Jeremiah (1/52) → |
1. | ယုဒရှင်ဘုရင် အာမုန်သားယောရှိမင်းနန်းစံ ဆယ်သုံးနှစ်တွင်၎င်း၊ ယုဒရှင်ဘုရင်ယောရှိသား ယောယ ကိမ်လက်ထက်၌၎င်း၊ |
2. | ယုဒရှင်ဘုရင်ယောရှိသား ဇေဒကိ မင်းနန်းစံ ဆယ်တနှစ်စေ့၍ ပဉ္စပလတွင်၊ ယေရုရှလင် မြို့သားတို့ကို သိမ်းသွားချုပ်ထားသည်တိုင်အောင်၊ |
3. | ထာဝရဘုရား၏ ဗျာဒိတ်တော်ကိုခံသော ဗင်္လာမိန်ပြည်၊ အာနသုတ်မြို့နေ ဟိလခိသားယဇ်ပုရောဟိတ် ယေရမိ စကားမှာ၊ |
4. | ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီ သို့ ရောက်၍ မိန့်တော်မူသည်ကား၊ |
5. | သင့်ကိုအမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီသင့်ကို ငါသိပြီ။ မဘွားမှီကပင် သင့်ကို ငါသန့်ရှင်းစေ၍၊ လူ အမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။ |
6. | ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ် သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏ဟု လျှောက်လျှင်၊ |
7. | ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည် သူငယ် ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်သူရှိရာသို့ သင်ကို ငါ စေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင် စကားကို ငါမှာထား၏။ ထိုစကားကို သင်ဆင့်ဆိုရမည်။ |
8. | သူတို့ကိုမကြောက်နှင့်။ သင့်ကို ကယ်နှုတ်ခြင်းငှါ သင်နှင့်အတူ ငါရှိသည်ဟု မိန့်တော်မူပြီးမှ၊ |
9. | လက်တော်ကိုဆန့်၍ ငါ့နှုတ်ကိုတို့တော်မူလျက်၊ သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ။ |
10. | ကြည့်ရှုလော့။ သင်သည်နှုတ်ပယ်ဖြိုချ ဖျက်ဆီး မှောက်လှဲရသောအခွင့်၊ တည်ဆောက်စိုက်ပျိုးရသော အခွင့်နှင့် သင့်ကို လူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများ အပေါ်မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ၏။ |
11. | တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ ယေရမိ၊ သင်သည်အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ်သည် ဗာတံတိုင်းကို မြင်ပါ၏ဟု လျှောက်သော်၊ |
12. | ထာဝရဘုရားက၊ သင်သည်မှန်ကန်စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့စကားကို ပြည့်စုံစေခြင်းငှါ၊ ငါစောင့် နေမည်ဟု မိန့်တော်မူ၏။ |
13. | တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်၍၊ သင်သည် အဘယ် အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ် သည် ဆူပွက်သော အိုးကင်းကို မြင်ပါ၏။ မြောက် ဘက်သို့မျက်နှာပြုလျက်ရှိပါ၏ဟု လျှောက်လျှင်၊ |
14. | ထာဝရဘုရားက၊ မြောက်မျက်နှာဘက်ကဘေးဥပဒ်သည်၊ ဤပြည်သားတို့အပေါ်သို့ ထွက်လာလိမ့်မည်။ |
15. | အကြောင်းမူကား၊ မြောက်တိုင်းနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို ငါခေါ်၍၊ သူတို့သည် လာပြီးလျှင်၊ ယေရုရှလင်မြို့တံခါးဝများတို့၌၎င်း၊ မြို့ရိုးပတ်ဝန်းကျင် အရပ်ရပ်တို့၌၎င်း၊ ယုဒမြို့ရွာအလုံးစုံတို့၌၎င်း မိမိတို့ ရာဇပလ္လင်များကို အသီးအသီး တည်ထားကြလိမ့်မည်။ |
16. | ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်သောအပြစ်၊ အခြားသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သော အပြစ်၊ မိမိတို့လက်ဖြင့် လုပ်သော အရာကို ကိုးကွယ် သောအပြစ်ရှိသမျှတို့ကြောင့်၊ သူတို့ကို ငါစစ်ကြော၍၊ အပြစ်နှင့်အလျောက် စီရင်မည်။ |
17. | သို့ဖြစ်၍ သင်သည် ခါးပန်းကို စည်း၍ထလော့။ ငါမှာထားသမျှကို သူတို့အား ဟောပြောလော့။ သူတို့ ရှေ့မှာ သင့်ကို ငါအရှက်မခွဲရမည်အကြောင်း သူတို့ကို မကြောက်နှင့်။ |
18. | ကြည့်ရှုလော့။ ယုဒရှင်ဘုရင်၊ မင်းသား၊ ယဇ် ပုရောဟိတ်၊ ပြည်သူပြည်သားတည်းဟူသော တနိုင်ငံလုံး တဘက်၌၊ ခိုင်ခံ့သော မြို့၊ သံတိုင်၊ ကြေးဝါထရံအရာ၌ သင့်ကို ယနေ့ ငါခန့်ထား၏။ |
19. | သူတို့ဥည် သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ သင့်ကို ကယ်နှုန်ခြင်းငှါ၊ သင်နှင့်အတူ ငါရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ |
Jeremiah (1/52) → |