← Jeremiah (12/52) → |
1. | အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် တရားစကားကို ဆွေးနွှေးသောအခါ၊ ကိုယ်တော်သည် တရားတော်မူ၏။ သို့သော်လည်း၊ စစ်ကြောစီရင်တော်မူ ခြင်းအကြောင်းကို မေးလျှောက်ပါမည်။ မတရားသော သူတို့သည် အဘယ်ကြောင့် အကြံမြောက်ရကြပါ သနည်း။ အလွန်သစ္စာပျက်သော သူအပေါင်းတို့သည် အဘယ်ကြောင့် ချမ်းသာရကြပါသနည်း။ |
2. | ကိုယ်တော်သည် သူတို့ကို စိုက်တော်မူသဖြင့်၊ သူတို့သည် အမြစ်ကျ၍ ကြီးပွါးလျက် အသီးကို သီးကြ ပါ၏။ ကိုယ်တော်သည် သူတို့နှုတ်နှင့် နီး၍ နှလုံးနှင့် ဝေးတော်မူ၏။ |
3. | အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိမြင်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြောတော်မူပြီ။ သိုးတို့ကို ထုတ်သကဲ့သို့၊ ထိုမတရားသော သူတို့ကို အသေသတ်ခြင်းငှါ ဆွဲထုတ် တော်မူပါ။ သတ်ရသောနေ့အဘို့ ပြင်ဆင်တော်မူပါ။ |
4. | ပြည်သားများပြုသော ဒုစရိုက်အပြစ်ကြောင့်၊ ပြည်သည် အဘယ်မျှကာလပတ်လုံး မြည်တမ်းရပါအံ့ နည်း။ အရပ်ရပ်တို့၌ရှိသော မြက်ပင်သည် အဘယ်မျှ ကာလပတ်လုံး ညှိုးနွမ်းရပါအံ့နည်း။ ငါတို့ခံရသော အကျိုးအပြစ်ကို ဘုရားသခင်မသိမမြင်ဟု ပြည်သားများ ဆိုသောကြောင့်၊ သားများနှင့် ငှက်များတို့သည် ပျောက် ပျက်ကြပါပြီ။ |
5. | သင်သည် ခြေသည်တို့နှင့် ပြိုင်ပြေး၍ မောလျှင် မြင်းတို့နှင့် အဘယ်သို့ပြိုင်နိုင်မည်နည်း။ စိုးရိမ်ခြင်းမရှိ၊ ငြိမ်ဝပ်စွာ နေရသောပြည်၌ မောလျှင်၊ ယော်ဒန်မြစ်၏ ဂုဏ်အသရေထဲမှာ အဘယ်သို့ပြုလိမ့်မည်နည်း။ |
6. | သင်၏ညီအစ်ကို၊ အဘ၏ အိမ်သူအိမ်သားတို့ ပင် သင့်ကို သစ္စာဖျက်၍၊ သင့်နောက်သို့ အော်ဟစ်လျက် လိုက်ကြ၏။ သူတို့သည် ကောင်းသောစကားကို ပြော သော်လည်း မယုံနှင့်။ |
7. | ငါသည်ကိုယ်အိမ်ကိုစွန့်၍၊ ကိုယ်အမွေကို ပစ်ထားပြီ။ ငါအလွန်ချစ်သောအစ်မကို သူ၏ ရန်သူ လက်သို့အပ်နှံပြီ။ |
8. | ငါ့အမွေသည် တော၌ တွေ့သောခြင်္သေ့ကဲ့သို့ ငါ့အားဖြစ်၍၊ ငါ့ကို ဟောက်သောကြောင့် ငါမုန်းလေ၏။ |
9. | ငါ့အမွေသည် ဇဘောသားရဲကဲ့သို့ ငါ့အား ဖြစ်၏။ ပတ်လည်၌ရှိသော သားရဲတို့သည် တိုက်ကြ၏။ လာကြ။ တောသားရဲအပေါင်းတို့၊ စည်းဝေးကြ။ ကိုက်စား ခြင်းငှါ လာကြစေ။ |
10. | များစွာသော သိုးထိန်းတို့သည် ငါ့စပျစ်ဥယျာဉ် ကို ဖျက်ဆီးကြပြီ။ ငါရထိုက်သောအဘို့ကို ကျော်နင်း ကြပြီ။ ငါရထိုက်သောနှစ်သက်ရာအဘို့ကို လူဆိတ်ညံရာ တောဖြစ်စေကြပြီ။ |
11. | သုတ်သင်ပယ်ရှင်းသောကြောင့်၊ လူဆိတ်ညံ လျက်ရှိ၍၊ ငါ့အား ညဉ်းတွားလေ၏။ တပြည်လုံးပျက်စီး သော်လည်း၊ အဘယ်သူမျှပမာဏ မပြုတတ်။ |
12. | တော၌ မြင့်သော အရပ်အလုံးစုံတို့အပေါ်မှာ လုယက်သော သူတို့သည် တက်ကြပြီ။ အကယ်စင်စစ် ပြည်စွန်းတဘက်မှ တဘက်တိုင်အောင် ထာဝရဘုရား၏ ထားတော်သည် ဖျက်ဆီးသဖြင့်၊ အဘယ်သူမျှ ချမ်းသာ မရ။ |
13. | သူတို့သည် ဂျုံစပါးမျိုးစေ့ကို ကြဲ၍ ဆူးပင်ကိုသာ ရိတ်ရကြ၏။ ပင်ပန်းစွာ ကြိုးစားသော်လည်း ကျေးဇူး မရှိကြ။ ထာဝရဘုရား၏ အမျက်တော်အရှိန်ကြောင့်၊ မိမိတို့ ခံရသောအကျိုးကို ထောက်၍ ရှက်ကြလိမ့်မည်။ |
14. | ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါပေး သနား၍၊ ငါ၏လူ ဣသရေလအမျိုးပိုင်ထိုက်သော အမွေ ကို ထိခိုက်သော၊ ငါ၏အိမ်နီးချင်းဆိုးအပေါင်းတို့ကို၊ သူတို့ ပြည်ထဲက ငါနှုတ်မည်။ သူတို့အထဲကလည်း ယုဒအမျိုးကို ငါနှုတ်မည်။ |
15. | နှုတ်ပြီးမှတဖန် ငါသနား၍၊ အသီးအသီးတို့ကို မိမိတို့ပိုင်ထိုက်သော မြေ၊ မိမိတို့နေရင်းပြည်သို့ ငါပြန် ပို့မည်။ |
16. | ဗာလဘုရားကိုတိုင်တည်၍ ကျိန်ဆိုစေခြင်းငှါ၊ သူတို့သည် ငါ၏လူမျိုးကို သွန်သင်ဘူးသည်နည်းတူ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု၊ ငါ၏နာမကို တိုင်တည်၍ ကျိန်ဆိုခြင်းငှါ၊ ငါ့လူမျိုး၏ ဘာသာဓလေ့ကို ကြိုးစား၍ သင်လျှင်၊ ငါ၏လူမျိုးအထဲ၌ သူတို့ကို ငါတည် စေမည်။ |
17. | သို့မဟုတ်၊ နားမထောင်ဘဲနေလျှင်၊ နား မထောင်သော လူမျိုးကို ငါသည် ရှင်းရှင်းနှုတ်ပယ် ဖျက် ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
← Jeremiah (12/52) → |