← Job (15/42) → |
1. | တဖန်တေမန် အမျိုးသားဧလိဖတ်မြွက်ဆိုသည် ကား၊ |
2. | ပညာရှိသောသူသည် လေနှင့်တူသော အချည်း နှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေ နှင့်ပြည့်စေသင့်သလော။ |
3. | အကျိုးမဲ့သောစကား၊ ကျေးဇူးမပြုနိုင်သော စကားနှင့် ဆွေးနွှေးသင့်သလော။ |
4. | သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကျင့်၌ အကျိုးမရှိဟု ဆိုလို၏။ ဆိုတောင်းပဌနာပြုရာ ဝတ်ကို ဆီးတားတတ်၏။ |
5. | သင်သည်ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကို ဘော်ပြ၏။ ပရိယာယ်ပြုသော သူ၏စကားကို သုံးတတ်၏။ |
6. | ငါသည် သင့်ကိုအပြစ်မတင်၊ သင့်နှုတ်သည် သင့်ကိုအပြစ်တင်၏။ သင့်နှုတ်ခမ်းတို့သည် သင့်တဘက် ၌ သက်သေခံ၏။ |
7. | သင်သည် အဦးဆုံးဘွားသောလူ ဖြစ်သလော။ တောင်များကို မဖန်ဆင်းမှီ သင့်ကိုဖန်ဆင်းသလော။ |
8. | ဘုရားသခင်နှင့် တိတ်ဆိတ်စွာတိုင်ပင်ဘူး သလော။ ပညာကို ကိုယ်၌အကုန်အစင် သိမ်းထားပြီ လော။ |
9. | ငါတို့မသိ၊ သင်သိသောအရာမည်မျှရှိသနည်း။ ငါတို့၌မပါ၊ သင်နားလည်သောအရာမည်မျှရှိသနည်း။ |
10. | သင့်အဘထက်အသက်ကြီးသောသူ၊ ဆံပင်ဖြူ သောသူတို့သည် ငါတို့တွင်ရှိကြ၏။ |
11. | သင်၌ ဘုရားသခင်ပေးတော်မူသော သက်သာခြင်းအကြောင်း နည်းသလော။ သင်၌ဝှက်ထားသောအမှု တစုံတခုရှိသလော။ |
12. | ကိုယ်အလိုသို့လိုက်၍ အဘယ်ကြောင့် လွှဲသွားသနည်း။ အဘယ်ကြောင့် မျက်စောင်းထိုးသနည်း။ |
13. | သင်၏စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၍၊ နှုတ်နှင့်ပြစ်မှားပေ၏။ |
14. | လူသည်အဘယ်သို့သော သူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဘွားသောသူသည် အဘယ်သို့သော သူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။ |
15. | ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်းရှေ့တော်၌ မစင်ကြယ်။ |
16. | သို့ဖြစ်လျှင်၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက်၊ ဆိုးညစ်ရွံ့ရှာဘွယ်သော လူသတ္တဝါ၌ အဘယ်ဆိုဘွယ် ရှိသနည်း။ |
17. | ငါ့စကားကို နားထောင်လော့။ တပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကို ပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဘူးသော အရာ၊ ငါ့ကိုယ်တိုင်မြင်သော အရာကို ငါပြသမည်။ |
18. | ငါ့စကားကို နားထောင်လော့။ တပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကို ပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဘူးသော အရာ၊ ငါ့ကိုယ်တိုင်မြင်သော အရာကို ငါပြသမည်။ |
19. | ငါ့စကားကို နားထောင်လော့။ တပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကို ပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဘူးသော အရာ၊ ငါ့ကိုယ်တိုင်မြင်သော အရာကို ငါပြသမည်။ |
20. | ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကို ခံရ၏။ ညှဉ်းဆဲဘတ်သော သူသည် မိမိအသက်အပိုင်း အခြားကို မသိရ။ |
21. | သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီး သော သူသည် လာတတ်၏။ |
22. | မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မြော်လင့် စရာမရှိ။ ထားသည့်သူ့ကို ချောင်းမြောင်းလျက်ရှိ၏။ |
23. | စားစရာကို ရှာ၍လှည့်လည်ရ၏။ မိမိအဘို့ မှောင်မိုက်ကာလသည် အသင့်ရှိသည်ကို သိ၏။ |
24. | ဆင်းရဲခြင်းဒုက္ခနှင့် နာကြဉ်းခြင်းဝေဒနာတို့သည် ထိုသူကို ချောက်တတ်၏။ စစ်တိုက်ခြင်းငှါ အသင့် နေသော ရှင်ဘုရင်ကဲ့သို့ သူ့ကို နိုင်တတ်၏။ |
25. | အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။ |
26. | လည်ပင်းကို ဆန့်လျက်၊ ထူသောဒိုင်းပုနှင့် ဆီးကာလျက်၊ ဘုရားသခင်ကို တိုက်အံ့သောငှါ ပြေး၏။ |
27. | မိမိမျက်နှာကို ဆူဖြိုးခြင်းနှင့် ဖုံးအုပ်၍၊ ဝမ်းပျဉ်း အသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ၏။ |
28. | သို့သော်လည်း လူဆိတ်ညံသောမြို့၊ အဘယ်သူ မျှမနေ။ လဲလုသော အိမ်တို့၌ သူသည်နေရ၏။ |
29. | ငွေမရတတ်ရ၊ သူ၏စည်းစိမ်မတည်ရ။ သူ၏ ဥစ္စာပစ္စည်းသည် မြေကြီးပေါ်မှာ မပြန့်ပွါးရ။ |
30. | သူသည် မှောင်မိုက်ဘေးနှင့်မလွတ်ရ။ မီးလျှံသည်သူ၏အခက်အလက်တို့ကို လောင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်တော်အသက်အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ၏။ |
31. | အဘယ်သူမျှလှည့်စားခြင်းကိုခံ၍ အနတ္တကို မခိုလှုံစေနှင့်။ သို့မဟုတ် အနတ္တအကျိုးကို ခံရလိမ့်မည်။ |
32. | အချိန်မစေ့မှီဆုံးခြင်းသို့ ရောက်လိမ့်မည်။ သူ၏ အခက်အလက်သည် မစိမ်းရာ။ |
33. | စပျစ်နွယ်ပင်ကဲ့သို့ မိမိ၌ မမှည့်သော အသီးကို ၎င်း၊ သံလွင်ပင်ကဲ့သို့ မိမိအပွင့်ကို၎င်း ချွေရလိမ့်မည်။ |
34. | အဓမ္မလူ၏အသင်းသည် ဆိတ်ညံလိမ့်မည်။ တံစိုးစားသောသူတို့၏နေရာသည် မီးလောင်လိမ့်မည်။ |
35. | ထိုသူတို့သည်မကောင်းသောအကြံကို ပဋိသန္ဓေယူ၍ အနတ္တကိုဘွားတတ်ကြ၏။ သူတို့ဝမ်းထဲ၌မုသာကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏။ |
← Job (15/42) → |