← Romans (15/16) → |
1. | သို့ဖြစ်၍၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏ အားနည်းခြင်းကို သည်းခံရကြမည်။ |
2. | ထိုသို့ငါရှိသမျှသည်ကိုယ်နှင့်စပ်ဆိုင်သော သူ၏ အကျိုးကို ထောက်၍၊ သူ့ကိုတည်ဆောက်စေခြင်းငှါ သူ၏ အလိုသို့ လိုက်ကြကုန်အံ့။ |
3. | အကြောင်းမူကား၊ ခရစ်တော်သည်ကိုယ်အလိုသို့ မလိုက်။ ကျမ်းစာလာသည်အတိုင်း ကဲ့ရဲ့ခြင်းကို ခံရတော်မူ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏ဟု ကျမ်းစာလာ သတည်း။ |
4. | ငါတို့သည် ကျမ်းစာ၌ပါသောသည်းခံခြင်း၊ သက်သာခြင်း အကြောင်းများကိုအမှီပြု၍ မြော်လင့်ရ သော အခွင့်ရှိစေခြင်းငှါ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမဩဝါဒပေး၍ ရေးထား သတည်း။ |
5. | သင်တို့သည် ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်ကို တညီ တညွတ်တည်း နှုတ်မြွက်၍ ချီးမွမ်းစေခြင်းငှါ၊ |
6. | ယေရှုခရစ်၏အလိုတော်အတိုင်း အချင်းချင်း စိတ်တညီတညွတ်တည်းရှိကြမည်အကြောင်း၊ သည်းခံ ခြင်း၊ သက်သာခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မ သနားတော်မူပါစေသော။ |
7. | ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကိုလက်ခံ တော်မူသည်နည်းတူ၊ သင်တို့သည် တယောက်ကိုတယောက်လက်ခံကြလော့။ |
8. | တဖန်ငါဆိုသည်ကား၊ ယေရှုခရစ်သည် ဘုရားသခင်၏ သစ္စာတော်ကို ထောက်၍၊ ဘိုးဘေးများခံရသော ဂတိတော်တို့ကိုတည်စေခြင်းငှါ၊ |
9. | အရေဖျားလှီးခြင်းကိုခံသော သူတို့၏အမှုကို ဆောင်ရွက်တော်မူ၏။ တပါးအမျိုးသားတို့သည်လည်း၊ ဘုရားသခင်၏ကရုဏာတော်ကို အံ့ဩချီးမွမ်းကြလိမ့်မည်။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထိုကြောင့်တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်ဟု လာသတည်း။ |
10. | တဖန်လာသည်ကား ၊ တပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏လူမျိုးနှင့်အတူ ဝမ်းမြောက် ခြင်းရှိကြလော့ဟုလာ၏။ |
11. | တဖန်ကား၊ လူမျိုးအပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ လူအနွယ်အပေါင်းတို့၊ အလွန်ချီးမွမ်း ကြလော့ဟုလာ၏။ |
12. | တဖန်ဟေရှာယဆိုသည်ကား၊ ယေရှဲ၏ အမြစ်ပေါက်၍ တပါးအမျိုးသားတို့ကို အုပ်စိုးခြင်းငှါ ပေါ်ထွန်းသောသူဖြစ်လိမ့်မည်။ ထိုသူကို တပါးအမျိုးသားတို့သည် ကိုးစားကြလိမ့်မည်ဟုဆိုသတည်း။ |
13. | သင်တို့သည်သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မြော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်း၊ မြော်လင့် ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါ စေသော။ |
14. | ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းသောပကတိ သဘောနှင့် ပြည့်စုံ၍ အရာရာတို့ကို သိနားလည်သဖြင့်၊ အချင်းချင်းဆုံးမခြင်းငှါ တတ်နိုင်သည်ကို ငါသဘော ကျလျက်ရှိ၏။ |
15. | သို့သော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သန့်ရှင်းစေတော်မူသော နှစ်သက်ဘွယ်ရာ ပူဇော်သက္ကာတည်းဟူသော တပါးအမျိုးတို့ကို ပူဇော်ခြင်းငှါ ငါသည် ဘုရားသခင်၏ ဧဝံဂေလိတရားကိုဟော ပြောသောအမှုကို ဆောင်ရွက်၍၊ |
16. | တပါးအမျိုးသားတို့တွင် ယေရှုခရစ်၏ အမှုဆောင်ဖြစ်မည်အကြောင်း၊ ဘုရားသခင်သည် ငါ၌အပ်ပေးတော်မူသော ကျေးဇူးတော်ကို ငါအမှီ ပြု၍၊ ညီအစ်ကိုတို့၊ သင်တို့ကို သတိပေးလျက်သာ၍ ရဲရင့်စွာ ရေးလိုက်ပါ၏။ |
17. | ထိုကြောင့်၊ ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့၌ ငါသည် ယေရှုခရစ်ကို အမှီပြု၍ ဝါကြွားဝမ်းမြောက် ခြင်းအကြောင်းရှိ၏။ |
18. | တပါးအမျိုးသားတို့သည် စကားအားဖြင့်၎င်း၊ အကျင့်အားဖြင့်၎င်း၊ နားထောင်စေခြင်းငှါ၊ ခရစ်တော်သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုများ၌ ပါသောတန်ခိုး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးကိုပြ၍၊ ငါ့အားဖြင့်ပြုတော်မူသမျှတို့ကိုသာ ငါပြောဝံ့၏။ |
19. | ထိုကျေးဇူးတော်ကိုအမှီပြုလျက်၊ ငါသည် ယေရုရှလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင်အရပ်တို့၌ ခရစ်တော်၏ ဧဝံအောင်ပတ်ဝန်းကျင် အရပ်တို့၌ ခရစ်တော်၏ ဧဝံဂေလိတရားကို အကုန်အစင်ဟောပြောခဲ့ပြီ။ |
20. | ထိုသို့အခြားသူတည်သော တိုက်မြစ်အပေါ်မှာ ငါထပ်၍ မတည်မဆောက်။ ခရစ်တော်၏နာမကို မကြားဘူးသော အရပ်၌ ဧဝံဂေလိတရားကိုဟောခြင်းငှါ စေတနာစိတ်နှင့် ငါကြိုးစားအားထုတ်လေ့ရှိ၏။ |
21. | ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထိုသူ၏ အကြောင်းကို အဘယ်သူမျှမပြဘူးသော်လည်း၊ သူတို့ သည် မြင်ကြလိမ့်မည်။ မကြားဘူးသောသူတို့သည် နားလည်ကြလိမ့်မည်ဟု လာသတည်း။ |
22. | ထိုကြောင့် သင်တို့ရှိရာသို့ ငါလာရသော အခွင့် မရှိ။ အဆီးအတားများလှပြီ။ |
23. | ယခုမူကား၊ ဤအရပ်တို့၌အခွင့်မရသည်ဖြစ်၍၊ သင်တို့ရှိရာ သို့သွားခြင်းငှါ တာရှည်စွာ ကာလပတ်လုံး အလိုရှိသောကြောင့်၊ |
24. | စပါနိပြည်သို့ငါသွားသောအခါ၊ လမ်းခရီး၌ သင်တို့ကို တွေ့မြင်၍ သင်တို့နှင့်အတူပေါင်းဘော်လျက် အတန်အရာအလို ပြည့်စုံပြီးမှ၊ ထိုပြည်သို့သင်တို့ ပို့ဆောင်ခြင်းကျေးဇူးကို ခံမည်ဟု မြော်လင့်၏။ |
25. | ယခုအခါသန့်ရှင်းသူတို့ကိုလုပ်ကျွေး၍၊ ယေရုရှလင်မြို့သို့ ငါသွားရမည်။ |
26. | အကြောင်းမူကား၊ မာကေဒေါနိပြည်သားတို့နှင့် အခါယပြည်သားတို့သည်၊ ယေရုရှလင်မြို့၌ ဆင်းရဲသော သန့်ရှင်းသူတို့အား ဥစ္စာကို ဝေမျှ၍ စေတနာစိတ်နှင့် လှူကြပြီ။ |
27. | စေတနာစိတ်ရှိသည်ဟုဆိုသော်၊ ထိုသူတို့သည် ကျေးဇူးတင်သောသူဖြစ်ကြ၏။ အကြောင်းမူကား၊ တပါးအမျိုးသားတို့သည် ဓမ္မဥစ္စာကို ယုဒအမျိုးသား တို့နှင့် ဆက်ဆံ၍ခံရသည်မှန်လျှင်၊ လောကီဥစ္စာကို လှူ၍ လုပ်ကျွေးအပ်၏။ |
28. | ထိုကြောင့်၊ ဤအမှုကို ငါဆောင်ရွက်၍ ဤအလှူလက်ဆောင်ကို လုံခြုံစေပြီးလျှင်၊ သင်တို့အနားမှာ ရှောက်၍ စပါနိပြည်သို့သွားမည်။ |
29. | သင်တို့ရှိရာသို့ ငါရောက်သောအခါ၊ ခရစ်တော်၏ ဧဝံဂေလိတရား၌ ပါသောကောင်းကြီး မင်္ဂလာ ပြည့်စုံခြင်းနှင့် ရောက်လာမည်ကို ငါသိ၏။ |
30. | ငါသည်ဘုရားသခင်၏ အလိုတော်အတိုင်း ဝမ်းမြောက်သော စိတ်နှင့်သင်တို့ရှိရာသို့ ရောက်၍ သင်တို့နှင့်အတူသက်သာခြင်းကို ခံစားလိုသောငှါ၊ ယုဒပြည်၌ ငြင်းဆန်သောသူတို့လက်မှ ငါလွတ်မည်အကြောင်း၊ ယေရုရှလင်မြို့အား ငါလုပ်ကျွေးခြင်း အမှုကို သန့်ရှင်းသူတို့သည် နှစ်သက်မည်အကြောင်း၊ ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအား ထုတ်၍ ငါ့အဘို့အလိုငှါ ဘုရားသခင်ကို ဆုတောင်း ပဌနာပြုကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့် ဝိညာဉ် တော်၏ မေတ္တာကရုဏာကို အကြောင်းပြု၍သင်တို့ကို ငါတိုက်တွန်နှိုးဆော်ပါ၏။ |
31. | ငါသည်ဘုရားသခင်၏ အလိုတော်အတိုင်း ဝမ်းမြောက်သော စိတ်နှင့်သင်တို့ရှိရာသို့ ရောက်၍ သင်တို့နှင့်အတူသက်သာခြင်းကို ခံစားလိုသောငှါ၊ ယုဒပြည်၌ ငြင်းဆန်သောသူတို့လက်မှ ငါလွတ်မည်အကြောင်း၊ ယေရုရှလင်မြို့အား ငါလုပ်ကျွေးခြင်း အမှုကို သန့်ရှင်းသူတို့သည် နှစ်သက်မည်အကြောင်း၊ ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအား ထုတ်၍ ငါ့အဘို့အလိုငှါ ဘုရားသခင်ကို ဆုတောင်း ပဌနာပြုကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့် ဝိညာဉ် တော်၏ မေတ္တာကရုဏာကို အကြောင်းပြု၍သင်တို့ကို ငါတိုက်တွန်နှိုးဆော်ပါ၏။ |
32. | ငါသည်ဘုရားသခင်၏ အလိုတော်အတိုင်း ဝမ်းမြောက်သော စိတ်နှင့်သင်တို့ရှိရာသို့ ရောက်၍ သင်တို့နှင့်အတူသက်သာခြင်းကို ခံစားလိုသောငှါ၊ ယုဒပြည်၌ ငြင်းဆန်သောသူတို့လက်မှ ငါလွတ်မည်အကြောင်း၊ ယေရုရှလင်မြို့အား ငါလုပ်ကျွေးခြင်း အမှုကို သန့်ရှင်းသူတို့သည် နှစ်သက်မည်အကြောင်း၊ ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအား ထုတ်၍ ငါ့အဘို့အလိုငှါ ဘုရားသခင်ကို ဆုတောင်း ပဌနာပြုကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့် ဝိညာဉ် တော်၏ မေတ္တာကရုဏာကို အကြောင်းပြု၍သင်တို့ကို ငါတိုက်တွန်နှိုးဆော်ပါ၏။ |
33. | ငြိမ်သက်ခြင်း၏အရှင်၊ ဘုရားသခင်သည် သင်တို့ရှိသမျှနှင့်အတူ တည်နေတော် မူပါစေသော။ အာမင်။ |
← Romans (15/16) → |