| ← Lamentations (3/5) → | 
| 1. | ငါသည် ဘုရားသခင်၏ အမျက်တော်ကြိမ်လုံး အောက်၌ ဆင်းရဲခြင်းကို ခံရသောသူဖြစ်၏။ | 
| 2. | ငါ့ကိုသွေးဆောင်၍ အလင်းသို့မပို့၊ မှောင်မိုက် ထဲသို့ ပို့ဆောင်တော်မူ၏။ | 
| 3. | အကယ်စင်စစ်ငါ့ကို တနေ့လုံးအထပ်ထပ် ဒဏ်ခတ်တော်မူ၏။ | 
| 4. | ငါ့အရေနှင့်အသားကို ဆွေးရိစေ၍ ငါ့အရိုး တို့ကိုလည်း ချိုးတော်မူ၏။ | 
| 5. | ငါ့တဘက်၌ တပ်တည်၍ခါးသောအရာ၊ ပင်ပန်းစရာအကြောင်းတို့နှင့် ပိုင်းတော်မူ၏။ | 
| 6. | သေလွန်သောသူတို့ကို ပြုတတ်သကဲ့သို့၊ ငါ့ကို မိုက်သောအရပ်၌ ထားတော်မူ၏။ | 
| 7. | ငါမထွက်နိုင်အောင် ဝင်းခတ်၍၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ၏။ | 
| 8. | ထိုမျှမကငါသည် ကြွေးကြော်အော်ဟစ်၍ ဆုတောင်းသော်လည်း ငြင်းပယ်တော်မူ၏။ | 
| 9. | ငါသွားရာလမ်းကို ကျောက်ထရံနှင့်ပိတ်၍၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ၏။ | 
| 10. | ငါ့ကို ချောင်းမြောင်းသောဝက်ဝံကဲ့သို့၎င်း၊ မထင်ရှားသော အရပ်၌နေသော ခြင်္သေ့ကဲ့သို့၎င်း ဖြစ် တော်မူ၏။ | 
| 11. | ငါ့ကိုလမ်းလွဲစေပြီးလျှင် အပိုင်းပိုင်းဖြတ်၍ ဖျက်ဆီးတော်မူ၏။ | 
| 12. | လေးတော်ကိုတင်၍ ပစ်စရာစက်အရာ၌ ငါ့ကို ထားတော်မူ၏။ | 
| 13. | မြှားတော်တို့ကိုလည်း၊ ငါ့ကျောက်ကပ်ကို ခွင်း စေတော်မူ၏။ | 
| 14. | ငါသည်ငါ၏လူတို့တွင် ကဲ့ရဲ့စရာအကြောင်းနှင့် တနေ့လုံး သီချင်းဆိုစရာအကြောင်း ဖြစ်ပါသည်တကား။ | 
| 15. | ခါးသောဆေးနှင့်ငါ့ကိုဖြည့်၍၊ ဒေါနနှင့်ယစ်မူး စေတော်မူ၏။ | 
| 16. | ကျောက်စရစ်ကိုကျွေး၍ ငါ့သွားတို့ကို ချိုးတော် မူ၏။ မီးဖိုပြာနှင့် ဖုံးတော်မူ၏။ | 
| 17. | ငါ၏ဝိညာဉ်ကို ချမ်းသာနှင့်ဝေးစွာ ရွေ့တော်မူ သောကြောင့်၊ ငါသည် မင်္ဂလာအကြောင်းကို မေ့လျော့ ၏။ | 
| 18. | သို့ဖြစ်၍၊ ငါသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းသတ္တိနှင့် မြော်လင်စရာအကြောင်း ပျက်လေပြီဟု ဆိုရ၏။ | 
| 19. | အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြင်ခြင်းကို၎င်း၊ ဒေါနနှင့် သည်းခြေအရည်ကို၎င်း အောက်မေ့တော်မူပါ။ | 
| 20. | ဧကန်အမှန်အောက်မေ့တော်မူလိမ့်မည်။ | 
| 21. | ထိုသို့အကျွန်ုပ်၏ စိတ်နှလုံးသည် ဆင်ခြင်၍ သတိရသောအခါ မြော်လင့်စရာအခွင့်ရှိပါ၏။ | 
| 22. | ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာ တော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ | 
| 23. | နံနက်တိုင်းကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။ | 
| 24. | ငါ့ဝိညာဉ်၏ သဘောဟူမူကား၊ ထာဝရဘုရား သည် ငါ၏အဘို့ ဖြစ်တော်မူ၏။ ထိုကြောင့်၊ ကိုယ်တော် ကို ငါမြော်လင့်ပါ၏။ | 
| 25. | ကိုယ်တော်ကို မြော်လင့်သောသူနှင့် ကိုယ်တော် ကို ရှာသောသူ၏ စိတ်ဝိညာဉ်အား ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၏။ | 
| 26. | ကယ်တင်တော်မူမည်ဟု မြော်လင့်လျက်၊ ငြိမ်ဝပ်စွာ စောင့်၍ နေကောင်း၏။ | 
| 27. | လူသည်အသက်ပျိုစဉ်အခါ ထမ်းဘိုးကို ထမ်း ကောင်း၏။ | 
| 28. | ထမ်းဘိုးကို တင်တော်မူသောကြောင့် တယောက်တည်းထိုင်၍ ငြိမ်ဝပ်စွာနေစေ။ | 
| 29. | မြော်လင့်စရာအခွင့်ရှိကောင်းရှိလိမ့်မည်ဟု ထင်လျက်၊ မိမိနှုတ်ကို မြေမှုန့်၌ကပ်စေ။ | 
| 30. | ရိုက်သောသူအား မိမိပါးကိုပေး၍၊ ကဲ့ရဲ့ပြစ်တင် ခြင်းနှင့်ပြည့်ဝစေ။ | 
| 31. | အကြောင်းမူကား၊ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မမူတတ်။ | 
| 32. | ဝမ်းနည်းစေတော်မူသော်လည်း၊ ကရုဏာတော် များပြားသည်နှင့်အညီ သနားတော်မူလိမ့်မည်။ | 
| 33. | ဆင်းရဲစေချင်သော စိတ်နှင့်လူသားတို့ကို ညှဉ်းဆဲ၍ ဝမ်းနည်းစေတော်မူသည်မဟုတ်။ | 
| 34. | ချုပ်ထားသော ပြည်သားအပေါင်းတို့ကို ခြေနှင့် နင်းကြိတ်ခြင်းအမှု၊ | 
| 35. | လူခံထိုက်သောတရားကို အမြင့်ဆုံးသော ဘုရား မျက်မှောက်၌ ဖျက်ခြင်းအမှု၊ | 
| 36. | သူတပါးကိုမတရားသဖြင့် ရှုံးစေခြင်းအမှုတို့ကို ထာဝရဘုရားနှစ် သက်တော်မမူ။ | 
| 37. | ထာဝရဘုရားမှာထားတော်မမူဘဲ၊ အဘယ်သူ သည် ပြော၍တစုံတခုကို ဖြစ်စေနိုင်သနည်း။ | 
| 38. | အမြင့်ဆုံးသော ဘုရား၏နှုတ်ထွက်ရှိသည် အတိုင်း အမင်္ဂလာနှင့် အမင်္ဂလာဖြစ်တတ်သည် မဟုတ် လော။ | 
| 39. | အသက်ရှင်သောလူသတ္တဝါသည် အဘယ် ကြောင့် မြည်တမ်းရမည်နည်း။ မိမိဒုစရိုက်အပြစ်ကြောင့် မြည်တမ်းရမည်လော။ | 
| 40. | ငါတို့သည်ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြော စုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။ | 
| 41. | ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရားသခင့် ထံတော်သို့ နှလုံးနှင့်လက်တို့ကို ချီကြွကြကုန်အံ့။ | 
| 42. | အကျွန်ုပ်တို့သည် ပြစ်မှား ပုန်ကန်မိပါပြီ။ ကိုယ်တော်သည် အပြစ်လွှတ်တော်မမူပါ။ | 
| 43. | အမျက်တော်ထွက်၍ မျက်နှာလွှဲတော်မူ၏။ တဖန်အကျွန်ုပ်တို့ကိုလိုက်၍ ကရုဏာမရှိဘဲ ကွပ်မျက် တော်မူ၏။ | 
| 44. | အကျွန်ုပ်တို့ ပဌနာစကားသည် အထံတော်သို့ မပေါက်နိုင်အောင်၊ မိုဃ်းတိမ်ဖြင့်ကိုယ်ကို ကွယ်ကာ တော်မူ၏။ | 
| 45. | အကျွန်ုပ်တို့ကိုလူမျိုးတို့တွင် လှည်းပစ်သော တန်မြက်ချေး အမှိုက်ကဲ့သို့၎င်း၊ ရွံစရာအရာကဲ့သို့၎င်း ဖြစ်စေတော်မူ၏။ | 
| 46. | ရန်သူအပေါင်းတို့သည် အကျွန်ုပ်တို့တဘက်၌ နှုတ်ကိုဖွင့်ကြပါ၏။ | 
| 47. | အကျွန်ုပ်တို့သည် ကြောက်လန့်ဘွယ်သော အရာထဲသို့၎င်း၊ တွင်းထဲသို့၎င်း၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးခြင်းထဲသို့၎င်း ရောက်ကြပါပြီ။ | 
| 48. | ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ | 
| 49. | ငါမျက်စိသည်မြစ်ရေဖြစ်၍ စီးလျက်ရှိ၏။ | 
| 50. | ထာဝရဘုရားသည် ကောင်းကင်က ငုံ့ကြည့်၍ ရှုမှတ်တော်မမူမှီတိုင်အောင်၊ ငါ့မျက်ရည်သည် ကျ၍ အစဉ်မပြတ် ယိုစီးလျက်ရှိ၏။ | 
| 51. | ငါ၏မြို့သမီးအပေါင်းတို့အတွက်ကြောင့်၊ ငါမျက်စိသည် ငါ့နှလုံးကို ပူစေတတ်၏။ | 
| 52. | အကြောင်းမရှိဘဲ ငါ့ကိုရန်ပြုသောသူတို့သည် ငှက်ကိုလိုက်၍ ရှာသကဲ့သို့ ငါ့ကိုလိုက်၍ ရှာကြ၏။ | 
| 53. | မြေတွင်း၌ ငါ့အသက်ကို ဖြတ်၍ ငါ့အပေါ်မှာ ကျောက်ကို တင်ထားကြ၏။ | 
| 54. | ငါ့ခေါင်းကို ရေလွှမ်းမိုးသည်ဖြစ်၍၊ ငါသည် ဆုံးရှုံးပြီဟု ဆိုရ၏။ | 
| 55. | အိုထာဝရဘုရား၊ နက်သော မြေတွင်းထဲက အကျွန်ုပ်သည် ကိုယ်တော်၏နာမကို ခေါ်ပါ၏။ | 
| 56. | အကျွန်ုပ်ခေါ်သံကို ကြားတော်မူသည်ဖြစ်၍၊ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့်။ | 
| 57. | အကျွန်ုပ်သည် ကိုယ်တော်ကို ဟစ်ခေါ်သော အခါ၊ ကိုယ်တော်သည် ချဉ်းကပ်တော်မူ၍၊ မကြောက်နှင့် ဟု မိန့်တော်မူပြီ။ | 
| 58. | အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် အသက်နှင့် ဆိုင်သောအမှုကိုစောင့်၍ ရွေးနှုတ်တော်မူပြီ။ | 
| 59. | အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် ခံရသော ညှဉ်းဆဲခြင်းကို မြင်တော်မူပြီ။ အကျွန်ုပ်အဘို့ တရားစီရင်တော်မူပါ။ | 
| 60. | သူတို့သည် အကျွန်ုပ်ကို ရန်ငြိုးဖွဲ့သမျှနှင့် မကောင်းသော အကြံရှိသမျှကို ကိုယ်တော်မြင်တော်မူပြီ။ | 
| 61. | အိုထာဝရဘုရား၊ သူတို့ကဲ့ရဲ့သောအကြောင်း နှင့်မကောင်း သောအကြံရှိသမျှကို၎င်း၊ | 
| 62. | အကျွန်ုပ်တဘက်၌ ထသောသူတို့၏ အပြစ်တင် ခြင်း၊ အကျွန်ုပ်တဘက်၌ တနေ့လုံးကြံစည်ခြင်းကို၎င်း ကိုယ်တော်ကြားတော်မူပြီ။ | 
| 63. | သူတို့ထိုင်ခြင်း၊ ထခြင်းကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည် သူတို့သီချင်းဆိုစရာအကြောင်းဖြစ်ပါ၏။ | 
| 64. | အိုထာဝရဘုရား၊ သူတို့ကျင့်သော အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ | 
| 65. | သူတို့စိတ်နှလုံးကိုခိုင်မာစေ၍ ကျိန်တော်မူပါ။ | 
| 66. | အမျက်တော်ထွက်၍ သူတို့ကို ညှဉ်းဆဲသဖြင့်၊ ထာဝရဘုရား၏ မိုဃ်းကောင်းကင်အောက်မှ သုတ်သင် ပယ်ရှင်းတော်မူပါ။ | 
| ← Lamentations (3/5) → |