← Luke (18/24) → |
1. | လူတို့သည် အားမလျော့ဘဲကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူ သည်ကား၊ |
2. | မြို့တမြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော တရားသူကြီးတယောက်ရှိ၏။ |
3. | ထိုမြို့၌နေသော မုတ်ဆိုးမတယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စား ချေလောက်အောင် အပြစ်အလျောက်ဒဏ် စီရင်ပါဟု တောင်းပန်သော်လည်း၊ |
4. | တရားမစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သောသူ ဖြစ်သော်လည်း၊ |
5. | ဤမုတ်ဆိုးမသည် ငါ့ကိုနှောင့်ရှက်သောကြောင့် သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကို ပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။ |
6. | မတရားသော ထိုတရားသူကြီး၏ အကြံကိုမှတ်ကြလော့။ |
7. | ဘုရားသခင် ရွေးကောက်တော်မူသောသူတို့သည် ညဉ့်နေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။ |
8. | ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။ |
9. | ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတပါးကို မထီမဲ့မြင်ပြုတတ်သောသူအချို့တို့အား မိန့်တော်မူသော ဥပမာကား၊ |
10. | လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တယောက်ကား ဖာရိရှဲဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။ |
11. | ဖာရိရှဲသည် တယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။ |
12. | အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟူ ၍ ဆုတောင်းပဌနာပြု၏။ |
13. | အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခက်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်းလေ၏။ |
14. | ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ရောက်လတံ့ဟု မိန့်တော်မူ၏။ |
15. | ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည်ကို တပည့်တော် တို့သည် မြင်လျှင် အပြစ်တင်ကြ၏။ |
16. | ယေရှုသည် ထိုသူငယ်တို့ကို ခေါ်တော်မူ၍ ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။ |
17. | ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရဟု မိန့်တော်မူ၏။ |
18. | အရာရှိတယောက်က၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ် သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊ |
19. | ယေရှုက၊ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသော ကောင်းမြတ်တော်မူ၏။ |
20. | သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ မမှန်သော သက်သေ ကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊ |
21. | အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို ငယ်သောအရွယ်မှစ၍ အကျွန်ုပ်စောင့်ရှောက်ပါပြီဟု လျှောက် ပြန်သည်ကို ယေရှုသည်ကြားလျှင် သင်သည် တခုလိုသေး၏။ |
22. | ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ လာ၍ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ |
23. | ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည် နှင့် သွားလေ၏။ |
24. | ထိုသို့ စိတ်မသာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။ |
25. | ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။ |
26. | ကြားသောသူတို့ကလည်း၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်း ဟု ပြောဆိုကြ၏။ |
27. | ကိုယ်တော်ကလည်း၊ လူမတတ်နိုင်သောအမှုကို ဘုရားသခင်တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။ |
28. | ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော်၊ |
29. | ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တပါးပါးကို စွန့်၏။ |
30. | ထိုသူသည် ယခုကာလ၌ အဆများစွာသောအကျိုးကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း ခံရ လတံ့ဟု မိန့်တော်မူ၏။ |
31. | ထိုအခါ ကိုယ်တော်သည် တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို ခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခု သွားကြ၏။ ပရောဖက်များ ရေးမှတ်သမျှသည် လူသား၌ ပြည့်စုံရလိမ့်မည်။ |
32. | တပါးအမျိုးသားတို့လက်သို့ အပ်နှံခြင်း၊ ပြက်ယယ်ပြုခြင်း၊ ညှဉ်းဆဲခြင်း၊ တံတွေးနှင့် ထွေးခြင်းကို ခံရလိမ့်မည်။ |
33. | သူတို့သည် လူသားကို ရိုက်ပုတ်၍သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။ |
34. | ထိုစကားတော်တခွန်းကိုမျှ တပည့်တော်တို့သည်နားမလည်ကြ။ ထိုအကြောင်းအရာသည် ဝှက်ထား လျက် ရှိသည်ဖြစ်၍ မိန့်တော်မူချက်အနက်ကို မရိပ်မိကြ။ |
35. | ယေရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင်၊ လူကန်းတယောက်သည် လမ်းနားမှာထိုင်၍ တောင်းစား လေ၏။ |
36. | ထိုလူကန်းသည် လမ်း၌ လူများသွားသံကို ကြားလျှင် အဘယ်သို့ ဖြစ်သနည်းဟုမေး၏။ |
37. | နာဇရက်မြို့သား ယေရှုကြွသွားကြောင်းကို သူတပါးပြောလျှင်၊ |
38. | ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။ |
39. | ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ ရှေ့တော်၌ သွားသောသူတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြလေ၏။ |
40. | ယေရှုသည်လည်း ရပ်တော်မူလျက်၊ ထိုသူကို ခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ လူကန်းသည် အထံတော်သို့ ချဉ်းကပ်ပြီးမှ၊ သင်၌အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊ |
41. | သခင်၊ အကျွန်ုပ်မျက်စိမြင်စေခြင်းငှါ ပြုတော်မူပါဟု လျှောက်လေသော်၊ |
42. | ယေရှုက၊ မျက်စိမြင်စေ။ သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ၏။ |
43. | ထိုခဏခြင်းတွင် ထိုသူသည် မျက်စိမြင်၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် နောက်တော်သို့ လိုက်လေ၏။ လူအပေါင်းတို့သည် မြင်လျှင် ဘုရားသခင်ကို အံ့ဩချီးမွမ်းကြ၏။ |
← Luke (18/24) → |