← Psalms (102/150) → |
1. | အိုထာဝရဘုရား၊ အကျွန်ုပ်၏ ပဌနာကို နားထောင်တော်မူပါ။ အကျွန်ုပ် အော်ဟစ်ခြင်းအသံ သည် ရှေ့တော်သို့ ရောက်ပါစေသော။ |
2. | ဘေးရောက်သည်ကာလ၌ မျက်နှာတော်ကို အကျွန်ုပ်မှလွှဲတော် မမူပါနှင့်။ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အလျင်အမြန် ထူးတော်မူပါ။ |
3. | အကြောင်းမူကား၊ အကျွန်ုပ်၏ နေ့ရက်ကာလ သည် မီးခိုးကဲ့သို့ ကုန်တတ်ပါ၏။ အကျွနုပ်၏ အရိုးတို့ သည် မီးချေးကဲ့သို့ ကျွမ်းကြပါ၏။ |
4. | အကျွန်ုပ်၏နှလုံးသည် မြက်ပင်ကဲ့သို့ အထိ အခိုက်ခံရ၍၊ ညှိုးနွမ်းလျက် ရှိပါ၏။ အစာစားခြင်း ကိစ္စကိုပင် မေ့လျော့တတ်ပါ၏။ |
5. | ကိုယ်ညည်းတွားခြင်း အသံကြောင့်၊ အကျွန်ုပ်၏ အရိုးတို့သည် အရေ၌ ကပ်လျက်ရှိကြပါ၏။ |
6. | အကျွန်ုပ်သည် လွင်ပြင်၌နေသော ဝံပိုကဲ့သို့၎င်း၊ တော၌နေသော ဇိကွက်ကဲ့သို့၎င်း ဖြစ်ပါ၏။ |
7. | အကျွန်ုပ်သည် အိမ်မိုးပေါ်မှာ တကောင်တည်း နေရသော ငှက်ကဲ့သို့ဖြစ်၍ စောင့်လျက်နေရပါ၏။ |
8. | အကျွန်ုပ်ရန်သူတို့သည် တနေ့လုံးကဲ့ရဲ့ကြပါ၏။ အကျွန်ုပ်တဘက်၌ စော်ကားသော သူတို့သည် အကျွန်ုပ် ကို ပုံခိုင်း၍ ကျိန်ဆိုတတ်ကြပါ၏။ |
9. | စိတ်တော်မပြေ၊ |
10. | အမျက်ထွက် တော်မူသောကြောင့်၊ အကျွန်ုပ် သည် ပြာကိုမုန့်ကဲ့သို့ စားရပါ၏။ သောက်သောအခါ လည်း၊ မျက်ရည်ရော၍ သောက်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ချီးမြှောက်ပြီးမှ အောက်သို့ ချတော်မူပြီ။ |
11. | အကျွန်ုပ်၏နေ့ရက်တို့သည် ရှည်လျားသော အရိပ်ကဲ့သို့ဖြစ်၍၊ မြက်ပင်ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်းပါ၏။ |
12. | အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ ဖြစ်တော်မူ၏။ နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။ |
13. | ထတော်မူပါ။ ဇိအုန်မြို့ကို သနားတော်မူပါ။ ဇိအုန်မြို့ကို ကယ်မသနားရသောအချိန်၊ ချိန်းချက်တော် မူသော အချိန်ရောက်ပါပြီ။ |
14. | ကိုယ်တော်၏ ကျွန်တို့သည် ထိုမြို့၏ ကျောက်ခဲ တို့ကိုပင် နှစ်သက်၍၊ သူ၏မြေမှုန့်ကိုပင် စုံမက်ကြပါ၏။ |
15. | တပါးအမျိုးသားတို့သည် ထာဝရဘုရား၏ နာမတော်ကို၎င်း၊ လောကီရှင်ဘုရင်အပေါင်းတို့သည် ဘုန်းတော်ကို၎င်း ကြောက်ရွံကြပါလိမ့်မည်။ |
16. | ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင် ၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။ |
17. | ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်း အကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ ပဌနာကို မှတ်တော်မူလိမ့်မည်။ |
18. | ထိုအကြောင်းအရာကို နောက်ဖြစ်လတံ့သော လူမျိုးအဘို့ ရေးမှတ်ရမည်။ ပြုပြင်တော်မူလတံ့သော လူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။ |
19. | ချုပ်ထားသောသူ၏ ညည်းတွားသံကို နားထောင်ခြင်းငှါ၎င်း၊ သေရမည့် သူတို့ကို လွှတ်ခြင်းငှါ၎င်း၊ အတိုင်းတိုင်အပြည်ပြည်သော လူမျိုးတို့သည် ထာဝရဘုရား၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှား စေခြင်းငှါ၎င်း၊ သန့်ရှင်းရာ ဌာနတော်အထွဋ်က ငုံ့ကြည့်တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရား သည် မြေကြီးကို ရှုမှတ်တော်မူ၏။ |
20. | ချုပ်ထားသောသူ၏ ညည်းတွားသံကို နားထောင်ခြင်းငှါ၎င်း၊ သေရမည့် သူတို့ကို လွှတ်ခြင်းငှါ၎င်း၊ အတိုင်းတိုင်အပြည်ပြည်သော လူမျိုးတို့သည် ထာဝရဘုရား၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှား စေခြင်းငှါ၎င်း၊ သန့်ရှင်းရာ ဌာနတော်အထွဋ်က ငုံ့ကြည့်တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရား သည် မြေကြီးကို ရှုမှတ်တော်မူ၏။ |
21. | ချုပ်ထားသောသူ၏ ညည်းတွားသံကို နားထောင်ခြင်းငှါ၎င်း၊ သေရမည့် သူတို့ကို လွှတ်ခြင်းငှါ၎င်း၊ အတိုင်းတိုင်အပြည်ပြည်သော လူမျိုးတို့သည် ထာဝရဘုရား၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှား စေခြင်းငှါ၎င်း၊ သန့်ရှင်းရာ ဌာနတော်အထွဋ်က ငုံ့ကြည့်တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရား သည် မြေကြီးကို ရှုမှတ်တော်မူ၏။ |
22. | ချုပ်ထားသောသူ၏ ညည်းတွားသံကို နားထောင်ခြင်းငှါ၎င်း၊ သေရမည့် သူတို့ကို လွှတ်ခြင်းငှါ၎င်း၊ အတိုင်းတိုင်အပြည်ပြည်သော လူမျိုးတို့သည် ထာဝရဘုရား၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှား စေခြင်းငှါ၎င်း၊ သန့်ရှင်းရာ ဌာနတော်အထွဋ်က ငုံ့ကြည့်တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရား သည် မြေကြီးကို ရှုမှတ်တော်မူ၏။ |
23. | လမ်းခရီး၌ ငါ၏အစွမ်းကို လျော့စေခြင်းငှါ၎င်း၊ ငါ၏နေ့ရက်ကာလကို တိုစေခြင်းငှါ၎င်း ပြုတော်မူသော အခါ၊ |
24. | ငါလျှောက်သော အချက်ဟူမူကား၊ အို အကျွန်ုပ် ၏ဘုရား၊ အကျွန်ုပ်ကို အသက်ပျိုစဉ်ပင် ပယ်ရှားတော် မမူပါနှင့်။ ကိုယ်တော်၏ နှစ်တို့သည် ကာလအစဉ် အဆက်မြဲကြပါ၏။ |
25. | ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည် တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။ |
26. | ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော် လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာ ရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့ လဲတော်မူသဖြင့်၊ ပြောင်းလဲခြင်းရှိကြသော်လည်း၊ |
27. | ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါ။ |
28. | ကိုယ်တော်ကျွန်တို့၏သားမြေးတို့သည် တည်၍၊ အမျိုးအနွယ်သည်လည်း ရှေ့တော်၌ မြဲမြံပါလိမ့်မည်။ |
← Psalms (102/150) → |