← Joshua (12/24) → |
1. | ယော်ဒန်မြစ်အရှေ့ နေထွက်ရာဘက်၌၊ အာနုန် မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ အရှေ့လွင်ပြင်ရှိ သမျှပါလျက်၊ ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍ သိမ်းယူသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊ |
2. | အာနုန်မြို့အနားမှာ အာရော်မြို့၊ မြစ်တဝက်၊ ဂိလဒ်ပြည်တဝက်မှစ၍ အမ္မုန်ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင်၎င်း၊ |
3. | အရှေ့မျက်နှာ၌ လွင်ပြင်မှစ၍ ဂင်္နေသရက် အိုင်နှင့် လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်အရှေ့ ဘက် ဗက်ယေရှိမုတ်မြို့သို့ သွားရာလမ်း၊ အာဇုတ်ပိသဂါ မြို့အနား၊ တောင်မျက်နှာမှ လာရာလမ်းတိုင်အောင်၎င်း အစိုးရ၍၊ ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင် ရှိဟုန်တပါး၊ |
4. | ဟေရမုန်တောင်နှင့် သာလကပြည်ကို၎င်း၊ |
5. | ဂေရှုရိလူ၊ မာခါသိလူနေသော ပြည်စွန်းတိုင် အောင် ဗာရှန်ပြည်တရှောက်လုံးကို၎င်း၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ် ပြည်တဝက်ကို၎င်း အစိုးရ၍၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ နေသော အလွန်ကြီးမားသော လူမျိုးထဲက ကျန်ကြွင်း သောသူ ဗာရှန်ရှင်ဘုရင်ဩဃတပါး၊ |
6. | ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား၏ကျွန် မောရှေနှင့် ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍၊ ထာဝရဘုရား၏ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင် အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့အား အပိုင်ပေး လေ၏။ |
7. | ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ ရှိသော ဗာလဂဒ်မြို့မှစ၍၊ |
8. | စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင် အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့်ဣသရေလအမျိုးသား လုပ် ကြံ၍၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးသီး တို့အား အပိုင်ပေးသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊ |
9. | ယေရိခေါမင်းကြီးတပါး၊ ဗေသလမြို့အနားမှာ၊ အာဣမင်းကြီးတပါး၊ |
10. | ယေရုရှလင်မင်းကြီးတပါး၊ ဟေဗြုန်မင်းကြီး တပါး၊ |
11. | ယာမုတ်မင်းကြီးတပါး၊ လာခိရှမင်းကြီးတပါး၊ |
12. | ဧဂလုန်မင်းကြီးတပါး၊ ဂေဇာမင်းကြီးတပါး၊ |
13. | ဒေဗိရမင်းကြီးတပါး၊ ဂေဒါမင်းကြီးတပါး၊ |
14. | ဟောမာမင်းကြီးတပါး၊ အာရဒ်မင်းကြီးတပါး၊ |
15. | လိဗနမင်းကြီးတပါး၊ အဒုလံမင်းကြီးတပါး၊ |
16. | မက္ကဒါမင်းကြီးတပါး၊ ဗေသလမင်းကြီးတပါး၊ |
17. | တာပွါမင်းကြီးတပါး၊ ဟေဖါမင်းကြီးတပါး၊ |
18. | အာဖက်မင်းကြီးတပါး၊ လာရှရုန်မင်းကြီးတပါး၊ |
19. | မာဒုန်မင်းကြီးတပါး၊ ဟာဇော်မင်းကြီးတပါး၊ |
20. | ရှိမရုန်မင်းကြီးတပါး၊ အာခရှပ်မင်းကြီးတပါး၊ |
21. | တာနက်မင်းကြီးတပါး၊ မေဂိဒ္ဒေါမင်းကြီးတပါး၊ |
22. | ကေဒေရှမင်းကြီးတပါး၊ ကရမေလတောင်ပေါ် မှာ ယောကနမ်မင်းကြီးတပါး၊ |
23. | ဒေါရပြည်နယ်မှာ ဒေါရမင်းကြီးတပါး၊ ဂိလဂါ လပြည်မှာ ဂေါအိမ်မင်းကြီးတပါး၊ |
24. | တိရဇမင်းကြီးတပါး၊ မင်းကြီးပေါင်း သုံးဆယ် တပါးတည်း။ |
← Joshua (12/24) → |