← John (8/21) → |
1. | ယေရှုသည်လည်း သံလွင်တောင်သို့ ကြွတော် မူ၏။ |
2. | နံနက်စောစောဗိမာန်တော်သို့ တဖန်ကြွတော် မူ၍ လူအပေါင်းတို့သည် အထံတော်သို့ လာကြ၏။ ထိုအခါ ထိုင်တော်မူ၍ ဆုံးမဩဝါဒပေးစဉ်တွင်၊ |
3. | မှားယွင်းခြင်းအမှုကို ပြုလျက်နေသောမိန်းမတယောက်ကိုတွေ့လျှင်၊ ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့ သည်ခေါ်ခဲ့၍ အလယ်၌ထားပြီးမှ၊ |
4. | အရှင်ဘုရား၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင်ပင် တွေ့မိပါသည်။ |
5. | ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည်အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင် ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။ |
6. | ထိုသို့လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှါ၊ စုံစမ်းနှောက်ရှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍နေတော်မူ၏။ |
7. | ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ၍၊ သင်တို့တွင် အပြစ်ကင်း သောသူသည် ရှေးဦးစွာကျောက်ခဲနှင့်ပစ်စေဟု မိန့်တော်မူပြီးမှ၊ |
8. | တဖန်အောက်သို့ငုံ့၍ မြေ၌ ရေးသားတော်မူပြန်၏၊ |
9. | ထိုသူတို့သည်ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့်၊ အသက်ကြီးသောသူမှ စ၍ အငယ်ဆုံးသောသူတိုင်အောင် တယောက်နောက်တယောက် ထွက်သွားကြ၏။ ယေရှုသည် တယောက် တည်း ကျန်ရစ်တော်မူ၍၊ မိန်းမသည်အလယ်၌ရပ်နေ၏။ |
10. | ထိုအခါယေရှုသည် ကိုယ်ကိုလှန်တော်မူပြန်၍၊ ထိုမိန်းမမှတပါး အဘယ်သူကိုမျှ မမြင်လျှင်၊ အချင်း မိန်းမ၊ သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ သင်၏အမှုကိုအဘယ်သူမျှမစီရင်လော ဟုမေးတော်မူ၏။ |
11. | ထိုမိန်းမကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်းသင်၏အမှုကို မစီရင်။ သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။ |
12. | တဖန်တုံယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ၏။ |
13. | ဖာရိရှဲတို့ကလည်း၊ သင်သည် ကိုယ်အကြောင်းကို သက်သေခံ၏၊ သင်၏သက်သေမတည်ဟု ဆိုကြ၏။ |
14. | ယေရှုကလည်း၊ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း၊ ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည်အဘယ်အရပ်က လာသည်ကို၎င်း၊ အဘယ်အရပ်သို့သွားသည်ကို၎င်း ငါသိ၏။ သင်တို့မူကားမသိကြ။ |
15. | သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါ့မူကား အဘယ်သူကိုမျှမစီရင်။ |
16. | ငါသည်စီရင်သော်လည်း ငါ၏စီရင်ခြင်းသည် တည်၏။ အကြောင်းမူကား။ ငါသည် တယောက်တည်း နေသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌နေတော်မူ၏။ |
17. | သက်သေခံနှစ်ဦးတို့၏စကားသည် တည်ရ၏ဟု သင်တို့ ပညတ္တိကျမ်းစာ၌လာ၏။ |
18. | ငါသည် ကိုယ်အကြောင်းကို သက်သေခံသောသူဖြစ်၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော် သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူသည်ဟု မိန့်တော်မူ၏။ |
19. | ထိုသူတို့ကလည်း၊ သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ၏။ ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုအသိကြ။ ငါ့ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့် မည်ဟု မိန့်တော်မူ၏။ |
20. | ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွတ်တော်မူ၏။ ကိုယ်တော်၏အချိန်မစေ့မရောက်သေးသောကြောင့် အဘယ်သူကိုမျှ ကိုယ်တော်ကိုမဘမ်းဆီးကြ။ |
21. | တဖန်ယေရှုက၊ ငါသည်သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့်မည်။ ကိုယ်အပြစ်၌လည်း သေကြ လိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူ၏။ |
22. | ယုဒလူတို့ကလည်း၊ ငါသွားရာအရပ်သို့သင်တို့ မရောက်နိုင်ကြဟုသူသည်ဆိုသော်၊ ကိုယ်အသက်ကို သတ်မည်လောဟု ဆိုကြ၏။ |
23. | ယေရှုကလည်း၊ သင်တို့သည် အောက်သားဖြစ်ကြ၏။ ငါမူကား အထက်သားဖြစ်ကြ၏။ သင်တို့သည် လောကီသားဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။ |
24. | ထိုကြောင့်သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟုငါဆို၏။ ငါသည်ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
25. | ထိုသူတို့ကလည်း။ သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ယေရှုက၊ ငါသည်သင်တို့အား အစဉ်ပြောဆို သည်အတိုင်း ငါဖြစ်၏။ |
26. | သင်တို့အမှု၌ ငါပြောဆိုစီရင်စရာများစွာရှိ၏။ သို့သော်လည်း ငါ့ကိုစေလွှတ်သောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သူ၏အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါဟောပြောသည်ဟု မိန့်တော်မူ၏။ |
27. | ခမည်းတော်ကိုရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မရိတ်မိကြ။ |
28. | ထိုကြောင့်ယေရှုက၊ သင်တို့သည် လူသားကိုမြှောက်ထားသောအခါ၊ ငါသည်ဤမည်သောသူဖြစ်သည် ကို၎င်း၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ၊ ငါ့ခမည်းတော်သည် ငါအား နည်းပေးတော် မူသည်အတိုင်း ငါဟောပြောသည်ကို၎င်း သင်တို့သည် သိကြလိမ့်မည်။ |
29. | ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကို တကိုယ်တည်းနေစေခြင်းငှါ ခမည်း တော်သည် စွန့်ပစ်တော်မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်ဟု မိန့် တော်မူ၏။ |
30. | ထိုစကားတော်ကို မိန့်တော်မူစဉ်၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ |
31. | ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ |
32. | သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒ လူတို့အား မိန့်တော်မူ၏။ |
33. | ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံအမျိုးဖြစ်ကြ၏။ အဘယ်သူထံ၌ တရံတခါမျှ ကျွန်မခံကြ။ လွှတ်လိမ့်မည်ဟု၍ သင်သည်အဘယ်သို့ပြောဆိုသနည်းဟု မေးမြန်းကြ၏။ ယေရှုကလည်း၊ ငါအမှန်အကန်ဆို သည်ကား၊ |
34. | ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ |
35. | ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။ |
36. | ထိုကြောင့် သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။ |
37. | သင်တို့သည် အာဗြဟံအမျိုးဖြစ်ကြသည်ကို ငါသိ၏။ သို့သော်လည်း ငါ၏ဒေသနာသည် သင်တို့၌ တည်နေရာကိုမရသောကြောင့် သင်တို့သည် ငါ့ကို သတ်အံ့သောငှါ ရှာကြံကြ၏။ |
38. | ငါသည်ငါ့ခမည်းတော်ထံ၌ မြင်ခဲ့ပြီးသည့်အတိုင်း ဟောပြော၏။ သင်တို့သည် သင်တို့၏အဘထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ပြုကြ၏ဟု မိန့်တော်မူ၏။ |
39. | ထိုသူတို့ကလည်း၊ အာဗြဟံသည် ငါတို့အဘဖြစ်၏။ ယေရှုကလည်း၊ သင်တို့သည် အာဗြဟံ၏သားမှန် လျှင် အာဗြဟံ၏အကျင့်ကို ကျင့်ကြလိမ့်မည်။ |
40. | ဘုရားသခင်အထံတော်၌ ကြားရသောသစ္စာတရားကို သင်တို့အား ဟောပြောသောသူတည်းဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူကျင့်သည်မဟုတ်။ |
41. | သင်တို့သည် သင်တို့အဘ၏အကျင့်ကို ကျင့်ကြ၏ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း၊ ငါတို့သည် မျောက်မထားသောအမျိုးမဟုတ်။ ဘုရားသခင်တည်းဟူသော ငါတို့အဘတပါးတည်းရှိသော်မူသည်ဟု ဆိုကြ၏။ |
42. | ယေရှုကလည်း၊ ဘုရားသခင်သည် သင်တို့အဘမှန်လျှင်။ သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင့်အထံတော်မှ ထွက်ကြွရောက်လာ၏။ ကိုယ်အလိုအလျောက်လာသည် မဟုတ်။ ဘုရားသခင်သည်ငါ့ကိုစေလွှတ်တော်မူ၏။ |
43. | အဘယ်ကြောင့်ငါ့စကားကို နားမလည်ကြသနည်း။ ငါ၏ ဒေသနာကိုနာမခံမယူနိုင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။ |
44. | သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရား မရှိ သောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်းဖြစ်၏။ |
45. | ငါသည်သစ္စာစကားကို ပြောသောကြောင့် သင်တို့မယုံကြ။ |
46. | ငါ၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူဘော်ပြသနည်း။ သစ္စာစကားကိုငါပြောသည်မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း။ |
47. | ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့ သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။ |
48. | ယုဒလူတို့ကလည်း၊ သင်သည်ရှမာရိလူဖြစ်၏။ နတ်ဆိုးစွဲသောသူလည်းဖြစ်၏ဟု ငါတို့ပြောသော စကားသည် လျောက်ပတ်သည်မဟုတ်လောဟု ဆိုကြ၏။ |
49. | ယေရှုကလည်း၊ ငါသည်နက်ဆိုးစွဲသောသူ မဟုတ်။ ငါ့ခမည်းတော်ကိုချီးမြောက်၏။ သင်တို့သည် ငါ့ကို ရှုတ်ချကြ၏။ |
50. | ငါသည် ကိုယ်ဘုန်းအသရေကိုမရှာ။ ငါ၏ ဘုန်းအသရေကိုရှာ၍ စီရင်တော်မူသောသူရှိသေး၏။ |
51. | ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်း လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။ |
52. | ယုဒလူတို့ကလည်း၊ သင်၌နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ၏။ အာဗြဟံမှစ၍ ပရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ် လိမ့် မည်ဟု ဆိုပါသည်တကား။ |
53. | ငါတို့အဘအာဗြဟံထက် သင်သည် သာ၍ကြီးမြတ်သလော။ သူသည်သေပြီ။ ပရောဖက်တို့လည်း သေကြပြီ။ သင်သည်အဘယ်သို့သောသူ၏ အရောင်ကိုဆောင်သနည်းဟုဆိုကြ၏။ |
54. | ယေရှုကလည်း၊ ငါသည်ကိုယ်ဂုဏ်ကိုပြလျှင်၊ ငါ့ဂုဏ်သည် အချည်းနှီးဖြစ်၏။ ငါ့ခမည်းတော်သည် ငါ့ဂုဏ်ကို ထင်ရှားစေတော်မူ၏။ ထိုဘုရားသခင်သည် ငါတို့၏ဘုရားဟူ၍ သင်တို့ခေါ်ဝေါ်တတ်ကြ၏။ |
55. | သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့မသိကြ။ ငါမူကားသိ၏။ ငါမသိဟုငါဆိုလျှင်သင်တို့ကဲ့သို့ မု သာသုံးသောသူဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏ စကားတော်ကိုလည်းနားထောင်၏။ |
56. | သင်တို့အဘ အာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းငှါ အလွန်အလိုရှိ၏။ မြင် ရသောအခါ ဝမ်းမြောက်ခြင်းသို့ရောက်သည်ဟု မိန့်တော်မူ၏။ |
57. | ယုဒလူတို့ကလည်း၊ သင်၏အသက်သည် အနှစ်ငါးဆယ်မျှမရှိဘဲလျက် သင်သည် အာဗြဟံကို မြင် လေပြီတကားဟု ဆိုကြ၏။ |
58. | ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မှီ ငါဖြစ်၏ဟု မိန့်တော်မူ၏။ |
59. | ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည် တိမ်းရှောင်၍ ထိုသူတို့အလယ်၌ရှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။ |
← John (8/21) → |