| ← Joshua (15/24) → | 
| 1. | ယုဒအမျိုးသားတို့သည် စာရေးတံပြု၍ အဆွေ အမျိုးအလိုက် အမွေခံရသောမြေဟူမူကား၊ တောင်မျက် နှာ၌ ဧဒုံပြည်နယ်နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှ စ၍ ဇိနတောဖြစ်သော၊ | 
| 2. | တောင်ဘက်အပိုင်းအခြားသည် သောဒုံအိုင်၌ တောင်အကွေ့မှထွက်၍၊ | 
| 3. | တောင်မျက်နှာနား၊ အကရဗ္ဗိမ်ကုန်းကို ရှောက် လျက် ဇိနရွာသို့ ရောက်လေ၏။ တဖန် တောင်မျက်နှာ နား၊ ကာဒေရှဗာနာရွာ၊ ဟေဇရုန်ရွာ၊ အာဒါရွာ၊ ကာကာ ရွာ၊ | 
| 4. | အဇမုန်ရွာကို ရှောက်သဖြင့် အဲဂုတ္တုချောင်းသို့ လိုက်၍ ပင်လယ်၌ ဆုံးလေ၏။ | 
| 5. | အရှေ့ဘက်၌ သောဒုံအိုင်သည် ယော်ဒန်မြစ်ဝ တိုင်အောင် အရှေ့အပိုင်းအခြားဖြစ်၏။ မြောက်ဘက် အပိုင်းအခြားသည် ယော်ဒန်မြစ်သို့ဆင်းရာ သောဒုံအိုင် ကွေ့မှ ထွက်၍၊ | 
| 6. | ဗေသောဂလရွာသို့၎င်း၊ ဗေသရာဗရွာ မြောက် နားမှာရှောက်လျက် ရုဗင်သားဗောဟန်၏ ကျောက်သို့ ၎င်း ရောက်လေ၏။ | 
| 7. | အာခေါ်ချိုင့်မြောက်ဘက်မှထွက်၍ ဒေဗိရရွာ သို့၎င်း၊ မြစ်တောင်ဘက် အဒုမ္မိမ်ကုန်းရှေ့၌ရှိသော ဂိလဂါလမြို့သို့၎င်း ရောက်ပြီးမှ၊ အင်ရှေမက်အိုင်၊ အင်္ရော ဂေလရွာလမ်းသို့ လိုက်လျက်၊ | 
| 8. | ဟိန္နုံသား၏ချိုင့်နား ယေရုရှလင်မြို့ရာ ယေဗု သိအရပ် တောင်ဘက်နားမှာရှောက်၍ ဟိန္နုံချိုင့်အ နောက်၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ပေါ်သို့ တက်လေ၏။ | 
| 9. | ထိုတောင်ပေါ်မှဆင်းပြန်၍၊ နေဖတောစမ်းရေ တွင်းကို ရှောက်သဖြင့် ဧဖရုန်တောင်နှင့်ဆိုင်သော မြို့ များသို့၎င်း၊ ကိရယတ်ယာရိမ်မြို့ ရာဗာလာမြို့သို့၎င်း၊ | 
| 10. | ဗာလာမြို့အနောက်ဘက်နားမှာ ရှောက်လျက် စိရတောင်သို့၎င်း၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင်မြောက်ဘက်နားမှာ ရှောက်လျက် ဗက်ရှေ မက်မြို့၊ တိမနာမြို့သို့၎င်း၊ | 
| 11. | ဧကြုန်မြို့မြောက်ဘက်နားမှာ ရှောက်လျက် ရှိကြုန်ရွာသို့၎င်း၊ ဗာလာတောင်သို့၎င်း၊ ယာဗနေလရွာသို့ ၎င်း၊ ရောက်၍ ပင်လယ်၌ ဆုံးလေ၏။ | 
| 12. | အနောက်ဘက်၌ ပင်လယ်ကြီးနှင့် ပင်လယ် ကမ်းပါးသည် အနောက်အပိုင်းအခြားဖြစ်၏။ ဤရွေ့ ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည် နယ်အပိုင်းအခြားဖြစ်သတည်း။ | 
| 13. | ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္န၏သား ကာ လက်အဘို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘအာ ဘ၏မြို့ကို ချပေးလေ၏။ | 
| 14. | ထိုမြို့ထဲက ကာလက်သည် အာနကသားသုံး ယောက်၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို နှင်ထုတ်သော နောက်၊ | 
| 15. | ကိရယဿေဖါအမည်ဟောင်းရှိသော ဒေဗိရ မြို့သားတို့ရှိရာသို့ တဖန်ချီသွား၍၊ | 
| 16. | ကိရယဿေဖါမြို့ကို တိုက်ယူလုပ်ကြံသောသူ အား ငါသည် သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊ | 
| 17. | ကာလက်ညီ ကေနတ်၏သား ဩသံယေလ သည် ထိုမြို့ကိုတိုက်ယူ၍ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။ | 
| 18. | ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တကွက် ကို အဘ၌ တောင်းခြင်းငှါ လင်နှင့်တိုင်ပင်ပြီးမှ မြည်းပေါ် ကဆင်းလေ၏။ အဘကာလက်က အဘယ်အလိုရှိသ နည်းဟု မေးလျှင်၊ | 
| 19. | သမီးက ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ် တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေ တွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အ တိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေ တွင်းတို့ကို ပေးလေ၏။ | 
| 20. | ဤရွေ့ကား၊ ယုဒအမျိုးသား အဆွေအမျိုးအ လိုက် ခံရသောအမွေမြေ ဖြစ်သတည်း။ | 
| 21. | ယုဒအမျိုးသားပိုင်သော မြို့များဟူမူကား၊ ဧဒုံ ပြည်နှင့်နီးစပ်သော တောင်ပိုင်း၌ ကပ်ဇေလမြို့၊ ဧဒေရ မြို့၊ ယာဂုရမြို့၊ | 
| 22. | ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊ | 
| 23. | ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဣသနန်မြို့၊ | 
| 24. | ဇိဖမြို့၊ တေလင်မြို့၊ ဗာလုတ်မြို့၊ | 
| 25. | ဟာဇော်မြို့သစ်၊ ဟာဇော်မြို့ဟောင်းတည်းဟူ သော ဟေဇရုန်မြို့၊ | 
| 26. | အာမန်မြို့၊ ရှေမမြို့၊ မောလဒမြို့၊ | 
| 27. | ဟာဇာဂဒ္ဒမြို့၊ ဟေရှမုန်မြို့၊ ဗက်ပါလက်မြို့၊ | 
| 28. | ဟာဇာရွာလမြို့၊ ဗေရရှေဘမြို့၊ ဗိဇ္ဇောသယာ မြို့၊ | 
| 29. | ဗာလာမြို့၊ ဣအိမ်မြို့၊ အာဇင်မြို့၊ | 
| 30. | ဧလတောလဒ်မြို့၊ ခေသိလမြို့၊ ဟောမာမြို့၊ | 
| 31. | ဇိကလတ်မြို့၊ မာဒမန္နာမြို့၊ သံသန္နာမြို့၊ | 
| 32. | လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အအိန်မြို့၊ ရိမ္မုန် မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား သုံးဆယ်ခြောက်မြို့ တည်း။ | 
| 33. | ချိုင့်၌လည်း ဧရှတောလမြို့၊ ဇောရာမြို့၊ အာရှ နာမြို့၊ | 
| 34. | ဇာနောမြို့၊ အင်္ဂန္နိမ်မြို့၊ တာပွါမြို့၊ ဧနံမြို့၊ | 
| 35. | ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေကာ မြို့၊ | 
| 36. | ရှာရိမ်မြို့၊ အဒိသိမ်မြို့၊ ဂဒေရမြို့၊ ဂဒေရော သိမ်မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား၊ ဆယ်ငါးမြို့တည်း။ | 
| 37. | ထိုမှတပါး၊ ဇေနန်မြို့၊ ဟဒါရှမြို့၊ မိဂဒလဂဒ်မြို့၊ | 
| 38. | ဒိလန်မြို့၊ မိဇပါမြို့၊ ယောကသေလမြို့၊ | 
| 39. | လာခိရှမြို့၊ ဗောဇကတ်မြို့၊ ဧကလုန်မြို့၊ | 
| 40. | ကဗ္ဗုန်မြို့၊ လာမံမြို့၊ ကိသလိတ်မြို့၊ | 
| 41. | ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့၊ မက္ကဒါမြို့၊ ရွာနှင့်တကွ ဆယ်ခြောက်မြို့တည်း။ | 
| 42. | ထိုမှတပါး၊ လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊ | 
| 43. | ယိဖတမြို့၊ အာရှနာမြို့၊ နေဇိပ်မြို့၊ | 
| 44. | ကိလမြို့၊ အောခဇိပ်မြို့၊ မရေရှမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။ | 
| 45. | ထိုမှတပါး ဧကြုန်မြို့နှင့်သူဆိုင်သော မြို့ရွာများ၊ | 
| 46. | ဧကြုန်မြို့မှစ၍ ပင်လယ်တိုင်အောင်၊ အာဇုတ် မြို့နှင့်နီးစပ်သောမြို့ရွာများ၊ | 
| 47. | အာဇုတ်မြို့နှင့် သူဆိုင်သော မြို့ရွာများ၊ အဲဂုတ္တု မြစ်၊ ပင်လယ်ကြီး၊ ပင်လယ်ကမ်းပါးတိုင်အောင်၊ ဂါဇမြို့ နှင့် သူဆိုင်သော မြို့ရွာများ၊ | 
| 48. | တောင်ပေါ်၌လည်း၊ ရှမိရမြို့၊ ယတ္တိရမြို့၊ စော ခေါမြို့၊ | 
| 49. | ဒန္နမြို့၊ ဒေဗိရမြို့တည်းဟူသော၊ ကိရယဿန္န မြို့၊ | 
| 50. | အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊ | 
| 51. | ဂေါရှင်မြို့၊ ဟောလုန်မြို့၊ ဂိလောမြို့၊ ရွာနှင့် တကွ ဆယ်တမြို့တည်း။ | 
| 52. | အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊ | 
| 53. | ယာနုံမြို့၊ ဗက်တာပွါမြို့၊ အာဖက်မြို့၊ | 
| 54. | ဟုန္တမြို့၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့၊ ဇိအောရမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။ | 
| 55. | မောင်မြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊ | 
| 56. | ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာနောမြို့၊ | 
| 57. | ကဣနမြို့၊ ဂိဘာမြို့၊ တိမနမြို့၊ ရွာနှင့်တကွ ဆယ်မြို့တည်း။ | 
| 58. | ဟာလဟုလမြို့၊ ဗက်ဇုရမြို့၊ ဂေဒေါ်မြို့၊ | 
| 59. | မာရပ်မြို့၊ ဗေသနုတ်မြို့၊ ဧလတေကုန်မြို့၊ ရွာ နှင့်တကွခြောက်မြို့တည်း။ | 
| 60. | ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ် ဗာလမြို့၊ ရဗ္ဗာမြို့၊ ရွာနှင့်တကွ နှစ်မြို့တည်း။ | 
| 61. | တော၌လည်း၊ ဗေသရာဗမြို့၊ မိဒ္ဒိန်မြို့၊ သေကာ ကမြို့၊ | 
| 62. | နိဗရှန်မြို့၊ မေလက်မြို့၊ အင်္ဂေဒိမြို့၊ ရွာနှင့်တကွ ခြောက်မြို့တည်း။ | 
| 63. | ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို ကား၊ ယုဒအမျိုးသားတို့သည် မနှင်ထုတ်နိုင်ဘဲ သူတို့ သည် ယနေ့တိုင်အောင် ယုဒအမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။ | 
| ← Joshua (15/24) → |