← Jeremiah (49/52) → |
1. | အမ္မုန်အမျိုးသားတို့ကို ရည်မှတ်၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ဣသရေလ၌ သားမရှိ သလော။ အမွေခံမရှိသလော။ မိလကုံဘုရားသည် ဂဒ်ပြည်ကို အဘယ်ကြောင့် သိမ်းယူသနည်း။ သူ့တပည့် တို့သည် ဂဒ်မြို့တို့၌အဘယ်ကြောင့် နေကြသနည်း။ |
2. | ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်အမျိုးသားတို့ နေရာရဗ္ဗာမြို့၌ စစ်တိုက်ခြင်းအသံ ကို ငါကြားစေသောအချိန် ရောက်လိမ့်မည်။ ထိုမြို့သည် ပျက်စီးရာပုံဖြစ်၍၊ သူ၏သမီးတို့သည်လည်း မီးရှို့ ခြင်းကို ခံရကြလိမ့်မည်။ ထိုအခါဣသရေလအမျိုး၏နေရာကို၊ သိမ်းယူသော သူတို့၏ နေရာကို၊ ဣသရေလသည် တဖန်သိမ်းယူရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
3. | အို ဟေရှဘုန်မြို့၊ ညည်းတွားမြည်တမ်းလော့။ အာဣမြို့ပျက်စီး ပြီ။ အိုရဗ္ဗာမြို့သမီးတို့၊ ငိုကြွေးကြလော့။ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းလျက်၊ ခြံနားမှာ တောင်မြောက်ပြေးကြလော့။ အကြောင်းမူကား၊ မိလကုံ ဘုရားသည်သူ၏ယဇ်ပုရောဟိတ်၊ သူ၏မင်းများနှင့်တကွ သိမ်းသွားခြင်းကိုခံရ၏။ |
4. | ငါ့ထံသို့ အဘယ်ရန်သူရောက်လိမ့်မည်နည်းဟု အောက်မေ့လျက်၊ မိမိမိစည်းစိမ်၌ ကိုးစားလျက် ဖောက် ပြန်သောသတို့သမီး၊ သင်သည် ချိုင့်တို့၌ အဘယ်ကြောင့် ဝါကြွားသနည်း။ သင်၏ချိုင့်သည် အသွေးစီးရာ ဖြစ်လိမ့် မည်။ |
5. | ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်ပတ်လည်၌နေသော သူအပေါင်းတို့ကြောင့် ကြောက်လန့်သော အကြောင်းကို သင်၌ငါဖြစ်စေမည်။ သင်တို့အသီးအသီးရှိသမျှသည် နှင်ထုတ်ခြင်းကို အတည့်အလင်းခံရကြမည်။ ကွဲပြား သောသူတို့ကို စုဝေးစေသော သူလည်းမရှိရ။ |
6. | သို့သော်လည်း၊ သိမ်းသွားခြင်းကိုခံရသော အမ္မုန်အမျိုးသားတို့ကို နောက်တဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
7. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ တေမန် ပြည်၌ပညာကုန်သလော။ ပညာသတိရှိသောသူတို့သည် အကြံမပေးနိုင်သလော။ သူတို့ဉာဏ်သည် ဆုံးသလော။ |
8. | အိုဒေဒန်မြို့သူမြို့သားတို့၊ ဆုတ်၍ ပြေးသွားကြ လော့။ နက်နဲသောအရပ်၌ နေကြလော့။ ဧသောတွေ့ရ သောဘေး၊ ဆုံးမခြင်းကိုခံရသော အချိန်ကို ငါရောက် စေမည်။ |
9. | စပျစ်သီးကိုဆွတ်သော သူတို့သည်သင်ရှိရာသို့ လာလျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကျန်ကြွင်း စေကြလိမ့်မည် မဟုတ်လော။ ညဉ့်အခါသူခိုးလာလျှင်၊ စိတ်ပြေလောက်အောင်သာ လုယူကြလိမ့်မည် မဟုတ် လော။ |
10. | ဧသော၏အဝတ်ကို ငါချွတ်မည်။ သူသည် ပုန်း၍မနေနိုင်အောင် သူကွယ်သောနေရာအရပ်တို့ကို ငါလှန်မည်။ သူ၏အမျိုးအနွယ်၊ ညီအစ်ကို၊ အိမ်နီး ချင်းတို့သည် ပျက်စီး၍၊ သူ့ကိုယ်တိုင်လည်း ပျောက်ရ လိမ့်မည်။ |
11. | သင်၌မိဘမရှိသောသူငယ်တို့ကို ထားခဲ့လော့။ ငါစောင့်မမည်။သင်၏ မုတ်ဆိုးမတို့သည် ငါ့ကိုခိုလှုံကြစေ။ |
12. | ထာဝရဘုရားမိန့်တော်မူသည်ကား၊ ခွက်ဖလား ကို မသောက်ထိုက်သော သူတို့သည် အကယ်၍ သောက် ကြသည် မှန်လျှင်၊ သည်အပြစ်ကို မခံဘဲ ရှင်းရှင်း လွတ်ရမည်လော။ မလွတ်ဘဲမနေရ။ စင်စစ်သောက် ရမည်။ |
13. | ဗောဇရပြည်သည်အံ့ဩရာ၊ ကဲ့ရဲ့ရာ၊ လူစိတ် ညံရာ၊ ကျိန်ဆဲရာဖြစ်လိမ့်မည်။ သူတို့၏ မြို့အလုံးစုံ သည်လည်း၊ အစဉ်သုတ်သင်ပယ်ရှင်း ရာဖြစ်ရကြလိမ့် မည်ဟု၊ ငါသည်ကိုယ်တော်ကို တိုင်တည်ကျိန်ဆိုပြီးဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ |
14. | ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါကြား ၏။ သင်တို့သည် စည်းဝေး၍၊ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီ၍လာကြလော့ဟု တပါးအမျိုး သားတို့ထံသို့ သံမန်ကို စေလွှတ်တော်မူပြီ။ |
15. | တပါးအမျိုးသားတို့တွင် သင်သည် ယုတ်မာ မည်အကြောင်းနှင့်၊ လူတို့တွင် အသရေရှုတ်ချခြင်းကို ခံရမည်အကြောင်း ငါပြုမည်။ |
16. | ကျောက်ကြားတို့၌ နေ၍တောင်ထိပ်ကို ခိုလှုံ သော သူဖြစ်သောကြောင့်၊ သင်၏ကျောက်မက်ဖွယ်သော အခြင်းအရာ၊ သင်၏မာနသည် သင့်ကိုလှည့်စားပြီ။ သင်သည် ရွှေလင်းတကဲ့သို့ မြင့်သောအရပ်၌ အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘု ရားမိန့်တော်မူ၏။ |
17. | ဧဒုံပြည်သည် အံ့ဩရာဖြစ်၍၊ ရှောက်သွား သော သူတိုင်းအံ့ဩကြလိမ့်မည်။ သူခံရသော ဘေးဥပဒ် အပေါင်းတို့ကြောင့် ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။ |
18. | သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးစပ်သောမြို့ တို့၏ ပျက်စီးခြင်းကဲ့သို့ဖြစ်၍၊ဧဒုံပြည်၌ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ နေရာမကျရဟု ထာဝရဘုရားမိန့်တော်မူ၏။ |
19. | ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသောသူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကိုလည်း၊ ဧဒုံပြည်အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။ |
20. | သို့ဖြစ်၍၊ ထာဝရဘုရားသည် ဧဒုံပြည်တဘက် ၌ ကြံစည်တော်မူသောအကြံ၊ တေမန်ပြည်သားတို့ တဘက်၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ်ရန်သူသည်၊ အားမရှိ သောထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ် သူတို့ရှိရာသို့လာ၍၊ ကျက်စားရာအရပ်တို့ကို ဖျက်ဆီး လိမ့်မည်။ |
21. | သူတို့ပြိုလဲသော အသံကြောင့် မြေကြီးလှုပ်ရှား ၏။ သူတို့အော်ဟစ်သော အသံကို ဧဒုံပင်လယ်တိုင် အောင် ကြားရ၏။ |
22. | ရန်သူသည် တက်၍ ရွေလင်းတကဲ့သို့ပျံလျက်၊ ဗောဇရမြို့ကို အတောင်တို့နှင့် ဖြန့်မိုးလိမ့်မည်။ ထိုနေ့၌ ဧဒုံပြည်သားသူရဲတို့၏ စိတ်နှလုံးသည်၊ သားဘွားခြင်း ဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ဖြစ်လိမ့်မည်။ |
23. | ဒမာသက်မြို့ကို ရည်မှတ်သော စကားဟူမူ ကား၊ ဟာမတ်မြို့နှင့် အာပဒ်မြို့တို့သည် မကောင်းသော သိတင်းကိုကြားသောကြောင့်၊ အရှက်ကွဲ ၍စိတ်ပျက် လျက်ရှိကြ၏။ ပင်လယ်တိုင်အောင် စိုးရိမ်စရာရှိသော ကြောင့်၊ ငြိမ်ဝပ်ခြင်းသို့မရောက်နိုင်။ |
24. | ဒမာသက်မြို့သည် အားလျော့ပြီ။ ပြေးအံ့သော ငှါ ကိုယ်ကိုလှည့်ပြီ။ တုန်လှုပ်လျက်နေ၏။ ဒုက္ခဆင်းရဲ ကို၎င်း၊ သားဘွားသောမိန်းမခံရသကဲ့သို့၊ ပြင်းစွာသော ဝေဒနာကို၎င်း ခံရ၏။ |
25. | အသရေရှိသောမြို့၊ ငါဝမ်းမြောက်စရာမြို့သည် အဘယ်ကြောင့် မကျန်ကြွင်းရသနည်း။ |
26. | သို့ဖြစ်၍၊ ထိုမြို့သားလုလင်တို့သည် လမ်းမတို့၌ လဲ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြ လိမ့်မည်။ |
27. | ငါသည်လည်း၊ ဒမာသက်မြို့ရိုးကို မီးရှို့၍၊ ဗင်္ဟာဒဒ်၏ နန်းတော်တို့ကို လောင်စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ |
28. | ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံသော ကေဒါပြည်နှင့် ဟာဇော်နိုင်ငံတို့ကို ရည်မှတ်၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ထကြလော့။ ကေဒါပြည်သို့ သွား၍၊ အရှေ့မျက်နှာအရပ်သားတို့ကို လုယူကြလော့။ |
29. | သူတို့တဲများနှင့်သိုးစုများကို၎င်း၊ ကုလားကာ များ၊ အသုံးအဆောင်များ၊ ကုလားအုပ်များကို၎င်း သိမ်း၍ ယူသွားရကြမည်။ သူတို့ပတ်လည်၌ ကြောက်လန့်စရာ အကြောင်းကို ကြွေးကြော်ရကြမည်။ |
30. | ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဟာဇော် ပြည်သားတို့၊ ဝေးစွာ ပြေးသွားကြလော့။ နက်နဲသော အရပ်တို့၌ နေကြလော့။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည် သင်တို့ကိုရည်ဆောင်၍ စီရင်မည်ဟု သင်တို့ တဘက်၌ ကြံစည်သောအကြံအစည်ရှိ၏။ |
31. | ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထကြ လော့။ ငြိမ်ဝပ်စွာနေ၍ စိုးရိမ်စရာမရှိသောလူမျိုး၊ မြို့တံခါးနှင့်ကန့်လန့်ကျင်ကို မသုံးတတ်၊ အပေါင်းအဘော်မရှိ၊ တခြားစီနေတတ်သောလူမျိုးနေရာသို့ သွားကြလော့။ |
32. | သူတို့ကုလားအုပ်အစရှိသော တိရစ္ဆာန်အပေါင်း တို့သည် လုယူရာဖြစ်ကြလိမ့်မည်။ ပါးမုန်းကိုရိတ်တတ် သော လူမျိုးကိုအရပ်ရပ်သို့ ငါကွဲပြားစေမည်။ အရပ်ရပ် တို့မှ သူတို့၌ ဘေးဥပဒ်ကိုငါရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။ |
33. | ဟာဖော်ပြည်သည် မြေခွေးနေရာ၊ လူဆိတ်ညံ ရာ အစဉ်ဖြစ်၍၊ အဘယ်သူမျှမနေရ။ လူသားတစုံ တယောက်မျှမနေရ။ လူသားတစုံ တယောက်မျှနေရာ မကျရ။ |
34. | ယုဒရှင်ဘုရင် ဇေဒကိမင်းနန်းစံစက၊ ဧလံပြည် ကို ရည်မှတ်သော ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ပရောဖက်ယေရမိသို့ ရောက်လာ၍၊ |
35. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧလံ၏လေးတည်းဟူသော သူ၏ အစွမ်းသတ္တိအထွဋ်အမြတ်ကို ငါချိုးမည်။ |
36. | အရပ်လေးမျက်နှာတို့က လေလေးမျိုးကို ဧလံပြည်သို့ငါဆောင်ခဲ့မည်။ ထိုလေတို့ရှေ့မှာ ပြည်သား များကို ငါလွှင့်မည်။ ထိုသို့နှင်ထုတ်သော ဧလံပြည်သား မရောက်သော တိုင်းနိုင်ငံတခုမျှမရှိရ။ |
37. | ဧလံပြည်သားတို့ကို ရန်သူတို့ရှေ့မှာ၎င်း၊ သူတို့ အသက်ကိုရှာသော လူတို့ရှေ့မှာ၎င်း၊ ငါကြောက်လန့် စေ၍၊ ပြင်းစွာသော ငါ၏အမျက်တည်းဟူသော ဘေးဥပဒ်ကိုသူတို့အပေါ်သို့ ရောက်စေမည်။ သူတို့ကို မဖျက်ဆီးမှီတိုင်အောင် သူတို့နောက်သို့ ထားကို လွှတ်လိုက်ရမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။ |
38. | ဧလံပြည်၌ ငါ၏ပလ္လင်ကို တည်ထား၍၊ ရှင်ဘုရင်နှင့် မင်းသားတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
39. | သို့ရာတွင်၊သိမ်းသွားခြင်းကိုခံရသော ဧလံ အမျိုးသားတို့ကို နောင်လာကာလ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
← Jeremiah (49/52) → |