← Proverbs (29/31) → |
1. | အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။ |
2. | ဖြောင့်မတ်သောသူတို့သည် အခွင့်ရသော အခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။ |
3. | ပညာတရားကို နှစ်သက်သောသူသည် မိမိ အဘကို ဝမ်းမြောက်စေ၏။ ပြည်တန်ဆာတို့နှင့် ပေါင်း ဘော်သောသူမူကား၊ ဥစ္စာပြုန်းတီးတတ်၏။ |
4. | တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်း ပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင် မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။ |
5. | အိမ်နီးချင်းကို ချော့မော့သော သူသည် အိမ်နီး ချင်းသွားရာလမ်း၌ ကွန်ရွက်ကို ဖြန့်ထား၏။ |
6. | အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက် ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာ သီချင်း ဆိုတတ်၏။ |
7. | ဖြောင့်မတ်သော သူသည် ဆင်းရဲသားအမှုကို ဆင်ခြင်တတ်၏။ မတရားသောသူမူကား၊ ထိုအမှုကို ပမာဏမပြုတတ်။ |
8. | မထီမဲ့မြင်ပြုသော သူတို့သည် မြို့ကို မီးရှို့တတ် ၏။ ပညာရှိသော သူတို့မူကား၊ ဒေါသအမျက်ကို လွှဲတတ် ၏။ |
9. | ပညာရှိသောသူသည် မိုက်သောသူနှင့် အမှု တွေ့လျှင်၊ စိတ်ဆိုးသည်ဖြစ်စေ၊ ပြုံးရယ်သည်ဖြစ်စေ၊ အားရစရာအကြောင်းမရှိ။ |
10. | လူအသက်ကို သတ်တတ်သောသူတို့သည် စုံလင်သောသူကို မုန်းတတ်ကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ သူတပါးအသက်ကို စောင့်မတတ်ကြ၏။ |
11. | မိုက်သောသူသည် မိမိကြံစည်သမျှကို ဘော်ပြ တတ်၏။ပညာရှိသောသူမူကား၊ အဆင်မသင့်မှီ ထိမ်ဝှက် တတ်၏။ |
12. | မင်းသည်မုသာစကားကို နားထောင်လျှင်၊ ကျွန် အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည်။ |
13. | ဆင်းရဲသောသူနှင့် ညှဉ်းဆဲသောသူတို့သည် တွေ့ကြုံကြပြီ။ ထာဝရဘုရားသည် ထိုနှစ်ဦးတို့အား အလင်းကို ပေးသနားတော်မူ၏။ |
14. | ဆင်းရဲသားတို့ကို တရားသဖြင့် စီရင်သော ရှင် ဘုရင်၏အာဏာတော်သည် အစဉ်အမြဲတည်တတ်၏။ |
15. | ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွါးတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။ |
16. | မတရားသောသူတို့သည် များပြားသောအခါ၊ လွန်ကျူးခြင်းအပြစ်တိုးပွားတတ်၏။ သို့ရာတွင်၊ သူတို့ ပျက်စီးခြင်းကို ဖြောင့်မတ်သောသူတို့သည် မြင်ရကြ၏။ |
17. | သင်၏သားကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကို ချမ်းသာပေးမည်။ ထိုမျှမက စိတ်ရွှင်လန်းစရာ အခွင့်ကို ပေးမည်။ |
18. | ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကို စောင့်သောသူမူကား မင်္ဂလာ ရှိ၏။ |
19. | စကားအားဖြင့်သာ ကျွန်ကို ဆုံးမ၍ မနိုင်ရာ။ သူသည် နားလည်သော်လည်း၊ နားမထောင်ဘဲ နေလိမ့် မည်။ |
20. | သတိမရှိဘဲစကားများသော သူရှိလျှင်၊ ထိုသူ၌ မြော်လင့် စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌သာ၍ မြော်လင့်စရာ အခွင့်ရှိ၏။ |
21. | ကျွန်သည်ငယ်သော အရွယ်မှစ၍ ပျော်ပါး အောင် ကျွေးမွေးခြင်းကိုခံရလျှင်၊ နောက်ဆုံး၌ သား အရာကို ရလိမ့်မည်။ |
22. | စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော် တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူး များတတ်၏။ |
23. | မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။ |
24. | သူခိုးကိုလက်ခံသောသူသည် မိမိအသက်ကိုမုန်း တတ်၏။ ကျိန်ဆိုခြင်းကိုပြုသော်လည်း၊ အမှုကိုမဘော် မပြတတ်။ |
25. | လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင်တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။ |
26. | မင်းပြုသော ကျေးဇူးကိုများသောသူတို့သည် ကြိုးစား၍ ရှာတတ်ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူ တို့၏အမှုကို ထာဝရဘုရားစီရင်တော်မူ၏။ |
27. | တရားသောသူသည် မတရားသောသူကို၎င်း၊ မတရားသောသူသည်တရားသဖြင့် ကျင့်သောသူကို၎င်း၊ စက်ဆုပ်ရွံရှာ တတ်၏။ |
← Proverbs (29/31) → |