| ← Psalms (131/150) → | 
| 1. | အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်မမြင့်ပါ။ မျက်နှာလည်း မမော်ပါ။ ကိုယ်နှင့်မတန်၊ ကြီးမြင့်သော အမှုတို့၌ မကျင်လည်ပါ။ | 
| 2. | အကယ်စင်စစ် အကျွန်ုပ်သည် အမိနို့နှင့် ကွာ သော သူငယ်ကဲ့သို့၊ ကိုယ်စိတ်ကို ဖြေ၍ ငြိမ်းစေပါပြီ။ အကျွန်ုပ်စိတ်နှလုံးသည် နို့ကွာသော သူငယ်ကဲ့သို့ ဖြစ်ပါ ၏။ | 
| 3. | ဣသရေလအမျိုးသည် ယခုမှစ၍၊ ကာလ အစဉ်မပြတ် ထာဝရဘုရားကို မြော်လင့်ပါစေ။ | 
| ← Psalms (131/150) → |