← Psalms (48/150) → |
1. | ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ သန့်ရှင်း သော တောင်တော်ပေါ်မှာ ငါတို့ဘုရားသခင်၏ မြို့တော် တွင် အထူးသဖြင့် ထောမနာချီးမွမ်းခြင်းကို ခံထိုက် တော်မူ၏။ |
2. | မြေကြီးတပြင်လုံးရွှင်လန်းရာ ဇိအုန်တောင်ထိပ် သည် အဆင်းလှပေ၏။ မြောက်မျက်နှာဘက်၌ မဟာ မင်းကြီး၏ မြို့တော်သည် တည်၏။ |
3. | ထိုမြို့၏ ဘုံဗိမာန်တို့တွင် ဘုရားသခင်၌ ခိုလှုံ ရသည်ကို သိရ၏။ |
4. | ရှင်ဘုရင်တို့သည် စည်းဝေး၍ အတူရှောက်သွား ကြ၏။ |
5. | မြင်သောအခါ မှိုင်တွေ၍ ထိတ်လန့်လျက် ပြေးကြ၏။ |
6. | ထိုအရပ်၌ သူတို့သည် ကြောက်လန့်ခြင်းသို့ ရောက်၍ သားဘွားသောမိန်းမ ခံရသကဲ့သို့ ဝေဒနာ ရှိကြ၏။ |
7. | တာရှုသင်္ဘောတို့ကို ချိုးဖက်သော အရှေ့လေ နှင့်တွေ့သကဲ့သို့ ဖြစ်ကြ၏။ |
8. | ငါတို့သည် ကြားဘူးသည်အတိုင်း၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၏မြို့၊ ငါတို့ဘုရားသခင်၏ မြို့တော်၌တွေ့မြင်ရကြ၏။ ဘုရားသခင်သည် မြို့တော် ကို အစဉ်အမြဲတည်စေတော်မူမည်။ |
9. | အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ဗိမာန်တော် ထဲမှာ ကရုဏာတော်ကို အောက်မေ့ကြပါ၏။ |
10. | အိုဘုရားသခင်၊ နာမတော်သည် မြေကြီးစွန်း တိုင်အောင် နှံ့ပြားသည်နည်းတူ၊ ဂုဏ်အသရေတော် လည်း နှံ့ပြားလျက်ရှိ၏။ လက်ျာလက်တော်သည် ဖြောင့် မတ်ခြင်းတရားနှင့် ပြည့်ဝလျက်ရှိပါ၏။ |
11. | တရားစီရင်တော်မူချက်များကြောင့် ဇိအုန် တောင်သည် ဝမ်းမြောက်၍၊ ယုဒအမျိုးသမီးတို့သည် ရွှင်လန်းကြပါ၏။ |
12. | သားမြေးတို့အား ကြားပြောမည်အကြောင်း ဇိအုန်းမြို့ကိုပတ်ပတ်လည်၍ ပြအိုးတို့ကို ရေတွက်ကြလော့။ |
13. | ရင်တားတို့ကို မှတ်၍ဘုံဗိမာန်များကိုလည်း ဆင်ခြင်ကြလော့။ |
14. | အကြောင်းမူကား၊ ထိုဘုရားသခင်သည် ကာလ အစဉ်အမြဲ ငါတို့၏ဘုရားဖြစ်တော်မူ၏။ သေသည် ကာလတိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလတံ့ သတည်း။ |
← Psalms (48/150) → |