← Proverbs (14/31) → |
1. | ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည် ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။ |
2. | ဖြောင့်သောလမ်းသို့လိုက်သောသူသည် ထာဝရ ဘုရားကို ကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။ |
3. | မိုက်သောသူ၏ နှုတ်၌မာနကြိမ်လုံးရှိ၏။ ပညာ ရှိသောသူ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။ |
4. | နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကို ရတတ်၏။ |
5. | သစ္စာရှိသောသက်သေသည် မုသာမသုံးတတ်။ သစ္စာပျက်သော သက်သေမူကား၊ မုသာကိုသုံးတတ်၏။ |
6. | မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ၍ မတွေ့ရာ။ ဉာဏ်ရှိသောသူမူကား၊ ပညာအတတ်ကို ရလွယ်၏။ |
7. | မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာ အတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွား လော့။ |
8. | ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။ |
9. | မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီ လေးစားပြုကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ တယောက်ကိုတယောက် ကျေးဇူးပြုကြ၏။ |
10. | စိတ်နှလုံးသည် မိမိဒုက္ခကို သိ၏။ စိတ်နှလုံး ရွှင်လန်းခြင်း အကြောင်းကိုလည်း သူတပါးမဆိုင်တတ်။ |
11. | မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သော သူ၏တဲမူကား၊ ပွင့်လန်းတတ်၏။ |
12. | လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ၏။ |
13. | လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသော စိတ် သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်းအဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏။ |
14. | စိတ်နှလုံးဖေါက်ပြန်သောသူဖြစ်စေ၊ သူတော် ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည်။ |
15. | ဉာဏ်တိမ်သော သူသည်သူတပါး ပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာ လမ်းကို စေ့စေ့ကြည့်ရှုတတ်၏။ |
16. | ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့် တတ်၏။ |
17. | စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတပါးမုန်းလိမ့်မည်။ |
18. | ဉာဏ်တိမ်သော သူသည်မိုက်ခြင်းကို အမွေခံ တတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။ |
19. | လူဆိုးတို့သည် သူတော်ကောင်းရှေ့၌၎င်း၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ၏ အိမ် တံခါးဝ၌၎င်း ဦးချတတ်ကြ၏။ |
20. | ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း မုန်းခြင်း ကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာ သော အဆွေခင်ပွန်းရှိလိမ့်မည်။ |
21. | မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ၏။ ဆင်းရဲသော သူကိုသနားသောသူမူကား၊ မင်္ဂလာရှိ၏။ |
22. | မကောင်းသော အကြံကိုကြံတတ်သော သူတို့ သည် မှားယွင်းကြလိမ့်မည်။ ကျေးဇူးပြုမည်ဟု ကြံတတ် သောသူတို့မူကား၊ ကရုဏာအကျိုး နှင့်သစ္စာအကျိုးကို ခံရကြလိမ့်မည်။ |
23. | ကြိုးစား၍ လုပ်လေရာရာ၌ကျေးဇူးရှိ၏။ စကား များခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။ |
24. | ပညာရှိသောသူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ်၏။ မိုက်သောသူတို့၏ မိုက်ခြင်းမူကား၊ အမိုက်သက်သက်ဖြစ်၏။ |
25. | မှန်သောသက်သေသည် သူ့အသက်ကို ကယ် တင်တတ်၏။ မမှန်သောသက်သေမူကား၊ မုသာကို သုံးတတ်၏။ |
26. | ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီး သော ကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏။ သားတော်တို့ သည်လည်း ၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။ |
27. | ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာ ကျော့ကွင်းတို့မှ လွှဲရှောင်ရာအသက် စမ်းရေ တွင်းဖြစ်၏။ |
28. | ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော် တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်း ခြင်းရှိ၏။ |
29. | စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တို သောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။ |
30. | ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေ သောအကြောင်း၊ ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။ |
31. | ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။ |
32. | မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။ |
33. | ဉာဏ်ရှိသောသူ၏ နှလုံး၌ပညာကျိန်းဝပ်တတ် ၏။ မိုက်သောသူတို့၏အထဲ၌ ရှိသောအရာမူကား၊ ထင်ရှားတတ်၏။ |
34. | ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများ တို့ကို ရှုတ်ချတတ်၏။ |
35. | ပညာရှိသော အကျွန်အားရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သော ကျွန်မူကား၊ အမျက်တော်ကို ခံရမည်။ |
← Proverbs (14/31) → |