← Zechariah (8/14) → |
1. | တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ |
2. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ငါသည် ဇိအုန်တောင်အဘို့ အလွန် စိတ်အားကြီးပြီ။ အလွန်အမျက်ထွက်၍ သူ့အဘို့ စိတ် အားကြီးပြီ။ |
3. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ဇိအုန်တောင်သို့ ငါပြန်လာပြီ။ ယေရု ရှလင်မြို့ထဲမှာ နေမည်။ ယေရုရှလင်မြို့ကို သမ္မာမြို့ဟူ၍ ၎င်း၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ တောင် တော်ကို သန့်ရှင်းသောတောင်ဟူ၍၎င်း သမုတ်ကြလိမ့် မည်။ |
4. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုသော ယောက်ျားမိန်းမ၊ အသက်ကြီး ၍ တောင်ဝေးကိုင်သောသူအပေါင်းတို့သည် ယေရုရှလင် မြို့လမ်းတို့၌ နေကြလေဦးမည်။ |
5. | မြို့လမ်းတို့သည်လည်း ကစားသော သူငယ် ယောက်ျားမိန်းမတို့နှင့် အပြည့်ရှိကြလိမ့်မည်။ |
6. | တဖန် မိန့်တော်မူသည်ကား၊ ထိုအမှုသည် ယခု ကာလတွင် ကျန်ကြွင်းသော ဤလူတို့ မျက်မှောက်၌ အံ့ဩဘွယ်ဖြစ်သော်လည်း၊ ငါ့မျက်မှောက်၌ အံ့ဩဘွယ် ဖြစ်ရာသလောဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။ |
7. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ၏လူတို့ကို အရှေ့ပြည်မှ၎င်း၊ အနောက်ပြည်မှ၎င်း ငါကယ်တင်၍၊ |
8. | ဆောင်ခဲ့သဖြင့် သူတို့သည် ယေရုရှလင်မြို့ထဲ မှာ နေရကြလိမ့်မည်။ သစ္စာတရားနှင့် ဖြောင့်မတ်ခြင်း တရားအားဖြင့်၊ သူတို့သည် ငါ၏လူဖြစ်၍ ငါသည်လည်း သူတို့၏ဘုရားသခင်ဖြစ်လိမ့်မည်။ |
9. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗိမာန်တော်ကို တည်ဆောက်ခြင်းငှါ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အိမ်တော် တိုက်မြစ်ကို ချသောကာလ၌ရှိသော ပရောဖက်တို့ ဟော ပြောသော ဤစကားကို ယခုကာလ၌ကြားသော သူတို့၊ သင်တို့လက်ကို အားကြီးစေကြလော့။ |
10. | ထိုကာလအထက်၌ လူခံရသော အကျိုးမရှိ။ တိရစ္ဆာန်ခံရသောအကျိုးမရှိ။ ထွက်ဝင်သော သူတို့သည် ရန်သူရှိသောကြောင့် ချမ်းသာမရကြ။ ငါသည် လူ အပေါင်းတို့ကို တယောက်နှင့်တယောက် ရန်ဘက်ဖြစ်စေ ၏။ |
11. | ယခုမူကား၊ ကျန်ကြွင်းသော ဤလူတို့၌ ငါသည် အရင်ကဲ့သို့မပြုဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား မိန့်တော်မူ၏။ |
12. | မျိုးစေ့ကို ငြိမ်ဝပ်စွာ ကြဲရလိမ့်မည်။ စပျစ်ပင် သည် အသီးကို၎င်း၊ မြေသည် မိမိစီးပွားကို၎င်း၊ မိုဃ်းကောင်းကင် သည် နှင်းရည်ကို၎င်း၊ ပေးရ လိမ့်မည်။ ကျန်ကြွင်းသော ဤလူတို့သည် ဤအရာအလုံး စုံတို့ကို ရတတ်စေခြင်းငှါ ငါပြုမည်။ |
13. | အိုယုဒအမျိုးနှင့် ဣသရေလအမျိုးတို့၊ သင်တို့ သည် တပါးအမျိုးတို့တွင် ကျိန်ဆဲရာဖြစ်ဘူးသကဲ့သို့၊ ကောင်းကြီးခံရာဖြစ်စေခြင်းငှါ ငါကယ်တင်မည်။ မစိုးရိမ် ဘဲ လက်အားကြီးကြလော့။ |
14. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့အမျက် ကို နှိုးဆော်ကြသောအခါ အပြစ်ပြုမည်ဟု ငါသည် နောင်တမရဘဲ ကြံသကဲ့သို့၊ |
15. | တဖန် ယခုကာလ၌ ယေရုရှလင်မြို့နှင့် ယုဒ အမျိုးကို ကျေးဇူးပြုမည်ဟု ငါကြံပြန်၏။ မစိုးရိမ်ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ |
16. | သင်တို့ ကျင့်ရမည်အကျင့်ဟူမူကား၊ သင်တို့ရှိ သမျှသည် တယောက်နှင့်တယောက်မှန်သော စကားကို ပြောကြလော့။ မြို့တံခါးဝမှာ ဖြောင့်မတ်စွာ စီရင်၍၊ တရားတွေ့သည်အမှုကို ငြိမ်းစေခြင်းငှါ ဆုံးဖြတ်ကြ လော့။ |
17. | တယောက်ကိုတယောက် အဘယ်သူမျှ မကောင်းသောအကြံကို မကြံကြနှင့်။ မမှန်သော ကျိန်ဆို ခြင်းကို မနှစ်သက်ကြနှင့်။ ထိုသို့သော အမှုရှိသမျှတို့ကို ငါမုန်းသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ |
18. | တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ |
19. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ စတုတ္ထလတွင် အစာရှောင်ခြင်း၊ ပဉ္စမ လတွင် အစာရှောင်ခြင်း၊ သတ္တမလတွင် အစာရှောင် ခြင်း၊ ဒသမလတွင် အစာရှောင်ခြင်းတို့သည် ယုဒအမျိုး ဝမ်းမြောက်ရွှင်လန်း၍ ပွဲလုပ်ရာ ကာလဖြစ်ကြလိမ့်မည်။ ဖြောင့်မတ်ခြင်းတရား၊ ငြိမ်ဝပ်ခြင်းတရားကို နှစ်သက် ကြလော့။ |
20. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ များစွာသော မြို့သူရွာသား၊ လူအမျိုး မျိုးတို့သည် လာကြလိမ့်မည်။ |
21. | မြို့တမြို့၌နေသော သူသည် အခြားမြို့တမြို့၌ နေသော သူတို့ဆီသို့ သွား၍၊ ထာဝရဘုရား ရှေ့တော်၌ ဆုတောင်းခြင်းငှါ၎င်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာ ဝရဘုရားကို ရှာခြင်းငှါ၎င်း ဧကန်အမှန် သွားကြကုန်အံ့။ ငါလည်း သွားမည်ဟု ခေါ်ကြလိမ့်မည်။ |
22. | ကြီးသော တိုင်းနိုင်ငံသား၊ လူအမျိုးမျိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ယေရုရှလင် မြို့၌ရှာ၍၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းခြင်းငှါ လာကြလိမ့်မည်။ |
23. | ထိုကာလ၌ ဘာသာအသီးအသီးကို ပြောတတ် သော လူအမျိုးမျိုးတို့တွင် တကျိပ်သော လူတို့သည်။ ယုဒ လူဖြစ်သော သူ၏အဝတ်စွန်းကို ကိုင်လျက်၊ ဘုရားသခင် သည် သင်နှင့်အတူ ရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍၊ သင်တို့နှင့်အတူ လိုက်ပါမည်ဟု ဆိုကြလိမ့် မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူ၏။ |
← Zechariah (8/14) → |