| ← Proverbs (25/31) → | 
| 1. | ယုဒရှင်ဘုရင် ဟေဇကိလူတို့ကူးရေးသော ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊ | 
| 2. | အမှုအရေးကို ဝှက်ထားခြင်းသည် ဘုရားသခင် ၏ ဘုန်းတော်နှင့် သင်၏။ ရှင်ဘုရင်မူကား၊ အမှုအရေးကို စစ်ကြောခြင်းအားဖြင့် ဂုဏ်အသရေတည်၏။ | 
| 3. | မိုဃ်းကောင်းကင်သည် မြင့်၏။ မြေကြီးသည် နက်၏။ ရှင်ဘုရင်နှလုံးကိုလည်း စစ်၍မသိနိုင်။ | 
| 4. | ငွေထဲက ချော်ကိုထုတ်ပယ်လျှင်၊ ပန်တိမ်သမား နှင့် တော်သင့်သောဖလားကို ရလိမ့်မည်။ | 
| 5. | မတရားသော သူတို့ကို ရှင်ဘုရင်ထံတော်မှ ပယ်ရှားလျှင်၊ အာဏာတော်သည် တရားအားဖြင့် တည် လိမ့်မည်။ | 
| 6. | ရှင်ဘုရင်ထံ တော်၌ ကိုယ်ကိုမချီးမြှောက်နှင့်။ လူကြီးနေရာ၌ မနေနှင့်။ | 
| 7. | အကြောင်းမူကား၊ ဖူးမြင်ရသောမင်းရှေ့မှာ နှိမ်ခြင်းကို ခံရသည်ထက်၊ ဤအရပ်သို့ တက်ပါဟူသော စကားကို သာ၍ကြားကောင်း၏။ | 
| 8. | အလျင်အမြန် ရန်မတွေ့နှင့်။ အိမ်နီးချင်းသည် သင့်ကို အရှက်ခွဲပြီးမှ၊ သင်သည် အဘယ်သို့ ပြုမည်နည်း။ | 
| 9. | သင်သည် အိမ်နီးချင်းနှင့် ကိုယ်အမှုကို ဆွေး နွှေးလော့။ ဝှက်ထားအပ်သောအမှုအရာကို သူတပါးအား ထုတ်၍မပြနှင့်။ | 
| 10. | သို့မဟုတ်၊ သူသည် သင့်ကို အရှက်ခွဲသဖြင့်၊ သင်၏ဂုဏ်အသရေသည် အစဉ်ဆုံးလိမ့်မည်။ | 
| 11. | လျောက်ပတ်သော စကားသည် ငွေအပြောက် မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့်တူ၏။ | 
| 12. | နားထောင်တတ်သောသူကို လျောက်ပတ်စွာ ဆုံးမတတ်သော သူသည် ရွှေနားတောင်းကဲ့သို့၎င်း၊ ရွှေစင်တန်ဆာကဲ့သို့၎င်း ဖြစ်၏။ | 
| 13. | စပါးရိတ်ရာကာလ၌ မိုဃ်းပွင့်ကြောင့် ချမ်း သကဲ့သို့၊ သစ္စာစောင့်သော တမန်သည် စေလွှတ်သောသူ ၌ ဖြစ်၍၊ သခင်စိတ်ကို ချမ်းဧစေတတ်၏။ | 
| 14. | ပေးမည်ဟု ဝါကြွား၍ မပေးဘဲနေသောသူ သည် မိုဃ်းရေမပါသော တိမ်နှင့်လေကဲ့သို့ ဖြစ်၏။ | 
| 15. | ကြာမြင့်စွာသည်းခံလျှင် မင်းကိုဖျောင်းဖျနိုင်၏။ ချိုသောစကားသည်လည်း အရိုးကျိုးအောင်တတ်နိုင်၏။ | 
| 16. | ပျားရည်ကိုတွေ့သလော။ ဝရုံသာစားတော့။ အစားကြူးလျှင် ရင်ပြည့်၍ အန်ရလိမ့်မည်။ | 
| 17. | သင်၏အိမ်နီးချင်းအိမ်၌ ကြာမြင့်စွာ မနေနှင့်။ နေလျှင် သူသည် သင့်ကိုငြီးငွေ့၍ မုန်းလိမ့်မည်။ | 
| 18. | အိမ်နီးချင်းတဘက်၌ မမှန်သောသက်သေကို ခံသောသူသည် ဒုတ်၊ ထား၊ သံချွန်နှင့်တူ၏။ | 
| 19. | အမှုရောက်သော ကာလ၌ သစ္စာပျက်တတ်သောသူ ကို ယုံလျှင် သွားကျိုးခြင်း၊ ခြေဆစ်ပြုတ်ခြင်းကို ခံရ၏။ | 
| 20. | စိတ်ညှိုးငယ်သောသူအား သီချင်းဆိုသောသူ သည် ဆောင်းကာလ၌ အဝတ်ကို ချွတ်သောသူ၊ ယမ်းစိမ်းပေါ်မှာ ပုံးရည်ကို လောင်းသောသူနှင့်တူ၏။ | 
| 21. | သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေး လော့။ ရေငတ်လျှင် သောက်စရာဘို့ပေးလော့။ | 
| 22. | ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကို ပုံထား ၍၊ ထာဝရဘုရားသည်လည်း၊ သင်၌ ဆုချတော်မူမည်။ | 
| 23. | မြောက်လေသည် မိုဃ်းရေကို ဆောင်တတ် သကဲ့သို့၊ ကုန်းတိုက်သောလျှာသည် ဒေါသမျက်နှာကို ဆောင်တတ်၏။ | 
| 24. | ရန်တွေ့တတ်သောမိန်းမနှင့် လူများသော အိမ်၌ နေသည်ထက်၊ အိမ်မိုးပေါ် ထောင့်ထဲမှာနေသော် သာ၍ကောင်း၏။ | 
| 25. | ဝေးသောပြည်မှ ရောက်လာသော ဝမ်းမြောက် စရာ သိတင်းစကားသည် ရေငတ်သောသူ၌ ချမ်းဧသော ရေကဲ့သို့ဖြစ်၏။ | 
| 26. | ဖြောင့်မတ်သောသူသည် မတရားသောသူရှေ့ တွင် မှားယွင်းလျှင်၊ နောက်သောရေကန်၊ ပုပ်သောစမ်း ရေတွင်းနှင့်တူ၏။ | 
| 27. | ပျားရည်ကို စားကြူးလျှင် မကောင်းသကဲ့သို့၊ ကိုယ်ဂုဏ်သရေကို ရှာလျှင် ဂုဏ်အသရေမရှိ။ | 
| 28. | ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပျိုပျက်၍ ဟင်းလင်းရှိသော မြို့နှင့်တူ၏။ | 
| ← Proverbs (25/31) → |