← Luke (3/24) → |
1. | ကဲသာဘုရင် တိဗေရိနန်းစံတဆယ်ငါးနှစ်တွင်၊ ယုဒပြည်၌ ပုန္တိပိလတ်သည်မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်သည် စော်ဘွားအရာ၊ ဣတုရဲပြည်နှင့် တရာခေါနိပြည်၌ ဟေရုဒ်ညီဖိလိပ္ပုသည် စော်ဘွားအရာ၊ အဘိလင်ပြည်၌ လုသာနိသည် စောဘွားအရာ၊ |
2. | အန္နနှင့်ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းအရာ၊ အသီးအသီးရှိကြသောအခါ၊ တော၌ရှိသော ဇာခရိ၏သားယောဟန်သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရ၏။ |
3. | ပရောဖက်ဟေရှာယ၏ ကျမ်းစာ၌လာသည်ကား၊ တော၌ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။ |
4. | လမ်းခရီးတော်ကို ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရ မည်။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။ |
5. | ကြမ်းတမ်း သောလမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။ |
6. | လူအပေါင်းတို့သည် ဘုရားသခင်၏ ကယ်တင်တော်မူခြင်း အကြောင်းကို မြင်ရကြလတံ့ဟု လာသည်နှင့်အညီ၊ ယောဟန်သည် ယော်ဒန်မြစ်နား၌ အနှံ့အပြားလှည့် လည်၍ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလေ၏။ |
7. | ထိုအခါ၊ ဗတ္တိဇံကို ခံအံ့သောငှါလာကြသော လူအစုအဝေးတို့အား ယောဟန်ဟောပြောသည်ကား၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှါ အဘယ်သူသည် သင်တို့ကို သတိ ပေးဘိသနည်း။ |
8. | နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤ ကျောက်ခဲတို့မှ အာဗြဟံသားတို့ကိုထုတ်ဘော် ဖန်ဆင်း နိုင်တော်မူသည်ဟု ငါအမှန်ဆို၏။ |
9. | သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည် ဖြစ်၍၊ ကောင်းသောအသီးမသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရသည်ဟု ဟောပြောလေ၏။ |
10. | လူအစုအဝေးကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြ သော်၊ |
11. | ယောဟန်က၊ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအား မျှစေ။ စားစရာရှိသောသူသည် လည်း ထိုနည်းတူပြုစေဟု ပြန်ပြော၏။ |
12. | အခွန်ခံသူတို့သည် ဗတ္တိဇံကို ခံခြင်းငှါလာ၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ ပြုရပါမည် နည်းဟု မေးလျှောက်ကြလျှင်၊ |
13. | သတို့သခင်သည် ခွဲဝေစီမံသည်ထက်သာ၍ မခွဲမခံကြနှင့်ဟု ပြန်ပြော၏။ |
14. | စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ သင်တို့ သည် အဘယ်သူကိုမျှ အနိုင်အထက်မပြုကြနှင့်။ အဘယ်သူကိုမျှ မလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့ဟု ပြန်ပြော၏။ |
15. | လူအများတို့သည် မြော်လင့်၍၊ ယောဟန်သည် ခရစ်တော်မှန်သည်မမှန်သည်ကို နှလုံးထဲမှာ တွေး တောဆင်ခြင်ကြစဉ်၊ |
16. | ယောဟန်သည် လူအပေါင်းတို့အား ပြန်ပြောသည်ကား၊ ငါသည်သင်တို့အား ရေ၌ ဗတ္တိဇံကိုပေး၏။ ငါ့ထက်တတ်စွမ်းနိုင်သောသူသည် ကြွလာသေး၏။ ထိုသူ၏ခြေတော်ကြိုးကိုမျှ ဖြည်ခြင်းငှါ ငါမထိုက်။ ထို သူသည် သန့်ရှင်းသောဝိညာဉ်တော်၌၎င်း၊ မီး၌၎င်း သင်တို့ကိုဗတ္တဇံကိုပေးမည်။ |
17. | လက်တော်တွင် စံကောပါလျက် မိမိကောက် နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ ဂျုံစပါးကိုကား ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတံ့ဟု ပြောဆို၏။ |
18. | အခြားသောစကားများနှင့် ဆုံးမသွေးဆောင်၍ ဧဝံဂေလိတရားကို လူအများတို့အား ဟောပြော လေ၏။ |
19. | ထိုနောက် စော်ဘွားဟေရုဒ်သည် မိမိညီ၏ ခင်ပွန်းဟေရောဒိအကြောင်းမှစ၍၊ မိမိပြုသောဒုစရိုက် အပြစ်ရှိသမျှတို့ကို ယောဟန်သည် ဘော်ပြဆုံးမသောကြောင့်၊ |
20. | ဟေရုဒ်သည် အရင်အပြစ်ရှိသမျှတို့အပေါ်မှာ ပြစ်သစ်ကိုထပ်လောင်း၍ ယောဟန်ကို ထောင်ထဲမှာ လှောင်ထား၏။ |
21. | လူအပေါင်းတို့သည် ဗတ္တိဇံကိုခံကြသောအခါ၊ ယေရှုသည်လည်း ဗတ္တိဇံကိုခံတော်မူ၍ ဆုတောင်းစဉ် တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ |
22. | သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော်ပေါ်၌ ဆင်းသက်တော် မူ၍၊ သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။ |
23. | ထိုအခါ ယေရှုသည် အနှစ်သုံးဆယ်ခန့်မျှရှိတော်မူ၏။ လူများအထင်အမှတ်အားဖြင့် ကိုယ်တော်၏ အဘကား ယောသပ်တည်း။ ယောသပ်အဘဧလိ၊ |
24. | ဧလိအဘ မဿတ်၊ မဿတ်အဘ လေဝိ။ လေဝိအဘ မေလခိ၊ ပေလခိဘ ယန္န၊ ယန္နအဘ ယောသပ်၊ |
25. | ယောသပ်အဘ မတ္တသိ၊ မတ္တသိအဘ အာမုတ်၊ အာမုတ်အဘ နာဟုံ၊ နာဟုံအဘ ဧသလိ၊ |
26. | ဧသလိအဘနဂ္ဂဲ၊ နဂ္ဂဲအဘ မာအတ်၊ မာအတ်အဘ မတ္တသိ၊ မတ္တသိအဘ ရှေမိ၊ ရှေမိအဘ ယောသပ်၊ ယောသပ်အဘ ယုဒ၊ ယုဒအဘယေဟန္န၊ |
27. | ယောဟန္နအဘ ရေသ၊ ရေသအဘ ဇေရု ဗဗေလ၊ ဇေရုဗဗေလအဘ ရှာလသေလ၊ ရှာလသေလ အဘ နေရိ၊ နေရိအဘ မေလခိ၊ မေလခိအဘ အဒ္ဒိ၊ |
28. | အဒ္ဒိအဘကောသံ၊ ကောသံအဘ ဧလမောဒံ၊ ဧလမောဒံအဘ ဧရ၊ |
29. | ဧရအဘ ယောသေ၊ ယောသေအဘဧလျေဇာ၊ ဧလျေဇာအဘ ယောရိမ်၊ ယောရိမ်အဘမဿတ်၊ မဿတ်အဘလေဝိ၊ |
30. | လေဝိအဘရှိမောင်၊ ရှိမောင်အဘယုဒ၊ ယုဒ အဘယောသပ်၊ ယောသပ် အဘယောနန်၊ ယောနန်အဘ ဧလျောတိမ်၊ ဧလျာကိမ် အဘမေလေ၊ |
31. | မေလေအဘမဲနန်၊ မဲနန်အဘမတ္တသ၊ မတ္တသ အဘနာသန်၊ နာသန့်အဘဒါဝိဒ်၊ |
32. | ဒါဝိဒ်အဘယေရှဲ၊ ယေရှဲ အဘဩဗက်၊ ဩဇက် အာဘဗောဇ၊ ဗောဇအဘစာလမုန်၊ စာလမုန်အဘ နာရှန်၊ |
33. | နာရှုန်အဘအမိနဒဝ်၊ အမိနဒဝ်အဘအာရံ၊ အာရံအဘဟေဇရုံ၊ ဟေဇရုံအဘဖာရက်၊ ဖာရက် အဘယုဒ၊ |
34. | ယုဒအဘ ယာကုပ်၊ ယာကုပ်အဘ ဣဇာက်၊ ဣဇာက်အဘအာဗြဟံ၊ အာဗြဟံအဘတေရ၊ တေရအဘ နာခေါ်၊ |
35. | နာခေါ်အဘစေရောက်၊ စေရောက်အဘ ရာဂေါ၊ ရာဂေါအဘဖာလက်၊ ဖာလက်အဘ ဟေဗာ၊ ဟေဗာအဘ ရှာလ၊ |
36. | ရှာလအဘ ကာဣနန်၊ ကာဣနန်အဘ အာဖာဇဒ်၊ အာဖာဇဒ်အဘ ရှေမ၊ ရှေမအဘနောဧ၊ နောဧအဘလာမက်၊ |
37. | လာမက်အဘ မသုရှလ၊ မသုရှလအဘ ဧနောက်၊ ဧနောက်အဘယာရက်၊ ယာရက်အဘ မဟာ လေလေလ၊ မဟာလေလေလအဘ ကာဣနန်၊ |
38. | ကာဣနန် အဘဧနုတ်၊ ဧနုတ်အဘရှေသ၊ ရှေသအဘ အာဒံ၊ အာဒံအဘဘုရား သခင်ပေတည်း။ |
← Luke (3/24) → |