| ← Genesis (36/50) → |
| 1. | ဧဒုံအမည်ရှိသော ဧသော အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊ |
| 2. | ဧသောသည် ဟိတ္တိအမျိုးဇိဘောင်သား အာန၏ သမီး အဟောလိဗာမတယောက်၊ ခါနာန်အမျိုးသမီး နှစ်ယောက်နှင့်၎င်း၊ |
| 3. | ဣရှမေလသမီးတည်းဟူသော နဗာယုတ်နှမ ဗာရှမတ်တယောက်နှင့်၎င်း အိမ်ထောင်လေ၏။ |
| 4. | ဧသောမယား အာဒဘွားသော သားကား၊ ဧလိဖတ်၊ ဗာရှမတ် ဘွားသောသားရွေလတည်း။ |
| 5. | အဟောလိဗာမဘွားသော သားကား၊ယုရှ၊ ယာလံ၊ ကောရတည်း။ဤသူတို့ကား၊ ခါနာန်ပြည်၌ ဧသောမြင်သောသားတည်း။ |
| 6. | ဧသောသည် မယားသားသမီးနှင့်တကွ၊ အိမ်သူအိမ်သားအပေါင်းတို့ကို၎င်း၊ သိုးနွား စသည်တို့နှင့် တိရစ္ဆာန် ရှိသမျှတို့ကို၎င်း၊ ခါနာန်ပြည်၌ ရတတ်သော ဥစ္စာရှိသမျှတို့ကို၎င်း ယူ၍၊ ညီယာကုပ်ထံမှ ပြောင်းသွား လေ၏။ |
| 7. | အကြောင်းမူကား၊ ထိုသူနှစ်ပါးတို့သည် ဥစ္စာ များလွန်းသောကြောင့် တရပ်တည်းမနေနိုင်ကြ။ သူတို့ နေရာမြေသည်၊ သူတို့တိရစ္ဆာန်များကြောင့် မဆံ့နိုင်ရာ။ |
| 8. | သို့ဖြစ်၍ ဧဒုံအမည်ရှိသော ဧသောသည် စိရတောင်ပေါ်မှာ နေလေ၏။ |
| 9. | စိရတောင်ပေါ်မှာ ဧဒုံအမျိုးသားတို့၏ အဘ ဧသော၏ သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။ |
| 10. | ဧသော၏ သားတို့အမည်ကား၊ မယားအာဒ ဘွားသောသား ဧလိဖတ်၊ မယားဗာရှမတ် ဘွားသော သားရွေလတည်း။ |
| 11. | ဧလိဖတ် သားကား၊ တေမန်၊ ဩမရ၊ ဇေဖေါ၊ ဂါတံ၊ ကေနတ်တည်း။ |
| 12. | ဧသောသား ဧလိဖတ်၏မယားငယ်၊ တိမန ဘွားသောသားကား၊ အာမလက်တည်း။ ဤသူတို့သည် ဧသောမယား အာဒ၏အနွှယ်ဖြစ်သတည်း။ |
| 13. | ရွေလသားကား၊ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။ဤသူတို့သည် ဧသောမယား ဗာရှမတ်၏အနွှယ်ဖြစ် သတည်း။ |
| 14. | ဇိဘောင်သား အာန၏သမီး၊ ဧသောမယား အဟောလိဗာမ ဘွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။ |
| 15. | ဧသောသားတို့တွင် ဗိုလ်လုပ်သောသူဟူမူ ကား၊သားဦး ဧလိဖတ်၏သား ဗိုလ်တေမန်၊ ဗိုလ်ဩမရ၊ ဗိုလ်ဇေဖေါ၊ ဗိုလ်ကေနတ်၊ |
| 16. | ဗိုလ်ဂါတံ၊ ဗိုလ်အာမလက်တည်း။ ဤဗိုလ်တို့ သည် အာဒ၏အနွှယ်၊ ဧဒုံပြည်၌ ဧလိဖတ်ရသော သားဖြစ်သတည်း။ |
| 17. | ဧသောသား ရွေလ၏ သားကား၊ ဗိုလ်နာဟတ်၊ ဗိုလ်ဇေရ၊ ဗိုလ်ရှမ္မ၊ ဗိုလ်မိဇ္ဇတည်း။ ဤဗိုလ်တို့သည် ဧသောမယား ဗာရှမတ်၏အနွှယ်၊ ဧဒုံပြည်၌ ရွေလ ရသောသားဖြစ်သတည်း။ |
| 18. | ဧသောမယား အဟောလိဗာမ၏ သားကား၊ ဗိုလ်ယုရှ၊ ဗိုလ်ယာလံ၊ ဗိုလ်ကောရတည်း။ ဤဗိုလ်တို့သည် အာန၏သမီး၊ ဧသောမယား အဟောလိဗာမသား ဖြစ်သတည်း။ |
| 19. | ဧဒုံအမည်ရှိသော ဧသော၏ သားမြေးများ၊ သူတို့တွင် ဗိုလ်လုပ်သောသူများ၊ ဤသို့တည်း။ |
| 20. | ထိုပြည်၌နေသော ဟောရိအမျိုး၊ စိရ၏သား ကား၊ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ |
| 21. | ဒိရှုန်၊ ဧဇာ၊ ဒိရှန်တည်း။ ဤသူတို့သည် ဧဒုံပြည် ၌ဟောရိအမျိုး၊ စိရ၏သားတို့တွင် ဗိုလ်လုပ်သောသူ ဖြစ်သတည်း။ |
| 22. | လောတန်သားကား၊ ဟောရိနှင့် ဟေမံတည်း။ |
| 23. | ရှောဗလ သားကား၊ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖေါ၊ ဩနံတည်း။ |
| 24. | ဇိဘောင်သားကား၊ အာယနှင့်အာနတည်း။ ထိုအာနကား၊ အဘဇိဘောင်၏ မြည်းတို့ကို ထိန်းသော အခါ၊ တော၌နွေးသော စမ်းရေတွင်းတို့ကို တွေ့သော သူပေတည်း။ |
| 25. | အာနသားကား၊ ဒိရှုန်နှင့်သမီးအဟောလိဗာမ တည်း။ |
| 26. | ဒိရှုန်သားကား၊ ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန်တည်း။ |
| 27. | ဧဇာသားကား၊ ဗိလဟန်၊ ဇာဝန်၊ အာကန် တည်း။ |
| 28. | ဒိရှန် သားကား၊ ဥဇနှင့်အာရန်တည်း။ |
| 29. | ဟောရိ အမျိုးဗိုလ်များကား၊ ဗိုလ်လောတန်၊ ဗိုလ်ရှောဗလ၊ ဗိုလ်ဇိဘောင်၊ ဗိုလ်အာန၊ |
| 30. | ဗိုလ်ဒိရှုန်၊ ဗိုလ်ဧဇာ၊ ဗိုလ်ဒိရှန်တည်း။ ဤသူတို့ သည် စိရပြည်၌ ဗိုလ်လုပ်သော သူတို့တွင်၊ ဟောရိအမျိုး ဗိုလ်ဖြစ်သတည်း။ |
| 31. | ဣသရေလအမျိုး၌ အစိုးရသောမင်းကြီး မရှိမှီ၊ ဧဒုံပြည်၌ အစိုးရသော မင်းကြီးဟူမူကား၊ |
| 32. | ဗောရသား ဗေလာသည် ဧဒုံပြည်၌မင်းပြု၏။ မြို့တော်ကား၊ ဒိန္နာဗာမြို့တည်း။ |
| 33. | ဗေလာမင်းသေ၍ သူ၏အရာ၌ ဗောဇရအရပ် သား၊ ဇေရ၏သား ယောဗပ်သည် မင်းပြုလေ၏။ |
| 34. | ယောဗပ်မင်းသေ၍၊ သူ၏အရာ၌ တေမနိ အရပ်သား ဟုရှံသည် မင်းပြုလေ၏။ |
| 35. | ဟုရှံမင်းသေ၍၊ မောဘ လွင်ပြင်၌ မိဒျန်လူ တို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သား ဟာဒဒ်သည်၊ ဟုရှံ အရာ၌ မင်းပြုလေ၏။ မြို့တော်ကား၊ အာဝိတ်မြို့တည်း။ |
| 36. | ဟာဒဒ်မင်းသေ၍၊ သူ၏အရာ၌ မာသရက် အရပ်သား စာမလသည် မင်းပြုလေ၏။ |
| 37. | စာမလမင်းသေ၍၊ သူ၏အရာ၌ မြစ်နားမှာ နေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြု လေ၏။ |
| 38. | ရှောလမင်းသေ၍ သူ၏အရာ၌၊ အာခဗော် သား ဗာလဟာနန်သည် မင်းပြုလေ၏။ |
| 39. | အာခဗော်သား ဗာလဟာနန်မင်းသေ၍ သူ၏ အရာ၌ဟာဒါသည် မင်းပြုလေ၏။ မြို့တော်ကား၊ ပေါမြို့ တည်း။ မျောက်သားတော်ကား၊ မေဇဟပ်သမီး မာတရက်၏သမီး မဟေတဗေလတည်း။ |
| 40. | ဧသောမှ ဆင်းသက်၍ မိမိအမျိုးအနွယ်၊ နေရာအရပ်၊ခံရသော ဘွဲ့နာမအလိုက်၊ ဗိုလ်လုပ်သောသူ ဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ်ယေသက်၊ |
| 41. | ဗိုလ်အဟောလိဗာမ၊ ဗိုလ်ဧလာ၊ ဗိုလ်ပိနုန်၊ |
| 42. | ဗိုလ်ကေနတ်၊ ဗိုလ်တေမန်၊ ဗိုလ်မိဗဇာ၊ |
| 43. | ဗိုလ်မာဂဒျေလ၊ ဗိုလ်ဣရံတည်း။ ဤသူတို့သည် မိမိနေရာအရပ်၊ မိမိပိုင်သော ပြည်၌၊ ဧဒုံဗိုလ်များ ဖြစ်သတည်း။ ဧသောသည် ဧဒုံအမျိုးသားတို့၏ အဘ ဖြစ်သတည်း။ |
| ← Genesis (36/50) → |