| ← Psalms (120/150) → | 
| 1. | အကျွန်ုပ်သည် ဆင်းရဲခံရသောအခါ ထာဝရ ဘုရားကို အော်ဟစ်၍၊ ထာဝရဘုရားသည် နားထောင် တော်မူ၏။ | 
| 2. | အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သစ္စာ မရှိသော နှုတ်မှ၎င်း၊ လှည့်စားတတ်သော လျှာမှ၎င်း ကယ်နှုတ်တော်မူပါ။ | 
| 3. | အိုလှည့်စားတတ်သောလျှာ၊ သင်သည်အဘယ် ကျေးဇူးရှိ သနည်း။ အဘယ်အကျိုးကိုခံရသနည်း။ | 
| 4. | အားကြီးသော သူ၏ ထက်သောမြှားကဲ့သို့၎င်း၊ ရသမ်သစ်သား မီးခဲကဲ့သို့၎င်းဖြစ်၏။ | 
| 5. | ငါသည် မေရှက်ပြည်၌ တည်းခို၍၊ ကေဒါတဲ၌ နေရသည် အရာမှာ အမင်္ဂလာရှိ၏။ | 
| 6. | ငြိမ်သက်ခြင်းကို မုန်းသော သူတို့နှင့်အတူ၊ ငါ့ဝိညာဉ်သည် ကြာမြင့်စွာနေရပါသည်တကား။ | 
| 7. | ငါသည် ငြိမ်သက်ခြင်းဘက်မှာနေ၏။ ငါပြော လျှင်မူကား၊ သူတို့သည် စစ်တိုက်ခြင်းငှါ အလိုရှိကြ၏။ | 
| ← Psalms (120/150) → |