← Jeremiah (20/52) → |
1. | ထိုသို့ယေရမိဟောပြောကြောင်းကို၊ ဗိမာန်တော် မှူးဖြစ်သော ယဇ်ပုရောဟိတ် ဣမေရသား ပါရှုရသည် ကြားသောအခါ၊ |
2. | ပရောဖက် ယေရမိကို ရိုက်ပုတ်၍၊ ဗိမာန်တော် နားမှာ ဗင်္ယာမိန် အထက်တံခါးဝတွင် ထိတ်ခတ်၍ ထား၏။ |
3. | နက်ဖြန်နေ့၌ ပါရှုရသည် ယေရမိကို ထိတ်မှ လွှတ်သောအခါ၊ ယေရမိက၊ ထာဝရဘုရားသည် သင့်ကို ပါရှုရဟူ၍ မှည့်တော်မမူ။ မာဂေါမိဿဘိတ်ဟူ၍ မှည့် တော်မူ၏။ |
4. | ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် သင်နှင့်သင်၏ အဆွေခင်ပွန်းတို့၌၊ သင့်ကိုကြောက်မက် ဘွယ်သော အရာဖြစ်စေမည်။ သူတို့သည်လည်း၊ သင့် မျက်မှောက်၌ ရန်သူ၏ထားဖြင့် ဆုံးကြလိမ့်မည်။ ယုဒ ပြည်တပြည်လုံးကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ် သဖြင့်၊ သူသည် ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွား ၍၊ ထားနှင့်သတ်လိမ့်မည်။ |
5. | ဤမြို့၏ အစွမ်းသတ္တိရှိသမျှကို၎င်း၊ လုပ်ဆောင် ၍ ရသမျှသော ဥစ္စာကို၎င်း၊ ဆည်းဖူးသမျှသော ရတနာ ကို၎င်း၊ ယုဒရှင်ဘုရင်၏ ဘဏ္ဍာတော် အလုံးစုံတို့ကို၎င်း၊ ရန်သူလက်သို့ ငါအပ်သဖြင့်၊ ရန်သူတို့သည် လုယက်၍ ဗာဗုလုန်မြို့သို့ သိမ်းသွားကြလိမ့်မည်။ |
6. | သင်ပါရှုရနှင့် သင်၏အိမ်သူ အိမ်သားအပေါင်း တို့ကိုလည်း သိမ်းသွားကြလိမ့်မည်။ သင်သည် ဗာဗုလုန် မြို့သို့ ရောက်ရလိမ့်မည်။ သင်ဟောပြောသော မုသာ စကားကို နားထောင်သော သင်၏အဆွေခင်ပွန်း အပေါင်းတို့နှင်တကွ၊ သင်သည် ထိုမြို့၌ သေ၍သင်္ဂြိုဟ် ခြင်းကို ခံရလိမ့်မည်ဟု ပါရှုရအားပြောဆို၏။ |
7. | အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း အကျွန်ုပ်လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။ အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို နေ့တိုင်းခံရပါ၏။ လူတိုင်း ပြက်ပြယ်ခြင်းကို ပြုတတ်ကြပါ၏။ |
8. | အကျွန်ုပ်သည် ဟောပြောလေရာရာ၌ အနိုင် အထက်ပြုခြင်း၊ ညှဉ်းဆဲခြင်းအမှုကြောင့် အော်ဟစ်၍ ကြွေးကြော်ရပါ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် အကျွန်ုပ်၌ ကဲ့ရဲ့ခြင်း၊ အစဉ်ပြက်ပြယ်ခြင်းကို ခံစေရာအကြောင်း ဖြစ်ပါ၏။ |
9. | ထိုကြောင့်၊ ငါသည် နှုတ်ကပတ်တော်ကို မကြား မပြော၊ နာမတော်ကို အမှီပြု၍ မဟောဘဲနေမည်ဟု သဘောထားသော်လည်း၊ ငါ့အရိုးတို့၌ ချုပ်ထား၍၊ လောင်သောမီးကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့နှလုံး၌ ဖြစ်သောကြောင့်၊ အလွန်ငြီးငွေ့သဖြင့် အောင့်၍မနေနိုင်၊ |
10. | လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ် သိမ်းသော အရပ်တို့၌ ကြောက်မက်ဘွယ်သော အကြောင်းရှိ၏။ သူတပါးတို့က သိတင်းကို ကြားပြော ကြလော့။ ငါတို့သည် တဆင့်ကြားပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ၏အနားမှာ အစဉ်နေသော ငါ၏မိတ်ဆွေ အပေါင်းတို့က၊ ငါတို့သည် သူ့ကိုနိုင်၍ အငြိုးထားသော စိတ်ပြေစေခြင်းငှါ၊ သူ့ကို သွေးဆောင်ကောင်း သွေး ဆောင်လိမ့်မည်ဟု ဆိုကြ၏။ |
11. | သို့သော်လည်း၊ ထာဝရဘုရားသည် အားကြီး သော သူရဲကဲ့သို့ ငါ့ဘက်၌ ရှိတော်မူ၏။ ထိုကြောင့်၊ ငါ့ကိုညှဉ်းဆဲသော သူတို့သည် မနိုင်ဘဲ ထိမိ၍ လဲကြ လိမ့်မည်။ အကြံမမြောက်သောကြောင့် အလွန်ရှက်ကြ လိမ့်မည်။ မပြေမပျောက်နိုင်သော ထာဝရရှက်ကြောက် ခြင်း ရှိကြလိမ့်မည်။ |
12. | ဖြောင့်မတ်သော သူတို့ကို စုံစမ်း၍၊ နှလုံး ကျောက်ကပ်သဘောကို သိမြင်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ရှေ့တော်၌ ဖွင့်ပြပါသည်ဖြစ်၍၊ သူတို့၌ အပြစ်ဒဏ် စီရင်တော်မူကြောင်းကို အကျွန်ုပ်မြင်ရပါလိမ့်မည်။ |
13. | ထာဝရဘုရားအား သီချင်းဆိုကြလော့။ ထာဝရ ဘုရားကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ မတရား သဖြင့် ပြုသော သူတို့လက်မှ၊ ဆင်းရဲသောသူကို ကယ်နှုတ်တော်မူသတည်း။ |
14. | ငါဘွားသော နေ့ရက်သည် အမင်္ဂလာရှိပါစေ သော။ ငါ့ကို ငါ့အမိဘွားသော နေ့ရက်သည် ကောင်းကြီး မင်္ဂလာကို မခံပါစေနှင့်။ |
15. | ငါ့အဘထံသို့သွား၍၊ ကိုယ်တော်သည် သား ယောက်ျားကို ရပါပြီဟု သိတင်းပြောလျက်၊ ငါ့အဘကို အလွန်ဝမ်းမြောက်စေသော သူသည် အမင်္ဂလာရှိပါ စေသော။ |
16. | ထာဝရဘုရားသည် နောင်တမရ၊ ဖျက်ဆီးတော် မူသော မြို့တို့ကဲ့သို့၊ ထိုသူသည်ဖြစ်ပါစေသော။ နံနက် အချိန်၌ ကြွေးကြော်သံကို၎င်း၊ မွန်းတည့်အချိန်၌ အော် ဟစ်သံကို၎င်း ကြားပါစေသော။ |
17. | အကြောင်းမူကား၊ သူသည် ငါ့ကိုဘွားစကပင် မသတ်ဘဲ၊ ငါ့အမိ၏ ဝမ်းသည်ငါ၏ သင်္ချိုင်းဖြစ်၍၊ ငါ့ကိုအစဉ် ကိုယ်ဝန်ဆောင်မည် အကြောင်းမပြုဘဲ နေပါ သည်တကား။ |
18. | ငါသည် ပူပန်ခြင်း၊ ဝမ်းနည်းခြင်းကို ခံရမည် အကြောင်းနှင့် ရှက်ကြောက်ခြင်းအားဖြင့် ကိုယ်အသက် ကို လွန်စေရမည်အကြောင်း၊ အဘယ်ကြောင့် ငါ့ကို ဘွားမြင်ရပါသနည်း။ |
← Jeremiah (20/52) → |