← Joshua (19/24) → |
1. | ဒုတိယတကြိမ်စာရေးတံပြု၍၊ ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ယုဒအမွေမြေအတွင်း ၌ အမွေခံရကြ၏။ |
2. | သူတို့အမွေမြေ၌ရှိသော မြို့များဟူမူကား၊ ဗေရ ရှေဘမြို့၊ မောလဒါမြို့၊ |
3. | ဟာဇာရွာလမြို့၊ ဗာလာမြို့၊ အာဇင်မြို့၊ |
4. | ဧလတောလဒ်မြို့၊ ဗေသူလမြို့၊ ဟေမာမြို့၊ |
5. | ဇိကလတ်မြို့၊ ဗက်မာကဗုတ်မြို့၊ ဟာဇာသုသမြို့၊ |
6. | ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့၊ ရွာနှင့်တကွ ဆယ်သုံးမြို့တည်း။ |
7. | ထိုမှတပါး၊ အင်ရိမ္မုန်မြို့၊ တောခင်မြို့၊ ဧသာမြို့၊ အာရှန်မြို့၊ ရွာနှင့်တကွ လေးမြို့တည်း။ |
8. | ထိုမှတပါး တောင်မျက်နှာ၌ ဗာလတ်ဗေရရာ မတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်း ကျင် ရွာရှိသမျှပါသတည်း။ ဤရွေ့ကား ရှိမောင်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။ |
9. | ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဘို့ထဲက နှုတ်ရ၏။ ယုဒအမျိုးသားတို့အဘို့သည် ကြီး ကျယ်သောကြောင့်၊ သူတို့အမွေမြေအတွင်း၌ ရှိမောင် အမျိုးသားတို့သည် အမွေခံရကြ၏။ |
10. | တတိယတကြိမ်စာရေးတံပြု၍ ဇာဗုလုန်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ သူတို့ အမွေမြေအပိုင်းအခြားသည် စာရိဒ်မြို့မှထွက်၍၊ |
11. | အနောက်သို့သွားလျက် မရာလမြို့၊ ဒဗ္ဗရှက်မြို့ သို့၎င်း၊ ယောကနံမြို့ရှေ့မှာရှိသော မြစ်သို့၎င်း မှီလေ၏။ |
12. | တဖန် စာရိဒ်မြို့မှ နေထွက်ရာအရှေ့မျက်နှာသို့ လှည့်သဖြင့်၊ ခိသလုတ္တာဗော်မြို့၊ ဒါဗရတ်မြို့သို့ ရောက်ပြီး လျှင်၊ ယာဖျာမြို့သို့ တက်လေ၏။ |
13. | ထိုမြို့မှစ၍ အရှေ့ဘက်နားမှာလိုက်လျက်၊ ဂိတ္တ ဟေဖါမြို့၊ အိတ္တကာဇိန်မြို့၊ ရိမ္မုန်မေသောရနေအာမြို့သို့ ရောက်လေ၏။ |
14. | မြောက်ဘက်၌လည်း ဝိုင်းသဖြင့်၊ ဟန္နသုန်မြို့ သို့ရောက်၍ ယိဖသေလချိုင့်၌ ဆုံးလေ၏။ |
15. | ထိုမှတပါး၊ ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန် မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့တည်းဟူသော ရွာနှင့်တကွ ဆယ်နှစ်မြို့ရှိသတည်း။ |
16. | ဤရွေ့ကား မြို့ရွာပါလျက် ဇာဗုလုန်အမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။ |
17. | စတုတ္ထတကြိမ် စာရေးတံပြု၍ ဣသခါအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ |
18. | သူတို့အပိုင်းအခြားသည် ယေဇရေလမြို့၊ ခေသု လုတ်မြို့၊ ရှုနင်မြို့၊ |
19. | ဟာဖရိမ်မြို့၊ ရှိဟုန်မြို့၊ အာနဟာရတ်မြို့၊ |
20. | ရဗ္ဗိတ်မြို့၊ ကိရှုန်မြို့၊ အာဗက်မြို့၊ |
21. | ရေမက်မြို့၊ အင်္ဂန္နမြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့ ပါလျက်၊ |
22. | တာဗော်မြို့၊ ရာဟဇိမမြို့၊ ဗက်ရှေမက်မြို့သို့ ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။ ရွာနှင့်တကွ ဆယ် ခြောက်မြို့ရှိသတည်း။ |
23. | ဤရွေ့ကား မြို့ရွာပါလျက် ဣသခါအမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။ |
24. | ပဉ္စမတကြိမ် စာရေးတံပြု၍ အာရှာအမျိုးသား တို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ |
25. | သူတို့အပိုင်းအခြားသည် ဟေလကတ်မြို့၊ ဟာလိမြို့၊ ဗေတင်မြို့၊ အာခရှပ်မြို့၊ |
26. | အာလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့ပါ လျက်၊ အနောက်မျက်နှာ၌ ကရမေလမြို့၊ ရှိဟောရလိဗ နတ်မြို့သို့ ရောက်လေ၏။ |
27. | တဖန် နေထွက်ရာဘက်သို့လှည့်၍ ဗက်ဒါဂုန် မြို့၊ ဇာဗုလုန်ခရိုင်၊ ယိဖသေလချိုင့်ကို ရှောက်သဖြင့်၊ မြောက်မျက်နှာသို့သွား၍ ဗေသမက်မြို့၊ နယေလမြို့၊ ကာ ဗုလမြို့၊ |
28. | ဟေဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့၊ ဇိဒုန်မြို့ကြီးတိုင်အောင် ရောက်ပြီးလျှင်၊ |
29. | ရာမမြို့၊ ခိုင်ခံ့သောတုရုမြို့၊ ဟောသမြို့သို့ လှည့်လျက်၊ ပင်လယ်ကမ်းပါးမှစ၍ အာခဇိပ်မြို့တိုင် အောင် ပင်လယ်၌ဆုံးလေ၏။ |
30. | အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့နှင့်တကွ ရွာပါလျက် နှစ်ဆယ်နှစ်မြို့ရှိသတည်း။ |
31. | ဤရွေ့ကား မြို့ရွာပါလျက် အာရှာအမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။ |
32. | ဆဌမတကြိမ် စာရေးတံပြု၍ နဿလိအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ |
33. | သူတို့အပိုင်းအခြားသည် ဟေလပ်မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ်မြို့၊ အာဒမိမြို့၊ နေကပ်မြို့၊ ယာဗနေလမြို့၊ လာကုံမြို့ပါလျက် ယော်ဒန်မြစ်၌ ဆုံးလေ၏။ |
34. | တဖန် အနောက်မျက်နှာသို့ လှည့်သဖြင့် အာဇနုတ္တာဘော်မြို့၊ ဟုကုတ်မြို့သို့ရောက်၍၊ တောင် ဘက်၌ ဇာဗုလုန်ခရိုင်၊ အနောက်ဘက်၌ အာရှာခရိုင်၊ နေထွက်ရာဘက်၌ ယော်ဒန်မြစ်အပိုင်းအခြားရှိ၏။ |
35. | ခိုင်ခံ့သောမြို့များ ဟူမူကား၊ ဇိဒ္ဒိမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်္နေသရက်မြို့၊ |
36. | အာဒမာမြို့၊ ရာမမြို့၊ ဟာဇော်မြို့၊ |
37. | ကေဒေရှမြို့၊ အင်ဟာဇော်မြို့၊ ဧဒြိမြို့၊ |
38. | ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသ နတ်မြို့၊ ဗက်ရှေမက်မြို့၊ ရွာနှင့်တကွ ဆယ်ကိုးမြို့တည်း။ |
39. | ဤရွေ့ကား မြို့ရွာပါလျက်၊ နဿလိအမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။ |
40. | သတ္တမတကြိမ် စာရေးတံပြု၍ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ |
41. | သူတို့အမွေခံရသော မြို့များဟူမူကား၊ ဇောရာ မြို့၊ ဧရှတောလမြို့၊ ဣရရှေမက်မြို့၊ |
42. | ရှာလဗ္ဗိန်မြို့၊ အာယလုန်မြို့၊ ယေသလမြို့၊ |
43. | ဧလုန်မြို့၊ သိမနာသမြို့၊ ဧကြုန်မြို့၊ |
44. | ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊ |
45. | ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန်မြို့၊ |
46. | မေယာကုန်မြို့၊ ရက္ကုန်မြို့၊ ယာဖေါမြို့ရှေ့မှာရှိ သော မြေပါသတည်း။ |
47. | ဒန်အမျိုးသားရသောမြေသည် ကျဉ်းမြောင်း သောကြောင့်၊ လဲရှမြို့ကို စစ်ချီ၍တိုက်ယူလုပ်ကြံသဖြင့် နေရာချကြ၏။ လဲရှမြို့ကို၊ အမျိုး၏အဘဒန်ကို အစွဲပြု၍၊ ဒန်မြို့ဟူသောအမည်ဖြင့် မှည့်ကြ၏။ |
48. | ဤရွေ့ကား မြို့ရွာပါလျက်၊ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။ |
49. | ထိုသို့ ဣသရေလအမျိုးသားတို့သည် မြေတပြင် လုံးကို အပိုင်းအခြားနှင့်တကွ ဝေဖန်၍ အမွေခံပြီးမှ၊ နုန်၏သားယောရှုအား အမွေမြေကို ပေးကြ၏။ |
50. | သူတောင်းသောမြို့ ဧဖရိမ်တောင်ပေါ်မှာ တိမ နဿေရမြို့ကို ထာဝရဘုရားအမိန့်တော်အတိုင်း ပေးသ ဖြင့်၊ သူသည် မြို့ကိုတည်ထောင်၍ နေလေ၏။ |
51. | ဤရွေ့ကား ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏ သားယောရှု၊ ဣသရေလအမျိုးသားတို့တွင် အဆွေအမျိုး သူကြီးတို့သည်၊ ရှိလောမြို့မှာ ထာဝရဘုရားရှေ့ ပရိသတ် စည်းဝေးရာတဲတော်တံခါးနား၌ ဝေပေးသော အမွေခံ စရာမြေ အသီးသီးပေတည်း။ ဤရွေ့ကား၊ ပြည်ကို ဝေဖန်သောအမှု ပြီးလေ၏။ |
← Joshua (19/24) → |