← Matthew (11/28) → |
1. | ထိုသို့ တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို အကုန်အစင်မှာထားတော်မူပြီးလျှင်၊ မြို့ရွာများတို့၌ ဆုံးမ ဩဝါဒပေးခြင်းငှါ၎င်း၊ သိတင်းကြားပြောခြင်းငှါ၎င်း၊ ထိုအရပ်မှ ကြွတော်မူ၏။ |
2. | ခရစ်တော်ပြုတော်မူသောအမှုတို့ကို ယောဟန်သည်ထောင်ထဲမှာကြားသောအခါ၊ မိမိတပည့်နှစ် ယောက်ကို စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူမှန်သလော။ |
3. | သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။ |
4. | ယေရှုကလည်း၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှတို့ကိုသွား၍ ယောဟန်အား ကြားလျှောက်ကြ လော့။ |
5. | မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာ စွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူ တို့သည် ထမြောက်ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသိတင်းကို ကြားရ ကြ၏။ |
6. | ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။ |
7. | ထိုသူတို့သည် သွားကြသည်နောက် ယေရှုသည် ယောဟန်ကိုအကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တောသို့ထွက်သွားကြသနည်း။ လေလှုပ်သော ကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော။ |
8. | သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါသွားသလော။ နူးညံ့သော အဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌ နေတတ်ကြ၏။ |
9. | ပရောဖက်ကို ကြည့်ရှုခြင်းငှါသွားသလော။ မှန်ပေ၏။ ပရောဖက်ထက် ကြီးမြတ်သောသူလည်း ဖြစ် သည်ဟု ငါဆို၏။ |
10. | ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကိုပြင်ရသော ငါ၏တမန်ကိုသင့်ရှေ့၌ ငါ စေလွှတ်၏ဟု ဆိုရာ၌ ထိုသူကိုဆိုလိုသတည်း။ |
11. | ငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက်ကြီးမြတ်သောသူ တ ယောက်မျှ မပေါ်မထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ ကြီးမြတ်၏။ |
12. | ဗတ္တိဇံ၊ ဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက် ပြုသော သူတို့သည်လည်း လုယူဝင်စားရကြ၏။ |
13. | ယောဟန်မရောက်မှီတိုင်အောင် ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းရှိသမျှတို့သည် ဆုံးမဩဝါဒပေးကြ၏။ |
14. | သင်တို့သည် ငါ့စကားကို နားခံနိုင်လျှင်၊ ဤသူကား လာလတံ့သော ဧလိယဖြစ်သတည်း။ |
15. | ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေ။ |
16. | ဤလူမျိုးကို အဘယ်ဥပမာနှင့် ပုံပြရအံ့နည်း။ ပွဲသဘင်၌ထိုင်နေသော သူငယ်တို့သည် မိမိသူငယ်ချင်း တို့အား အသံကိုလွှင့်၍၊ |
17. | ငါတို့သည်သာယာစွာ တီးမှုတ်သော်လည်း သင်တို့သည်မကကြ။ ညည်းတွားစွာ မြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည်တူလှ၏။ |
18. | အကြောင်းမူကား၊ ယောဟန်သည် မစားမသောက်ဘဲ လာသည်ရှိသော်၊ သူတို့က ဤသူသည် နတ်ဆိုး စွဲသောသူပါတကားဟု ဆိုကြ၏။ |
19. | လူသားသည် စားသောက်လျက်လာသည်ရှိသော်၊ ဤသူသည် စားကြူးသောသူ၊ စပျစ်ရည်သောက် ကြူးသောသူပါတကား။ အခွန်ခံသောသူနှင့် ဆိုးသောသူတို့ကို မိတ်ဆွေဖွဲ့သောသူပါတကားဟု ဆိုပြန်ကြ၏။ သို့သော်လည်း ပညာတရားသည် မိမိသားတို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် လွတ်သည်ဟုမိန့်တော်မူ၏။ |
20. | ထိုအခါ များစွာသောတန်ခိုးတော်ကို ပြတော်မူသောမြို့ရွာတို့သည် နောင်တမရသောကြောင့်၊ ထိုမြို့တို့ကို ဤသို့ကဲ့ရဲ့ပြစ်တင်တော်မူ၏။ |
21. | အိုခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူ ကား၊ သင်တို့တွင်ပြသောတန်ဖိုးကို တုရုမြို့နှင့်ဇိဒုန်မြို့တို့တွင်ပြဘူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေ အဝတ်ကို ဝတ်၍၊ ပြာနှင့် လူးလျက်နောင်တ ရကြလိမ့်မည်။ |
22. | ငါဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်တို့သည် တုရုမြို့နှင့်ဇိဒုန်မြို့ထက်သာ၍ ခံရကြလတံ့။ |
23. | အိုကပေရနောင်မြို့၊ သင်သည် မိုဃ်းကောင်းကင်တိုင်အောင် မြှောက်စားခြင်းကိုခံရသော်လည်း၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကိုခံရလတံ့။ အကြောင်းမူကား၊ သင်၌ပြသောတန်ခိုးကို သောဒုံမြို့၌ ပြုဘူး လျှင်၊ ထိုမြို့သည် ယခုတိုင်အောင်တည်ရာ၏။ |
24. | ။ငါဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်သည် သောဒုံမြို့ထက်သာ၍ခံရလတံ့ဟု မိန့်တော်မူ၏။ |
25. | ထိုအခါ ယေရှုက၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအဘ၊ ကိုယ်တော်သည် ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။ |
26. | ထိုသို့ အလိုတော်ရှိသောကြောင့် မှန်ပါ၏အဘ။ |
27. | ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်ပေးတော်မူပြီး။ ခမည်းတော်မှတပါးအဘယ် သူမျှ သားတော်ကိုမသိ။ သားတော်နှင့်သားတော်သည် လင်းစေလိုသော သူမှတပါး အဘယ်သူမျှ ခမည်းတော် ကိုမသိ။ |
28. | ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ |
29. | ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ် သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ |
30. | အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။ |
← Matthew (11/28) → |