← Proverbs (27/31) → |
1. | နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။ |
2. | ကိုယ်တိုင်ကိုယ်ကို မချီးမွမ်းဘဲ သူတပါးချီးမွမ်း ပါလေစေ။ ကိုယ်နှုတ်နှင့် ကိုယ်ကိုမချီးမွမ်းဘဲ၊ ကိုယ်နှင့် မဆိုင်သော သူတပါး ချီးမွမ်းပါလေစေ။ |
3. | ကျောက်နှင့်သဲသည်လေး၏။ မိုက်သောသူ၏ ဒေါသသည် ထိုနှစ်ပါးထက် သာ၍လေး၏။ |
4. | မာနသည်ကြမ်းကြုတ်သော သဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။ |
5. | ထင်ရှားစွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ်ခြင်းထက် သာ၍ကောင်း၏။ |
6. | အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာ စောင့်လျက်ပေး၏။ ရန်သူမူကား၊ နမ်းသောအခါ လှည့်စားတတ်၏။ |
7. | စား၍ ဝသောသူသည် ပျားလပို့ကိုပင် ငြင်းပယ် လိမ့်မည်။ မွတ်သိပ်သောသူမူကား၊ ခါးသောအရာကို ချိုသည်ဟု ထင်တတ်၏။ |
8. | မိမိနေရာကိုစွန့်၍ လည်သောသူသည် မိမိ အသိုက်ကို စွန့်၍လည်သော ငှက်နှင့်တူ၏။ |
9. | နံ့သာဆီနှင့် နံ့သာရည်သည် ရွှင်လန်းစေသကဲ့ သို့၊ ကြည်ညိုသောစိတ်နှင့် အကြံပေးတတ်သော အဆွေ ခင်ပွန်း၏ ချစ်ဘွယ်သော လက္ခဏာသည် ရွှင်လန်းစေ တတ်၏။ |
10. | ကိုယ်အဆွေခင်ပွန်းနှင့် အဘ၏ အဆွေခင်ပွန်း ကို မစွန့်နှင့်။ အမှုရောက်သောကာလ၌၊ ညီအစ်ကို အိမ်သို့မသွားနှင့်။ နီသောအိမ်နီးချင်းသည် ဝေးသော ညီအစ်ကိုထက် သာ၍ကောင်း၏။ |
11. | ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။ |
12. | သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍၊ ပုန်းရှောင်လျက်နေတတ်၏။ ဉာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။ |
13. | မကျွမ်းသော သူအတွက်၊ အမျိုးပျက်သော မိန်းမအတွက်၊ အာမခံတတ်သော သူသည် အဝတ်အစ ရှိသော ဥစ္စာတစုံတခုကို ပေါင်ထားစေ။ |
14. | နံနက်စောစောထ၍၊ မိမိအဆွေခင်ပွန်းကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသောသူသည် ကျိန်ဆဲခြင်းကို ပြုရာရောက်၏။ |
15. | ရန်တွေ့တတ်သော မယားသည် မိုဃ်းသည်း စွာ ရွာသောနေ့၌ အစက်စက်ကျသော မိုဃ်းပေါက်နှင့် တူ၏။ |
16. | ထိုမိန်းမကို သိမ်းထားသောသူသည် လေကို သိမ်းထားသောသူနှင့်တူ၏။ လက်ျာလက်၌ လိမ်းသော နံ့သာဆီကို ဝှက်၍မထားနိုင်။ |
17. | သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည်အဆွေ ခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏။ |
18. | သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ်၏။ |
19. | ရေ၌လူမျက်နှာချင်းတူသကဲ့သို့၊ လူတယောက် နှင့်တယောက် စိတ်သဘောတူကြ၏။ |
20. | မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့် စုံသကဲ့သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်။ |
21. | ငွေစစ်စရာဘို့ မိုက်ရှိ၏။ ရွှေစစ်စရာဘို့ မီးဖို ရှိ၏။ လူကိုစစ်စရာဘို့ သူတပါးချီးမွမ်းခြင်းရှိ၏။ |
22. | မိုက်သောသူကို စပါးနှင့်အတူဆုံ၌ ကျည်ပွေ့နှင့် ထောင်သော်လည်း၊ မိုက်သောသဘောမထွက်တတ်။ |
23. | သင်၏ သိုးစုအကြောင်းတို့ကို သိခြင်းငှါ ကြိုး စားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။ |
24. | စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏ စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက် မတည် တတ်။ |
25. | မြက်ပင်ပေါက်တတ်၏။ ပျိုးပင်လည်း ထင်ရှား တတ်၏။ တောင်ယာအသီးကိုလည်း သိမ်းရ၏။ |
26. | သိုးသငယ်တို့သည် သင်ဝတ်စရာဘို့၊ ဆိတ်တို့သည် လည်း မြေအဘိုးကိုဖြေစရာဘို့ ပြစ်၏။ |
27. | သင်စားစရာဘို့၊ အိမ်သူအိမ်သားစားစရာဘို့၊ ကျွန်မိန်းမများကို ကျွေးစရာဘို့ ဆိတ်နို့လောက်လိမ့်မည်။ |
← Proverbs (27/31) → |