထိုကြေးဝါဖြင့် လုပ်သတည်း။ |
9. | ဇောဘမင်းကြီးဟာဒဒေဇာ၏ တပ်အလုံး အရင်းကို ဒါဝိဒ်လုပ်ကြံကြောင်းကိုဟာမတ်မင်းကြီး တောဣသည်ကြားလျှင်၊ |
10. | မိမိရန်သူဟာဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက်၍ လုပ်ကြံသောကြောင့်၊ မိဿဟာယဖွဲ့၍ ကောင်းကြီးပေး စေခြင်းငှါ မိမိသားဟဒေါရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ်၍၊ ဟဒေါရံသည် ရွှေဖလား၊ ငွေဖလား၊ ကြေးဝါ ဖလားအမျိုးမျိုးတို့ကို ဆောင်ခဲ့လေ၏။ |
11. | ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရ ဘုရားအား ပူဇော်၏။ ထိုအတူရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၊ အပြည်ပြည် တို့မှ ဆောင်ခဲ့သော ရွှေငွေကိုလည်း ပူဇော်၏။ |
12. | ထိုမှတပါး၊ဇေရုယာသားအဘိရှဲသည် ဆားချိုင့် တွင် ဧဒုံလူတသောင်းရှစ်ထောင်တို့ကို လုပ်ကြံလေ၏။ |
13. | ဧဒုံပြည်၌မြို့စောင့်တပ်တို့ကို ထား၍၊ ဧဒုံပြည် သားအပေါင်းတို့သည် ဒါဝိဒ်၌ ကျွန်ခံကြ၏။ ဒါဝိဒ် သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။ |
14. | ထိုသို့ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကိုစိုးစံ၍၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ်တော် မူ၏။ |
15. | ဇေရုယာ၏သားယွာဘသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ အဟိလုဒ်၏သား ယောရှဖတ်သည် အတွင်းဝန် ဖြစ်၏။ |
16. | အဟိတုပ်၏သား ဇာဒုတ်နှင့်အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။ |
17. | ယောယဒ၏သားဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့သည် လည်း အထံတော်၌ မင်းသားအရာနှင့်နေကြ၏။ |
← 1Chronicles (18/29) → |