← Isaiah (19/66) → |
1. | အဲဂုတ္တုပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သော မိုဃ်း တိမ်ကိုစီး၍ အဲဂုတ္တုပြည်သို့ ကြွတော်မူ၏။ ရှေ့တော်၌ အဲဂုတ္တုပြည်၏ ရုပ်တု ဆင်းတုတို့သည် လှုပ်ရှား၍၊ အဲဂုတ္တုပြည်၏ နှလုံးသည် သူ၏အထဲမှာ အရည် ကျိုလျက် ရှိလိမ့်မည်။ |
2. | အဲဂုတ္တုပြည်သားတို့သည် အချင်းချင်း တ ယောက်နှင့် တယောက် ရန်ပြုစေခြင်းငှါ ငါနှိုးဆော်သ ဖြင့်၊ သူတို့သည် ညီအစ်ကိုချင်း တယောက်နှင့် တ ယောက်၊ အိမ်နီးချင်း တယောက်နှင့်တယောက်၊တမြို့ နှင့် တမြို့၊ တနိုင်ငံနှင့် တနိုင်ငံ စစ်တိုက်ကြလိမ့်မည်။ |
3. | အဲဂုတ္တုပြည်၏ စိတ်သည် သူ၏အထဲမှာ ပျက် လိမ့်မည်။ သူ၏အကြံကိုလည်း ငါဖျက်မည်။ သူတို့သည် ရုပ်တုတို့၌၎င်း၊ ပြုစားသောသူတို့၌၎င်း၊ နတ်ဝင်နှင့် စုန်း တို့၌၎င်း ဆည်းကပ်ကြလိမ့်မည်။ |
4. | အဲဂုတ္တုပြည်သားတို့ကို ကြမ်းကြုတ်သော သခင်တို့ လက်သို့ ငါအပ်သဖြင့်၊ ပြင်းထန်သော ရှင်ဘု ရင်တပါးသည် အုပ်စိုးလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
5. | ထိုအခါပင် လယ်ရေပြတ် လိမ့်မည်။ မြစ်ရေ လည်းလျော့၍ ခန်းခြောက် လိမ့်မည်။ |
6. | ချောင်းရေများလည်း ပုပ်ကြလိမ့်မည်။ အဲဂုတ္တုမြစ်လက်ကြားတို့လည်း ရေပြတ်၍ ခန်းခြောက်သဖြင့်၊ ကျူပင်နှင့် ကိုင်းပင်တို့သည် ညှိုးနွမ်းကြလိမ့်မည်။ |
7. | မြစ်လက်ကြားနားနှင့် ချောင်းဝနားမှာ ပေါက် သော မြက်ပင်အစရှိသော၊ မြစ်နားမှာ စိုက်သမျှတို့သည် ညှိုးနွမ်းပျက်စီးပပျောက်ကြလိမ့်မည်။ |
8. | တံငါတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်၌ ငါးမျှားကို ချသမျှသောသူတို့သည် မြည်တမ်း၍ ရေပေါ် မှာ ပိုက်ကွန်ကို ဖြန့်တတ်သော သူတို့သည် စိတ်ပျက် ကြလိမ့်မည်။ |
9. | ပိုက်ဆန်လုပ်သောသူနှင့် ဈာမျိုးကို ရက်သော သူတို့သည်လည်း အကျိုးနည်းရှိကြလိမ့်မည်။ |
10. | အမှီတကဲတို့သည် ပျက်၍၊ အခစားသောသူအ ပေါင်းတို့သည် ညှိုးငယ်သောစိတ် ရှိကြလိမ့်မည်။ |
11. | အကယ်စင်စစ် ဇောနမင်းတို့သည် အရူးဖြစ် ကြ၏။ ဖာရောဘုရင်၏ တိုင်ပင်မှူးမတ်တို့သည် မိုက် သောအကြံကိုပေးကြ၏။ ကျွန်တော်သည် ပညာရှိအမျိုး၊ ရှေးဘုရင်တို့ အနွှယ်ဖြစ်ပါသည်ဟု ဖာရောဘုရင်အား အဘယ်ကြောင့် လျှောက်ကြသနည်း။ |
12. | သူတို့သည် အဘယ်မှာ ရှိကြသနည်း။ သင်၏ ပညာရှိတို့သည် အဘယ်မှာရှိကြသနည်း။ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည် တဘက် ၌ အဘယ်သို့ ကြံစည်တော်မူသည်ကို ယခုပြောကြပါစေ။ ဘော်ပြကြပါစေ။ |
13. | ဇောနမင်းတို့သည် အရူးဖြစ်ကြပြီ။ နောဗမင်း တို့သည် မှားယွင်းကြပြီ။ အဲဂုတ္တုပြည်၏ အမျိုးအနွယ် များကိုအုပ်သော အကြီးအကဲ တို့ကိုလည်း မှားယွင်းစေ ကြပြီ။ |
14. | ထာဝရဘုရားသည် အဲဂုတ္တုပြည်၏ အလယ်၌ ယစ်မူးသော သဘောကို ပြင်ဆင်တော်မူသဖြင့်၊ ယစ်မူး သောသူသည် မိမိအန်ဖတ်၌ လဲသကဲ့သို့၊ အဲဂုတ္တုပြည် သားတို့သည် ပြုလေသမျှတို့၌ မှားယွင်းကြပြီ။ |
15. | အဲဂုတ္တုပြည်၏ ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ၊ စွန်ပလွံလက်ဖြစ်စေ၊ ကိုင်းပင်ဖြစ်စေ၊ ပြီးစီးနိုင်သော အမှုအလျှင်းမရှိရ။ |
16. | ထိုကာလ၌ အဲဂုတ္တု လူတို့သည် မိန်းမကဲ့သို့ ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် သူတို့အ ပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့်၊ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။ |
17. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အဲဂုတ္တုပြည် တဘက်၌ ကြံစည် တော်မူသော အကြံအ စည်ကြောင့်၊ ယုဒပြည်သည်လည်း အဲဂုတ္တုပြည်၌ ကြောက်မက်ဘွယ်ဖြစ်လိမ့်မည်။ ယုဒပြည်ဟူ၍ ပြော ကာမျှ နှင့် လူတိုင်း ကြောက်ရွှံ့ကြလိမ့်မည်။ |
18. | ထိုကာလ၌ အဲဂုတ္တုပြည်တွင်၊ မြို့ငါးမြို့တို့သည် ခါနာန်ဘာသာစကားကို ပြော၍၊ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ သစ္စာတော်ကို ခံကြလိမ့်မည်။ ထိုမြို့တို့တွင်၊ တမြို့ကို သူရိယာမြို့ဟူ၍ ခေါ်ဝေါ်ကြ လိမ့်မည်။ |
19. | ထိုကာလ၌ အဲဂုတ္တုပြည် အလယ်တွင်၊ ထာဝရ ဘုရားကို ပူဇော်ရာယဇ်ပလ္လင် ရှိလိမ့်မည်။ ပြည်စွန်းနား တွင်လည်း ထာဝရဘုရားအဘို့ မှတ်တိုင်ရှိလိမ့်မည်။ |
20. | ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခ ဏာဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ သက်သေလည်းဖြစ်လိမ့်မည်။ အကြောင်းမူ ကား၊ သူတို့သည် ညှဉ်းဆဲခြင်းကို ခံရသောကြောင့်၊ ထာဝရဘုရားကို အော်ဟစ်ကြသည်ရှိသော်၊ ကယ်တင် သောအရှင်၊ အမှုစောင့်သခင်ကို သူတို့ရှိရာသို့ စေလွှတ် တော်မူ၍၊ ထိုသခင်သည် ကယ်တင်တော်မူ၏။ |
21. | အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြ သည်ဖြစ်၍ ထိုကာလ၌ အဲဂုတ္တုလူတို့သည် ထာဝရဘုရား ကို သိသောကြောင့်၊ ပူဇော်သက္ကာ အလှုဒါနကို ဆက်ကပ် ၍ ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရား ရှေ့တော်၌ သစ္စာ ဂတိထား၍၊ ထားသည့်အတိုင်း ပြုကြလိမ့်မည်။ |
22. | ထာဝရဘုရားသည်လည်း အဲဂုတ္တုပြည်ကို ဒဏ် ခတ်၍၊ ခတ်ပြီးသော ဒဏ်ရာကို ပျောက်စေတော်မူမည်။ သူတို့သည်လည်း၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြ သည့်ကာလ၊ သူတို့တောင်းပန်ခြင်းကို နားထောင်၍ ဒဏ်ရာကို ပျောက်စေတော်မူမည်။ |
23. | ထိုကာလ၌ အဲဂုတ္တုပြည်မှသည် အာရှုရိပြည် တိုင်အောင်၊ လမ်းတွင်လိမ့်မည်။ အာရှုရိလူသည် အဲဂုတ္တုပြည်သို့၎င်း၊ အဲဂုတ္တုလူသည်၊ အာရှုရိပြည်သို့၎င်း သွားလာ၍ အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတ ညွတ်တည်း ဝတ်ပြုကြလိမ့်မည်။ |
24. | ထိုကာလ၌ ဣသရေလအမျိုးသည် အဲဂုတ္တုအ မျိုးနှင့်၎င်း၊ အာရှုရိအမျိုးနှင့် ၎င်းပေါင်း၍၊ တတိယအ မျိုးတည်းဟူသော မြေကြီးအလယ်၌ မင်္ဂလာပြုသော အ မျိုးဖြစ်လိမ့်မည်။ |
25. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက လည်း၊ ငါ၏ လူအဲဂုတ္တုအမျိုး၊ ငါပြုပြင်သော အာရှုရိ အမျိုး၊ငါ၏ အမွေဥစ္စာဖြစ်သော ဣသရေလအ မျိုးသည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးပေး တော် မူလိမ့် မည်။ |
← Isaiah (19/66) → |