← Isaiah (20/66) → |
1. | အာရှုရိရှင်ဘုရင်သာဂုန်စေလွှတ်သော ဗိုလ် မင်းတာတန်သည် အာဇုတ်မြို့သို့စစ်ချီ၍၊ ထိုမြို့ကို လုပ် ကြံသော နှစ်တွင် |
2. | ထာဝရဘုရားက၊ သင်သည်သွား၍ ခါးစည်း သော လျှော်တေအဝတ်နှင့် ခြေနင်းကိုချွတ်လော့ဟု၊ အာမုတ်သားဟေရှာယကို မိန့်တော်မူသည်အတိုင်း၊ သူ သည် ပြု၍ အဝတ်ကို မဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာ လျက်နေ၏။ |
3. | ထာဝရဘုရားကလည်း၊ ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည်၌ ပုပ္ပနိမိတ်၊ အံ့ဘွယ်သော အရာကိုပြခြင်းငှါ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့၊ |
4. | ထိုနည်းတူ၊အဲဂုတ္တုလူများကို အရှက်ခွဲခြင်း အလိုငှါ၊ အာရှုရိရှင်ဘုရင်သည် အဲဂုတ္တုလူနှင့် ကုရှ လူအကြီးအငယ်တို့အား အဝတ်နှင့် ခြေနင်းကို ချွတ်၍၊ တင်ပါးကိုမျှ မဖုံးစေဘဲ၊ ဘမ်းဆီးချုပ်ထား သိမ်းသွား လိမ့်မည်။ |
5. | အာဇုတ်မြို့သားတို့သည် ကြောက်ကြလိမ့်မည်။ သူတို့ ကိုးစားသော ကုရှပြည်ကို၎င်း၊ ဝါကြွားသော အဲဂုတ္တုပြည်ကို၎င်း ရှက်ကြလိမ့်မည်။ |
6. | ထိုကမ်းနားမှာ နေသောသူများကလည်း၊ ကြည့်ပါ၊ အာရှုရိရှင်ဘုရင်၏ လက်မှလွတ်ခြင်းငှါ ငါတို့ မြော်လင့်ရာအရာ၊ ပြေး၍ခိုလှုံရာအရာသည် ထိုသို့ဖြစ်ပါ သည်တကား။ ငါတို့သည် အဘယ်သို့ လွတ်နိုင်ပါမည် နည်းဟု ထိုအခါဆိုကြလိမ့်မည်။ |
← Isaiah (20/66) → |