← Genesis (11/50) → |
1. | မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း။ စကားတမျိုးတည်းရှိကြသည်ဖြစ်၍၊ |
2. | အရှေ့မျက်နှာမှ ခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ် ကိုတွေ့၍ နေရာချကြ၏။ |
3. | သူတို့ကလည်း လာကြ။ အုတ်လုပ်၍ ခိုင်မာစွာ ဖုတ်ကြကုန်အံ့ဟု၊ တယောက်ကို တယောက် ပြောကြ၏။ ထိုသို့ ကျောက်အရာ၌ အုတ်ကို၎င်း၊ သရွတ်အရာ၌ ရေညှိတမျိုးကို၎င်း ရပြီးလျှင်၊ |
4. | လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍၊ မြို့ကို၎င်း၊ မိုဃ်းကောင်းကင်သို့မှီရသော ရဲတိုက်ကို၎င်း တည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှါ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။ |
5. | ထိုသို့ လူသားတို့တည်လုပ်သော မြို့နှင့် ရဲတိုက်ကို ကြည့်ရှုခြင်းငှါ၊ ထာဝရဘုရားသည် ဆင်းသက်တော် မူ၏။ |
6. | ထာဝရဘုရားက ကြည့်ရှုလော့။ လူတမျိုးတည်း၊ စကားတမျိုးတည်း ရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။ |
7. | လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်း နားမလည်စေခြင်းငှါ၊ သူတို့စကားကို ရှုပ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ |
8. | ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ပဲ နေကြ၏။ |
9. | သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုပ်ထွေး၍၊ သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ် ကွဲပြားစေတော်မူသောကြောင့် ထိုမြို့သည် ဗာဗုလုံမြို့ဟူ၍ တွင်သတည်း။ |
10. | ရှေမ၏ သားစဉ်မြေးဆက်ဟူမူကား၊ ရှေမသည် အသက်တရာရှိ၍၊ ရေလွှမ်းမိုးသောနောက်နှစ်နှစ်ကြာ သော်၊ သားအာဖာဇဒ်ကို မြင်လေ၏။ |
11. | အာဖာဇဒ်ဘွားမြင်သောနောက်၊ ရှေမသည် အနှစ်ငါးရာအသက်ရှင်၍ သားသမီးများကို မြင်လေ၏။ |
12. | အာဖာဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်၊ သားရှာလကို မြင်လေ၏။ |
13. | ရှာလဘွားမြင်သောနောက်၊ အာဖာဇဒ်သည် အနှစ်လေးရာသုံး နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ |
14. | ရှာလသည် အသက်သုံးဆယ်ရှိသော်၊ သားဟေဗာကို မြင်လေ၏။ |
15. | ဟေဗာဘွားမြင်သောနောက်၊ ရှာလသည် အနှစ်လေးရာသုံးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ |
16. | ဟေဗာသည် အသက်သုံးဆယ့်လေးနှစ်ရှိသော်၊ သားဖာလက်ကို မြင်လေ၏။ |
17. | ဖာလက်ဘွားမြင်သောနောက်၊ ဟေဗာသည် အနှစ်လေးရာသုံးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ |
18. | ဖာလက်သည် အသက်သုံးဆယ်ရှိသော်၊ သားရာဂေါကို မြင်လေ၏။ |
19. | ရာဂေါဘွားမြင်သောနောက်၊ ဖာလက်သည် အနှစ်နှစ်ရာကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို ဘွားမြင်လေ၏။ |
20. | ရာဂေါသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ သားစေရောက်ကို မြင်လေ၏။ |
21. | စေရောက်ဘွားမြင်သောနောက်၊ ရာဂေါသည် အနှစ်နှစ်ရာခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ |
22. | စေရောက်သည်အသက်သုံးဆယ်ရှိသော်၊ သားနာကိုခေါ်ကို မြင်လေ၏။ |
23. | နာခေါ်ဘွားမြင်သောနောက်၊ စေရောက်သည် အနှစ်နှစ်ရာ အသက်ရှင်၍ သားသမီးများကို မြင်လေ၏။ |
24. | နာခေါ်သည် အသက်နှစ်ဆယ်ကိုးနှစ်ရှိသော်၊ သားတေရကို မြင်လေ၏။ |
25. | တေရဘွားမြင်သောနောက်၊ နာခေါ်သည် အနှစ်တရာတဆယ်ကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ |
26. | တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။ |
27. | တေရ၏ သားစဉ်မြေးဆက်ဟူမူကား၊ တေရသည် အာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။ |
28. | ခါရန်သည်လည်း လောတကိုမြင်လေ၏။ ခါရန်သည်၊ အဘတေရမသေမှီ၊ မိမိဘွားရာအရပ်၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့၌ သေလေ၏။ |
29. | အာဗြံနှင့် နာခေါ်သည် မယားကို ယူ၍၊ အာဗြံ၏ မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏ မယားကား၊ ခါရန်၏သမီးမိလခါ အမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏အဘဖြစ်သတည်း။ |
30. | စာရဲမူကား မြုံသော မိန်းမဖြစ်၍ သားသမီးမရှိ။ |
31. | တေရသည် သားအာဗြံကို၎င်း၊ ခါရန်၏သား ဖြစ်သောမြေး လောတကို၎င်း၊ သားအာဗြံ၏မယားဖြစ် သော မိမိ ချွေးမစာရဲကို၎င်းခေါ်၍၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ ထွက်သဖြင့်၊ ခါရန်မြို့သို့ ရောက်၍နေကြ၏။ |
32. | တေရသည် အသက်နှစ်ပေါင်းနှစ်ရာငါးနှစ်ရှိသော်၊ ခါရန်မြို့၌ သေလေ၏။ |
← Genesis (11/50) → |